“ မိုးရာသီတွင် အဖြစ်များသော ကြက်ဝမ်းကျရောဂါကို ကာကွယ်ကုသနည်း”
ကြက်ဝမ်းကျရောဂါ(Fowl Cholera)မှာ အချိန်အခါမရွေး ဖြစ်ပွားတတ်သော ရောဂါတစ်မျိုးဖြစ်ပြီး မိုးရာသီအကူး၌ အဖြစ်များပါသည်။ အသေအပျောက်များ၍ ကူးစက်မှု လျင်မြန်သောကြောင့် ခြံလုံးကျွတ်သေစေနိုင်သော ကြောက်မက်ဖွယ်ရောဂါတစ်မျိုး ဖြစ်ပါသည်။

ရောဂါဖြစ်ပွားရသည့် အကြောင်းရင်းများမှာ-
- အဓိကအားဖြင့် ကြက်ဝမ်းကျရောဂါကို ဖြစ်စေတတ်သော ရောဂါပိုးများကို ရှူရှိုက်မိ၍ ဖြစ်တတ်ပါသည်။
- ရာသီဥတု အပြောင်းအလဲများ၊ အစားအသောက်အပြောင်းအလဲများနှင့် ကြက်များအားနည်းလာသောအခါတွင်လည်း ရောဂါဖြစ်ပွားတတ်ပါသည်။
ရောဂါလက္ခဏာများအနေဖြင့်-
- ခေါင်းငိုက်စိုက်ကျ၍ အပူချိန်တက်ပြီး အမောက်နှင့် ပါးပြင်များမှာ အညိုရောင်ဖြစ်နေတတ်ပါသည်။
- ရောဂါပိုးသည် ခြေထောက်နှင့် တောင်ပံကြွက်သားများကို တိုက်ခိုက်ခြင်းကြောင့် ခြေထောက်များမှာ ယောင်ရမ်း၍ သန်စွမ်းမှု မရှိတော့ပါ။
- အစာစားစဥ် အတောင်ခါ၍သော်လည်းကောင်း၊ အိပ်တန်းဝင်ချိန်တွင် အိပ်စင်ပေါ်မှ ပြုတ်ကျ၍သော်လည်းကောင်း သေတတ်ပါသည်။
-မသေမီ ဝမ်းပျော့ပျော့သွားတတ်၍ ဝမ်းမှာအစိမ်းရောင်ရှိတတ်ပြီး အနံ့မှာ အလွန်ဆိုးဝါးလှပါသည်။
- သေနှုန်းမြန်မှုသည် ရောဂါဖြစ်ပွားမှုပေါ်မူတည်ပါသည်။ များသောအားဖြင့်(၂-၃)ရက်အတွင်း ကြက်များသေကြေတတ်ပါသည်။
ရောဂါကူးစက်ပုံ
ရောဂါရှိသောကြက်နှင့် အခြားကြက်တို့ ထိတွေ့ခြင်းအားဖြင့်သော်လည်းကောင်း၊ ခြံလုပ်သားများ မကြာခဏ ကြက်ခြံသို့ ဝင်ထွက်သွားလာမှုကြောင့်လည်းကောင်း၊ ရောဂါ ရှိကြက်၏ မစင်၊ ရေနှင့် အစာထိတွေ့မှုကြောင့်လည်းကောင်း ရောဂါပိုးများမှာ တစ်နေရာမှ အခြားတစ်နေရာသို့ ကူးစက်ပြန့်ပွားသွားနိုင်ပါသည်။သို့သော် လူသို့ကူးစက်ခြင်း မရှိဘဲ ကြက်အချင်းချင်းသာ ကူးစက်နိုင်ပါသည်။
ကာကွယ်မှုအနေဖြင့်-
- ကြက်ခြံသန့်ရှင်းရေးနှင့် ရောဂါပိုးမွှားနှိမ်နင်းရေးသည် အဓိကဖြစ်ပါသည်။ အမြဲသန့်ရှင်းမှုရှိခြင်းနှင့် ပိုးသတ်နေခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ပါသည်။
- ရောဂါဖြစ်ပွားနေသည့် ကြက်များကို သီးခြားစီ ခွဲထားရမှာဖြစ်ပြီး သေဆုံးသွားသောကြက်များကိုလည်း မြေမြှုပ်ပေးရပါမည်။
