ကျွဲ၊ နွားများတွင် ဖြစ်ပွားတတ်သော အစာအိမ်လေဖောင်းရောဂါအကြောင်း
ရောဂါဖြစ်ရသည့် အကြောင်းရင်းများ
၁။ မိုးရာသီတွင် များစွာ ပေါက်ရောက်လေ့ရှိသော မြက်နုစိုပေါက်များ၊ နှံစားပင်ပေါက်အစိုနုများကို ကျွဲ၊ နွားများက အလွန်စားမိကြရာမှ ၎င်းအစာနုလေးများမှာ အစာအိမ်ထဲတွင် အခိုးအငွေ့လေးများပါဝင်ပြီး အစာအိမ်လေဖောင်းရောဂါဖြစ်ပွားရခြင်း။
၂။ ထိုအစာနုလေးများတွင် တွယ်ကပ်ပါသွားကြသော ပိုးကောင်၊ ပျကောင်လေးများကြောင့်လည်း အစာမကြေလေပွရောဂါဖြစ်ပွားရခြင်း။
ရောဂါလက္ခဏာများ
- အစာအိမ်လေဖောင်းရောဂါဖြစ်ပါက ကျွဲ၊ နွား၏ ဘယ်ဘက်ရှိ အစာအိမ်သည် ပူဖောင်းကဲ့သို့ လေများပြည့်တင်းနေပြီး လက်ဖြင့် ပွတ်ကြည့်လျှင် "ဗုံဗုံ" ဟူသော လေသံကို ကြားရပါသည်။
- အစာအိမ်တွင် လက်ရာများ ထင်ကျန်ခြင်းမရှိတော့ဘဲ လေ၏ တွန်းကန်မှုကို တွေ့ထိရပါသည်။
- အသက်ရှူနှန်းမြန်ခြင်း၊ ဆီးနှင့် ဝမ်းပျော့ပျော့ မကြာခဏသွားခြင်း။
- မြေကြီးကို ခွာဖြင့် မကြာခဏပေါက်နေခြင်း( ဝမ်းဗိုက်ထဲက လေနာခံစားနေရသောကြောင့် ဖြစ်သည်။ )
- အိပ်လိုက်၊ ရပ်လိုက်ဖြင့် အငြိမ်မနေဖြစ်နေခြင်း စသည့်လက္ခဏာများကို တွေ့ရတတ်သည်၊။
သတိပြုရန်
လေဖောင်းရောဂါဖြစ်နေသော ကျွဲ၊ နွား၏ အစာအိမ်သည် မူလထက် ပိုမိုကြီးထွားလာပြီး ခန္ဓာကိုယ်၏ အရှေ့ဘက်ရှိအဆုတ်ကို ဖိညှစ်ထားသဖြင့် အသက်ရှူကျပ်လာရာမှ အချိန်မီကုသခြင်း မပြုလုပ်ပေးနိုင်လျှင် အသက်ရှူကျပ်ပြီး ရုတ်တရက်လဲကျသေဆုံးတတ်ပါသည်။
ကုသခြင်း
ရောဂါအခြေအနေအရ ကျွဲ၊ နွား၏ ခါးလယ်ပိုင်းကို ခါးညှပ်သွင်းရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ကျွဲ၊ နွားရပ်နေသည့်အချိန် နဖူးကြိုးမှ ဆွဲကိုင်ထားပြီး အခြားတစ်ယောက်မှ ကျွဲ၊ နွား၏ ပါးစပ်ကို ဖြဲ၍ လျှာကို လက်ဖြင့်ကိုင်ကာ သွင်းလိုက်ထုတ်လိုက်( လေထိုးသကဲ့သို့ ပြုလုပ်ပေးရပါမည်။)
- ထိုအခါ ကျွဲ၊ နွား၏ ပါးစပ်မှ လေချဥ်များ "ဂွီဂွီ"ဟု အသံမြည်ကာ ထွက်လာပါလိမ့်မည်။ ကျွဲ၊ နွားများမှာလည်း သက်သာ၍ အနည်းငယ် ငြိမ်သွားစဥ် အခြားတစ်ယောက်က နောက်မှနေ၍ ကျွဲ၊ နွား၏ စအိုထဲသို့ လက်နှိုက်၍ အူလမ်းကြောင်းမှလေများ စမြင်းတုံးများကို ဖယ်ရှားထုတ်ပစ်ရပါမည်။
