တရုတ်နိုင်ငံကို တင်ပို့နေသည့် မြန်မာ့ဖရဲကုန်တင်ကားစီးရေဝင်ရောက်မှု ထက်ဝက်ကျော်ကျဆင်း
တရုတ်နိုင်ငံကို တင်ပို့နေတဲ့ မြန်မာ့ဖရဲကုန်တင်ကားစီးရေမှာ ထက်ဝက်ကျော်ကျဆင်းလာကြောင်း မြန်မာနိုင်ငံဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှာဖြစ်ပေါ်နေတဲ့ အရေးပေါ်ရောဂါအခြေအနေကြောင့် မြန်မာနိုင်ငံမှ တင်ပို့နေတဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ကန့်သတ်ထားမှုများကြောင့် တရုတ်နိုင်ငံ ကိုတင်ပို့နေတဲ့ ဖရဲကုန်တင်ကားအစီးရေဝင်ရောက်မှုမှာ ထက်ဝက်ကျော်ကျဆင်းနေတာဖြစ်တယ်လို့ မြန်မာနိုင်ငံဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးနိုင်ဝင်းကပြောပါတယ်။
အခုလိုမျိုး အစီးရေဝင်ရောက်မှု ထက်ဝက်ကျော်ကျသွားတာ တရုတ်နိုင်ငံဝူဟန်မြို့မှာ ဖြစ်နေတဲ့ အရေးပေါ်ရောဂါအခြေအနေကြောင့် ဆက်သွယ်ရေးလမ်းကြောင်းတွေကို ကန့်သတ်ထားတာတွေရှိနေတော့ အရင်ကပုံမှန်သွားနေတာထက် ထက်ဝက်ကျော်လောက်ကျဆင်းသွားတာပါ။ တင်ပို့နေတဲ့ဂိတ်တွေအားလုံး ဖွင့်နေပါသေးတယ်။ တင်ပို့မှုကျဆင်းသွားတာ
တရုတ်နိုင်ငံကို ဖရဲကုန်တင်ကားစီးရေမှာ ပုံမှန်အစီးရေ (၆၀၀) ကျော်ဝင်ရောက်နေခဲ့ရာမှ အခုလက်ရှိအခြေအေနများကြောင့် တင်ပို့မှုမှာ အစီးရေ (၃၀၀) ဝန်းကျင်သာ ဝင်ရောက်နေတာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။
မြန်မာ့ဖရဲကို တရုတ်နိုင်ငံကို အဓိကထားတင်ပို့နေပြီး အခြားပြည်ပစျေးကွက်နိုင်ငံများကိုလည်း တင်ပို့နေတာဖြစ်ကြောင်း မြန်မာနိုင်ငံဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 0 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026