အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပဲဈေးနှုန်းအနည်းငယ်ကျဆင်း

ပဲဈေးနှုန်းအနည်းငယ်ကျဆင်း

Green Way
Green Way • Greenovator • 25/07/2019

ယခုတစ်ပတ်အတွင်း ပဲဈေးနှုန်းများ အနည်းငယ်ကျဆင်းလာကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရပါတယ်။

အခုတစ်ပတ်အတွင်း ဝယ်လိုအားတည်ငြိမ်နေတဲ့အတွက် ဈေးနှုန်းအနည်းငယ်ကျဆင်းလာတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှ သိရပါတယ်။ 

“ ပဲဈေးတွေက အရင်တစ်ပတ်က ဝယ်လိုအားတက်လာတော့ ဈေးရတယ်။ အခုလက်ရှိကတော့ ဈေးနှုန်းအနည်းငယ်ကျဆင်းလာတယ်။ တစ်တန်ကို ကျပ်၂၀၀၀၀ ဝန်းကျင်လောက်ကျဆင်းလာပါတယ်”

မြန်မာ့ပဲများကို အိန္ဒိယနိုင်ငံကို အဓိကထားတင်ပို့နေတာဖြစ်ပြီး ပုံမှန်ဝယ်ယူမှုများရှိနေကြောင်း လည်း အဆိုပါအသင်းမှ သိရပါတယ်။

ယခင်တစ်ပတ်က မတ်ပဲတစ်တန်ကို ၈၀၅၀၀၀ ကျပ်ရှိရာမှ ၈၀၃၀၀၀ ကျပ် ကျဆင်းလာကြောင်း ပဲစဉ်းငုံတစ်တန်ကို ယခင်တစ်ပတ်က ၉၆၀၀၀၀ ကျပ်ရှိရာမှ အခုတစ်ပတ်အတွင်း ၉၄၀၀၀၀ ကျပ် ကျဆင်းလာကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 

You

ဆက်စပ်မေးခွန်းများ

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 0 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း

နံပတ်2 • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။