ငရုတ်သီးအစိမ်း တစ်ပိဿာဈေးနှုန်း ထက်ဝက်ခန့်ကျဆင်း
ငရုတ်သီးအစိမ်းကို ပြည်တွင်းရောင်းဝယ်မှုသာ ပြုလုပ်နိုင်၍ တစ်ပိဿာလျှင် ဈေးနှုန်းထက်ဝက်ခန့် ကျဆင်းသွားကြောင်း ငရုတ်စိုက်တောင်သူများထံမှ သိရသည်။
ထို့ကြောင့် ငရုတ်အစိုစိုက်တောင်သူများက အစိုခူးဆွတ်မရောင်းချတော့ပဲ ငရုတ်ခြောက် အဖြစ်သာ ထားရှိတော့မည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း လမ်းပန်းဆက်သွယ်မှုကဏ္ဍမှာ နှောင့်နှေးကြန့်ကြာမှုများ ရှိနေခြင်း၊ ငရုတ်သီးအစိမ်း အဓိကဝယ်လက်ဖြစ်သည့် ထိုင်းနှင့် တရုတ်နိုင်ငံတို့က လျော့နည်းစွာဝယ်ယူလာခြင်းတို့ကြောင့် ပြည်တွင်းဈေးကွက်၌သာ အရောင်းအဝယ် ရှိလာနေ၍ ဈေးနှုန်းကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။
ငရုတ်သီးအစိမ်းဈေးက အရင်လက တစ်ပိဿာကို ကျပ် ၁၂၀၀ ရတယ်။ အခု တစ်ပိဿာကို ကျပ် ၆၀၀ ကနေ ၆၅၀ ကြားပဲရတယ်။ ဈေးကျဆင်းလာသလို အရင်လို အဝယ်မလိုက်ဘူး။ တောင်သူတွေကိုယ်တိုင် ချိတ်ဆက်ကြတဲ့ ပွဲစား၊ ကုန်သည်ကလည်း လာမဝယ်နိုင်ကြဘူး။ ပြည်တွင်း လည်ပတ်သုံးစွဲမှုကိုပဲ အားထားနေရတော့ ဈေးကွက်မကောင်းဘူး။ ဒါကြောင့် အစိုခူးရောင်းတာထက်စာရင် အပင်မှာပဲ အခြောက်ထားပြီး ရောင်းမယ်ဆိုရင် တွက်ချက်ကိုက်နိုင်တာမို့ပါ
ဟု နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ ငရုတ်စိုက်တောင်သူ ဦးကြီးမြင့်က ပြောသည်။
လက်ရှိတွင် ပြည်တွင်း၊ ပြည်ပ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှာလည်း ပြန်လည်မြင့်တက်လာခြင်းကြောင့် ကုန်သွယ်ရေးအပိုင်းတွင် နှောင့်နှေးကြန့်ကြားခြင်း၊ ပြည်တွင်း၌ ညမထွက်ရအမိန့်များကြောင့် ညဘက် ကုန်တင်ဝန်ဆောင်မှုများ ပြုလုပ်ရန်ခက်ခဲ၍ ငရုတ်အစို ဝယ်ယူမှုကို ယာယီရပ်နားထားကြကြောင်း မန္တလေး- မြဝတီ ကုန်စိမ်းကုန်သည် ကိုနေလင်းစိုးက ပြောသည်။
ငရုတ်အစိုကို ပြည်ပကို နည်းနည်းတော့သွားပါတယ်။ အရင်လကလိုတော့ မဟုတ်ဘူးပေါ့။ အခုက ကုန်တင်ယာဉ်မောင်းတွေကလည်း ကုန်သယ်ယူပို့ဆောင်ဖို့ ငြင်းလာကြတယ်။ ကိုဗစ်က ပြန်လည်မြင့်တက်လာတော့ သက်ဆိုင်ရာမြို့နယ်အလိုက် ချမှတ်ထားတဲ့ စည်းကမ်းတွေအရနဲ့ ကူးစက်မှာ ကြောက်လာကြတာပေါ့။ ပြည်ပကလည်း အဝယ်နည်းတဲ့အခါ ပြည်တွင်းလည်ပတ်ရောင်းချကြတော့ ဈေးတွေပြုတ်ကျလာတာပါ။ ငရုတ်ခြောက် အဖြစ်ပဲထားမယ်ဆိုရင်တော့ တစ်ပိဿာကို အနည်းဆုံး ကျပ် ၂၅၀၀ နဲ့အထက် ရနိုင်ပါတယ်
ဟု ပြောသည်။
လက်ရှိတွင် ငရုတ်အစိုကို တရုတ်၊ ထိုင်းနိုင်ငံများသို့ တင်ပို့ကြပြီး၊ တရုတ်ဝယ်လက်များက ငရုတ်သီးအစိမ်းကို အတောင့်လိုက် ဝယ်ယူလိုခြင်းဖြစ်ပြီး၊ မှိုကင်းစင်ကြောင်းနှင့် ဓာတ်ကြွင်းပမာဏတို့ကို ဓာတ်ခွဲစမ်းသပ်ကာ စမ်းသပ်စစ်ဆေးကြကြောင်း ကုန်သည်များထံမှ သိရသည်။
ယခင်လက ထိုင်းနိုင်ငံသို့ ငရုတ်အစိုတင်ပို့ရန် ယာယီရပ်နားခဲ့၍ ငရုတ်သီးဈေးကျဆင်းခဲ့သလို ပြည်တွင်း၌ စုပြုံမှုဖြစ်ပွားခဲ့ရကြောင်း သိရသည်။
လက်ရှိ ပြည်တွင်းဈေးကွက်၌ ငရုတ်အမျိုးအစားအလိုက် ကျောက်စိမ်းဘုတို၊ အရှည်၊ မိုးထောင်ငရုတ် အတို၊ အရှည် အခြောက် တစ်ပိဿာလျှင် ကျပ် ၃၀၀၀ မှ ၄၅၀၀ ကြား ပေါက်ဈေးရှိနေကြောင်း သိရသည်။
သုသု(AMIA)
ဆက်စပ်မေးခွန်းများ
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 0 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026