- ကျွဲ၊ နွား၏ စအိုထဲသို့ လက်နှိုက်သည့်အခါ လက်ကို ဆပ်ပြာနှင့် သုတ်ပြီးမှ နှိုက်ရမည်ကို အထူးသတ်ပြုစေလိုပါသည်။
- ထို့နောက် သင်္ဘောရိုးအခေါင်းပွကို တစ်တောင်ခန့်ဖြတ်ယူပြီး ကျွဲ၊ နွား၏ စအိုအတွင်းသို့ လေချူလိုက်သကဲ့သို့ တန်းလန်းထည့်ပေးရမည်။ သို့မှ လေများ မကြာခဏ ထွက်နေပါလိမ့်မည်။
- အထက်ပါပြုစုခြင်းကို စိတ်ချရလောက်သည့်အချိန်အထိ ဆက်လက်ပြုလုပ်ပေးရပါမည်။ လုံးဝကောင်းမွန်သည့် အခြေအနေသို့ရောက်လျှင် အိမ်သုံးဆားလက်တစ်ဆုပ်စာလောက်ကို ကျွဲ၊ နွား၏ ပါးစပ်အတွင်းသို့ ထည့်ခွံပေးပါ။
- ရေကျက်အေး အနည်းငယ်ကို တိုက်ပေးရပါမည်။ အစာကြမ်းကို လုံးတမကျွေးရသေးပါ။ ထမင်းရည်ကိုသာ တိုက်ပေးရပါမည်။
- စားမြုံပြန်၍ လန်းလန်းဆန်းဆန်းဖြစ်လာသည့်အခြေအနေသို့ ရောက်လာသည့်အခါမှသာ အစာကျွေး၍ ပုံမှန်အသုံးပြုရပါမည်။
အစာအိမ်လေဖောင်းခြင်းသည် ကျွဲ၊ နွားများအတွက် အသက်အန္တရာယ်အနီးဆုံးနှင့် အမြန်ဆုံးဖြစ်တတ်၍ ကျွဲ၊ နွားမွေးမြူသူများအနေဖြင့် အထူးဂရုစိုက်ရပါမည်။
ဦးဇော်(dof)
မှီငြမ်း- ဦးဝင်းဇော်(သုံးဆယ်)၏ တိရစ္ဆာန်ရိုးရာကုထုံးစာအုပ်မှာ ကောက်နှုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဘဲတွေခြေထောက်မှာ ပုံမှာ ပါတဲ့အတိုင်းဖြစ်နေပါတယ်။ လမ်းကောင်းကောင်းမလျှောက်နိုင်ပါ။ ဒါဘာကြောင့်ဖြစ်တာလဲ ဘယ်လိုကာကွယ်ရမလဲ ဆရာများ လမ်းညွှန်ပါအုန်း။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နွားမျက်စိတဘက်ဝယ်လာထဲကမျက်ရည်ကျနေ10ရက်ကျော်ပြီးကြည့်ကြည့်တာတော့ဘာမှထိခိုက်ဒဏ်မတွေ့ရဘာလုပ်သင့်လဲဘာဖြစ်တာလဲရှင်းပြပြောပြပေးပါဗျ
zin Phyo naung • ဖြေကြားချက် 3 ခု
နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ
အုန်းကျော် • ဖြေကြားချက် 1 ခု
မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။
အုန်းကျော် • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဦးဇော်(dof)
အားလုံး