၁၅၀၀ ကျပ်အထက်ဈေးရနေပေမယ့် စိုက်ပျိုးစရိတ်မြင့်တက်မှုကြောင့် တွက်ခြေမကိုက်တဲ့ ငရုတ်သီး
ငရုတ်သီးဈေးနှုန်းများ မြင့်တက်နေသော်လည်း စိုက်ပျိုးစရိတ်မြင့်တက်မှုကြောင့် တွက်ခြေမကိုက်ကြောင်း ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်နေသူများက ပြောသည်။
ငရုတ်သီးအစိမ်းဈေး တစ်ပိဿာ ၁၅၀၀ ကျပ်အထက် ရနေတယ်ဆိုတာ ဈေးတက်နေတဲ့သဘောပေါ့။ ဒါပေမယ့်လည်း ဒီနှစ်ရဲ့ သွင်းအားစုစရိတ်နဲ့က မကိုက်ပါဘူး။ အရင်းတင် တစ်ပိဿာကို ၁၂၀၀ လောက် ကုန်ကျလို့ပါ။ ဒါ့ကြောင့် ငရုတ်သီးအမှည့်အစိုတစ်ပိဿာကို ၁၅၀၀/၁၈၀၀ ကျပ်လောက်ရမှသာ ကိုက်မှာပါ။ မြေဩဇာဈေးက နှစ်ဆလောက်တက်ခဲ့တာကိုး။
ဟု မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ရွာခိုင်ကြီးကျေးရွာမှ ငရုတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချနေသူ ကိုမြင့်ထွန်းဦးက ပြောသည်။
ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိသည့် ငရုတ်သီးအမှည့်အစိုများကို ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ တင်ပို့ရောင်းချခဲ့ရာ ယခုနှစ်တွင် အရည်အသွေးမပြည့်မီခြင်း၊ အထွက်နှုန်းကျဆင်းခြင်းတို့ကြောင့် တင်ပို့မှုအားနည်းနေကြောင်း သိရသည်။
မကွေးတိုင်းအနီးတစ်ဝိုက် ဒေသတွေရယ်၊ ပုပ္ပါးနဲ့ ကျောက်ပန်းတောင်း စတဲ့ဒေသတွေရယ်၊ ဧရာဝတီတိုင်းက တစ်ချို့ဒေသတွေရယ်မှာ စိုက်ပျိုးထားတဲ့ ငရုတ်ခင်းတွေ မိုးရေချိန်များတာကြောင့် အရည်အသွေးကျဆင်းမှုရှိတယ်။ အဲ့ဒါကြောင့်လည်း ငရုတ်သီးအစိမ်းဈေးတက်တာပေါ့။ ငရုတ်သီးအမှည့်အစိုဈေးကွက်ကတော့ ပြည်ပတင်ပို့မှု ရပ်ထားသလောက်ကိုဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာ ဒီနှစ် မိုးများခဲ့တဲ့အတွက်ကြောင့်မို့ ငရုတ်ခင်းတွေ အပျက်အစီးများပြီး အရည်အသွေး မထိန်းနိုင်ခဲ့တာကြောင့်ပါ။
ဟု ကိုမြင့်ထွန်းဦးက ဆက်လက်ပြောသည်။
လက်ရှိတွင် ငရုတ်သီးအစိမ်းလက်ကားဈေး တစ်ပိဿာလျှင် ၁၈၀၀ ကျပ်၊ ငရုတ်သီးအမှည့်အစို လက်ကားဈေး တစ်ပိဿာလျှင် ၁၂၀၀/၁၃၀၀ ကျပ် ဝန်းကျင်ဈေးနှုန်းဖြင့် ရောင်းဝယ်ဖောက်ကားနေကြသည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022