ခွင့်ပြုချက်မဲ့ ရောင်းချနေသည့် စိုက်ပျိုးရေးဆေးဆိုင်များကို ထိရောက်စွာ အရေးယူမည် (DVB ဝက်ဆိုဒ်မှ)
စိုက်ပျိုးရေးဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ ရောင်းချနေတဲ့ စိုက်ပျိုးရေးဆေးဆိုင်တွေကို ပိုးသတ်ဆေးဥပဒေအရ ထိရောက်စွာ အရေးယူမယ်လို့ စိုက်ပျိုးရေးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။
ရောင်းချခွင့်လိုင်စင်မရှိဘဲ စိုက်ပျိုးရေးဆေးပစ္စည်း ရောင်းချနေတဲ့ ဆိုင်တွေကို စိုက်ပျိုးရေးဦးစီးဌာနက လိုက်လံစစ်ဆေးပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလက ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ ပိုးသတ်ဆေးဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ စစ်ကိုင်းတိုင်း၊ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေး တာဝန်ခံ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။
“ပိုးသတ်ဆေး အရောင်းဆိုင်တွေကို တရားဝင်မှတ်ပုံတင်ထားတဲ့ ဆေးကို ရောင်းချဖို့ ပညာပေးနေပါတယ်။ တောင်သူတွေကိုလည်း တရားဝင်ဆေးတွေ ဝယ်သုံးဖို့ ပညာပေးတဲ့ လုပ်ငန်းတွေကို စဉ်ဆက်မပြတ်ပေါ့နော်။ အန်တီတို့ တိုင်းတာဝန်ခံတွေရော၊ ခရိုင်တာဝန်ခံတွေရော မြို့နယ်က စိုက်ပျိုးရေးဝန်ထမ်းတွေရော ပူးပေါင်းပြီးတော့ တောင်သူတွေကိုလည်း စဉ်ဆက်မပြတ် ပညာပေးနေပါတယ်။ ဒီ ၂၀၁၆-၂၀၁၇ မှာတော့ သုံးဆိုင်လောက် တရားမဝင်တဲ့ဆေး တရုတ်ဆေး၊ ထိုင်းဆေးပေါ့နော်။ သုံးဆိုင်လောက်တော့ တွေ့ပါတယ်။ လောလောဆယ်အခြေအနေအထိကတော့ အရေးယူတာ မဟုတ်သေးဘဲနဲ့ သူတို့ကို ခံဝန်ကတိထိုးပြီးတော့ ပစ္စည်းကို နမူနာယူပြီး သိမ်းထားတာ ရှိပါတယ်။ ဒါပေမယ့် ကျမတို့ ပိုးသတ်ဆေးဥပဒေကလေ ၂၀၁၆၊ ဇန်နဝါရီ ၂၀ ကတည်းက အသစ်ထုတ်ခဲ့တာ ဖြစ်တဲ့အတွက် အခုချိန်ကနေစပြီး နောင်ဆိုရင်တော့ တပုလင်းတွေ့တွေ့၊ တထုပ်တွေ့တွေ့ အရေးယူဆောင်ရွက်သွားဖို့ ရှိပါတယ်။”
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၃၃ မြို့နယ်မှာ စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင် ၄၂၅ ဆိုင်ရှိပြီး မုံရွာမြို့မှာတင် ဆိုင်ပေါင်း ၃၀ ကျော် ရှိပါတယ်။
ပိုးသတ်ဆေး အရောင်းဆိုင်တွေအနေနဲ့ ရောင်းချခွင့်လိုင်စင်၊ ပိုးသတ်ဆေး ကိုင်တွယ်ခွင့်လိုင်စင်ရှိမှ ပိုးသတ်ဆေး ရောင်းလို့ရမှာပါ။
တောင်သူတွေရဲ့ သုံးစွဲမှုက ပိုများလာတဲ့အတွက် ပိုးသတ်ဆေး အရောင်းဆိုင်တွေကလည်း တနှစ်ထက်တနှစ် ပိုများလာပါတယ်။
