ပွဲရုံတင်ပို့သည့်စရိတ်နှင့် ပွဲစားခများတွက်ချက်ပါက ကြက်သွန်တစ်ပိဿာလျှင် ၅၀ ကျပ်နှုန်း တောင်သူများကုန်ကျနေ
ပွဲရုံသို့ တင်ပို့ရသည့် စရိတ်စကများနှင့် ပွဲစားခများကို တွက်ချက်ပါက ကြက်သွန်တစ်ပိဿာလျှင် ၅၀ ကျပ်နှုန်း ကုန်ကျနေရကြောင်း သိရသည်။
ကြက်သွန်က အရင်းအနှီးများသလို ဈေးကွက်ကောင်းတဲ့ ကာလမှာဆိုလည်း ငွေများများရနိုင်တော့ ဒီဒေသမှာဆို ကြက်သွန်စိုက်တာများတယ်လေ။ ဈေးကွက်အခက်အခဲကတော့ ဈေးကျနေချိန်ဆို တောင်သူတွေက ပွဲရုံကိုသွားပို့ပေးရတယ်။ ဈေးကောင်းနေတဲ့ အချိန်၊ Export ရှိတဲ့အချိန်တွေဆိုရင်တော့ ပွဲစားတွေက ခြံအရောက်လာဝယ်တယ်။ ဈေးကွက်လိုလားလို့ ခြံအရောက်လာဝယ်တဲ့အခါတော့ အခွံပါမကျန် လှောင်ထားသမျှ အကုန်သယ်သွားကြပေမယ့် ဈေးကျနေတဲ့အချိန်ဆိုရင်တော့ ပွဲရုံရှိရာကို သွားပို့ပေးရတယ်။ ကြက်သွန်စိုက်စရိတ်အပြင် သယ်ယူစရိတ်၊ ပွဲရုံအရောက်လမ်းခရီးစရိတ်၊ ပွဲစားခတွေကချည်း တစ်ပိဿာမှာ (၅၀) ကျပ်လောက် ကုန်ကျပါတယ်။
ဟု မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ထနောင်းတိုင်ရွာမှ ကြက်သွန်စီးပွားဖြစ် စိုက်ပျိုးသူ ဦးဝင်းမြင့်ဌေးက ပြောသည်။
ကြက်သွန်နီစိုက်ပျိုးပါက လုပ်သားစရိတ်၊ သွင်းအားစုစရိတ်များအပါ တစ်ဧကစိုက်ပျိုးစရိတ် ပျမ်းမျှ ကျပ် (၇၀၀,၀၀၀) နှင့် (၈၀၀,၀၀၀) ကြား ကုန်ကျကြောင်း သိရသည်။
မနှစ်ကလို တစ်ပိဿာ ၂,၀၀၀ - ၃,၀၀၀ ကျပ် ရတုန်းကတော့ တွက်ခြေကိုက်တာပေါ့။ အခုလို အရှုံးပေါ်တဲ့နှစ်ကျတော့လည်း ရှုံးတယ်။ တစ်ခါတလေလည်း အရင်းပဲရတယ်။ တစ်ခါတလေလည်း အရင်းပြန်မရဘူး။ အခုလို ကိုဗစ်ကာလမှာ တစ်ပိဿာ (၃၅၀) ကျပ်အထိကျသွားတော့ အရင်းကချည်း (၄၅၀) (၅၀၀)လောက် ကုန်ထားတာဆိုတော့ ရှုံးပါတယ်။ တောင်သူတွေကတော့ ဘေးဝင်ငွေမရှိဘူးလေ။ အရှုံးကိုခံသာအောင် စပါး၊ ကြက်သွန်၊ ငရုတ်၊ ပဲ၊ ဆေးရွက်ကြီး စတာတွေကို လှည့်စိုက်ကြရပါတယ်။ လှည့်စိုက်တဲ့အခါကျတော့ စပါးဆို ဝမ်းစာအတွက်ရတာပေါ့။ ကျန်တဲ့ ပိုလျှံတာလေးတွေကိုတော့ လိုတဲ့အပင်တွေထဲ လိုသလိုဖြည့်ရတာပေါ့။
ဟု ဦးဝင်းမြင့်ဌေးက ဆက်လက်ပြောသည်။
ကြက်သွန်နီဈေးအတက်အကျ စောင့်ဆိုင်းနေချိန်တွင် သိုလှောင်ထားသူများအနေဖြင့် ပျက်စီးဆုံးရှုံးမှု နည်းပါးစေရန်အတွက် ကြက်သွန်နီသိုလှောင်သည့် စနစ်များကို သိရှိကျွမ်းကျင်ထားရန် အထူးလိုအပ်ကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Ko Shwe
လွန်ခဲ့သော ၆ နှစ် ကစရိတ်ကြီးတာတော့ အမှန်ပါပဲ
ဆက်စပ်မေးခွန်းများ
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 0 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022