အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖရဲသခွားမွှေး မျိုးစေ့ဖိုရမ်နှင့် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ နှီးနှောဖလှယ်ပွဲ ကျင်းပမည်

ဖရဲသခွားမွှေး မျိုးစေ့ဖိုရမ်နှင့် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ နှီးနှောဖလှယ်ပွဲ ကျင်းပမည်

Green Way
Green Way • Greenovator • 16/06/2016
မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ဖရဲသခွား စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အစုအဖွဲ့မှ ကျင်းပသော ဖရဲသခွားမွှေး မျိုးစေ့ဖိုရမ်နှင့် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ နှီးနှောဖလှယ်ပွဲကို နယုန်လပြည့်ကျော် (၅) ရက်နေ့ (၂၅.၆.၂၀၁၆) စနေနေ့ မန္တလေးမြို့ တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါကြောင်း သိရပါသည်။ 
အဆိုပါပွဲတွင် ဖရဲသခွားမွှေးတို့တွင် ကြုံတွေ့ရသော မျိုးစေ့ အခက်အခဲများ၊ ပြည်တွင်း/ပြည်ပ တင်ပို့ရောင်းချမှုများ စျေးကွက်စျေးနှုန်းအခြေအနေများနှင့် အနာဂတ် အလားအလာများ၊ မျိုးစေ့ဥပဒေနှင့် ဖရဲသခွားမွှေးတို့တွင် ကျရောက်သော မျိုးစေ့ဆောင်ရောဂါများအကြောင်း စသည့်တို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ အစီအစဉ်အသေးစိတ်ကို အောက်ဖော်ပြပါ ဓာတ်ပုံတွင် ကြည့်ရှုနိုင်ပါသည်။ အသင်းဝင်လိုသူများအနေနှင့်လည်း ပွဲပြုမည့်နေ့တွင် နေ့ချင်းပြီး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ 
 
ပြုလုပ်မည့်နေရာ - ဦးလှသိန်း ဗိမ္မာန်၊ ၃၄ နှင့် ၃၅ လမ်းကြား၊ ၈၅ လမ်း၊ မန္တလေးမြို့
ပြုလုပ်မည့်အချိန် - နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ
ပြုလုပ်မည့်နေ့ရက် - နယုန်လပြည့်ကျော် (၅) ရက်နေ့ (၂၅.၆.၂၀၁၆) စနေနေ့
ဆက်သွယ်ရန် - ၀၉ ၂၅၈၅၅၄၄၀၀၊ ၀၉၇၉၄၂၆၃၆၁၆၈၊ ၀၉ ၂၆၄၄၄၁၇၁၇၊ ၀၉ ၇၉၉၉၁၂၃၀၀
 
 
You

ဆက်စပ်မေးခွန်းများ

fipronil profenofos beta.cypermethrin ဒီဆေးသုံးမျိုးအတွဲကမတ်ပဲမှာဘာပိုးတွေကိုနှိမ်နှင်းပေးပါသလဲဖြေပေးပါအုံးဆရာတို့

ဦးစိုး • ဖြေကြားချက် 1 ခု

profenofos beta.cypermethrin frpronil ဒီဆေး3မျိုးအတွဲကဘယ်လိုကာကွယ်ကုသပေးနိုင်ပါသလဲဖြေပေးပါအုံးဆရာတို့

myantthirikhet • ဖြေကြားချက် 1 ခု

ကြက်သွန်နီခင်းမှာ ဘယ်ရောဂါကျရင် ဘယ်ai သုံးမရလဲဆိုတာရော သိသလောက်ပြောပြပေးပါအုံးဗျ

Aung Myo Oo • ဖြေကြားချက် 1 ခု

(အမျိုးအစားမှာ ပင်စိမ်းမတွေ့လို့ ခရမ်းချဉ်ထည့်ထားတာပါ) ပင်စိမ်းပင်အားလုံး အရွက်နုတွေတွန့်လိပ်ပြီး ပိုးတွေ့တယ်။ဆပ်ပြာရည်နဲ့ထိုးချလည်းမကုန်ဘူး ပြန်ဖြစ်တယ်။ ဘယ်လိုလုပ်ရမလဲ ကူညီပါဦးဆရာတို့ 🙏။ ပင်စိမ်းပင်ပါ။

ကို ငယ် • ဖြေကြားချက် 1 ခု

ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ

စောတိုးသူဝင်း • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။