မုံရွာမြို့၊ ဇာနည်ဟိန်း စိုက်ပျိုးရေးသုံးဆေးပစ္စည်း အရောင်းဆိုင်ပိုင်ရှင် ဦးဝင်းသိန်းက “အရောင်းကတော့ ၉ လပိုင်းနောက်ပိုင်းကနေပြီးတော့ ဖေဖော်ဝါရီလကုန်လောက်ထိ အများဆုံး ရောင်းရတာပေါ့နော်။ မိုးရာသီမှာတော့ ၄ လပိုင်းလောက်ကနေစပြီးတော့ စရောင်းရတယ်။ ၈ လပိုင်းကုန်လောက်ထိပေါ့။ အဲဒါ မိုးအရောင်း ခေါ်တာပေါ့နော်။ ၉ လပိုင်း နောက်ပိုင်းကိုတော့ ဆောင်းအရောင်း ခေါ်တာပေါ့။ မိုးအရောင်းထက်စာရင်တော့ ဆောင်းအရောင်းက နှစ်ဆလောက်ပိုတယ်။ အမှန်က တောင်သူက ဆေးသုံးတတ်လာတာလည်း ပါတယ်ပေါ့နော်။ ကုမ္ပဏီတွေကလည်း ဟောပြောပွဲတွေဆင်းပြီး ရွာတွေမှာ လုပ်တာကိုး။ လုပ်တော့ သူတို့က ဆေးကို သုံးတတ်လာတယ်။ နောက်တခါ ဆေးသုံးရင် အထွက်ကလည်း ပိုရတယ်။ ဝယ်ရတာတော့ တော်တော်များများ ဒီဆေးကို သုံးလာတာပေါ့။ တောင်သူသုံးလာတာလည်း ပါတယ်။ ဒီလိုသုံးတတ်အောင်လည်း ကုမ္ပဏီက လိုက်သင်ပေးတာပေါ့နော်။ တနှစ်တနှစ် များလာတာပေါ့နော် ရောင်းအားကတော့။ စျေးကွက်က နည်းနည်းကြီးလာတာကိုး။ စိုက်ပျိုးရေးစျေးကွက် ကြီးလာတယ်” လို့ ပြောပါတယ်။
ပိုးသတ်ဆေးဥပဒေအရ လိုင်စင်မရှိဘဲ သို့မဟုတ် တရားမဝင် ဆေးဝါးတွေကို ရောင်းချနေတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာက စစ်ဆေးတွေ့ရှိပါက ရောင်းချမှုအပေါ် မူတည်ပြီး အနည်းဆုံး ထောင်ဒဏ် ၆ လကနေ ၅ နှစ်အထိ ဖြစ်စေ၊ ဒဏ်ငွေအားဖြင့် ၃ သိန်းကနေ ၁၀ သိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
လက်ရှိမှာ စိုက်ပျိုးရေးဌာနမှ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး ရောင်းဝယ်မှုနဲ့ ပတ်သက်ပြီး ပညာပေးကာလကို ဆောင်ရွက်လျက်ရှိပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၈ ခရိုင်မှာ ပိုးသတ်ဆေးဥပဒေ၊ ပိုးသတ်ဆေးကို ထိရောက်စွာနဲ့ အန္တရာယ်ကင်းစွာ သုံးစွဲနည်း ပညာပေးဆွေးနွေးပွဲတွေကို ၂၀၁၆ ခုနှစ်အတွင်း ၉၆ ကြိမ် ပြုလုပ်ပြီးဖြစ်ပါတယ်။
soe aung
လွန်ခဲ့သော ၄ နှစ် ကနေုပြည်တော်ဆိုင်ခွဲးရှိလားခမျ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 1 ခု
ကွမ်းစိုက်ထားတာလသားအရွယ်မှာပဲသေနေတာ ၃လသားရှိပြီ ပင်ခြေနားကနေအဖြူလေးတွေအလုံးတွေကပ်နေပြီးအမြစ်ပုတ်သေနေတာ ဘာလုပ်ရမလဲဗျာ
JohnSaw • ဖြေကြားချက် 1 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ
Nga Chan • ဖြေကြားချက် 3 ခု
ထရိုင်ကိုဒါးမားကို မန္တလေး (သို့မဟုတ်) တံတားဦးအနီးတဝိုက် ဘယ်မှာဝယ်ယသလို့ရလဲသိချင်ပါတယ်ဗျ
Nyan Lwin Tun • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026