- ကြက်ခြံရှိ သောက်ရေခွက်၊ အစာခွက်တို့ကို ပိုးသတ်ဆေးဖြင့် သန့်စင်ရန် လိုအပ်ပါသည်။
- ကြက်ခြံသန့်ရှင်းရေး အလေးထားဆောင်ရွက်ရေး၊ အချိန်မှန် ပိုးသတ်ပေးရေးနှင့် ကြိုတင်ကာကွယ်ဆေးများထိုးနှံပေးခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို ကောင်းစွာကာကွယ်နိုင်ပါသည်။
ကုသနည်းမှာ-
၁။ အေဗွီတော့စ်(Aviots) ဆာလ်ဖာမီသာဇင်း ၃၃.၃% ဆေးရည်(Sulfamethazine 33.3% Solution)ဆေးကို သောက်ရေ ၁ ဂါလံ အတွက် ဆေးလက်ဖက်ရည်ဇွန်းကြီး ၁ ဇွန်းခန့် ( ၁၂ စီစီ) ဖျော်ထည့်ပြီး ၃ ရက်တိုက်၊ ၂ရက်နားစနစ်ဖြင့် တိုက်ကျွေးနိုင်ပါသည်။
၂။ ဆာလ်ဖာဒိုင်မီသော်ဆင်း(Sulfadimethoxine) ဆေးကိုလည်း ကြက်သောက်ရေတွင် ၅%ကျော်ထည့်ပြီး ၂ ရက်၊ ၃ ရက် တိုက်ကျွေးပါက ကြက်ဝမ်းကျရောဂါကို သက်သာပျောက်ကင်းစေပါသည်။
၃။ ကြက်ဝမ်းကျရောဂါနှင့် သွေးဝမ်းတို့ကိုကုသရာမှာ အေဗီချိုင်းနားဆေးမှုန့် (Aviochina Powder) ကလည်း အစွမ်းထက်လှပါသည်။ ကြက်များ သွေးဝမ်း မဖြစ်အောင်၊ ဝမ်းကျရောဂါ မဖြစ်အောင် ကာကွယ်သည့်အနေဖြင့် ဆေး ၁ ထုပ်ကို ငှက်ပျောဖူးပုလင်းအလုံး ၃၀ ဖြင့် ထည့်ဖျော်ပြီး ရက်ပေါင်း ၆၀ နီးပါး တိုက်ကျွေးနိုင်ပါသည်။
၄။ မွေးမြူရေးသမားအချို့ကတော့ ကြက်ဝမ်းကျရောဂါအတွက် ထရစ်ပယ်ဆာလ်ဖာ(Triple Sulfa)ကို ကြက်စာ ၃ ပိဿာတွင် ဆေး ၁၆ ပြားထည့်ပြီး ၃ ရက်မှ ၅ရက်ထိတိုက်ကျွေးကြပါသည်။
၅။ ထို့ပြင် အက်စ်ကြူ ၂၅(S.Q 25) ကလည်း ကြက်ဝမ်းကျရောဂါကို ကုသနိုင်တဲ့ ဆေးတစ်မျိုးဖြစ်သည်။ ရေ ၂ဂါလံခွဲမှာ ဆေးအနေနဲ့ လက်ဖက်ရည်ဇွန်း ၁ဇွန်းထည့်ဖျော်ပြီး ၃ ရက်တိုက်၊ ၃ ရက်နားစနစ်ဖြင့် ကုသပါ။ ဝမ်းကျရောဂါဖြစ်နေတဲ့ ကြက်များကိုလည်း အခြားကြက်များနှင့် ရောမထားဘဲ သီးသန့်ခွဲထားရပါမည်။
ဆောင်ပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဘဲတွေခြေထောက်မှာ ပုံမှာ ပါတဲ့အတိုင်းဖြစ်နေပါတယ်။ လမ်းကောင်းကောင်းမလျှောက်နိုင်ပါ။ ဒါဘာကြောင့်ဖြစ်တာလဲ ဘယ်လိုကာကွယ်ရမလဲ ဆရာများ လမ်းညွှန်ပါအုန်း။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နွားမျက်စိတဘက်ဝယ်လာထဲကမျက်ရည်ကျနေ10ရက်ကျော်ပြီးကြည့်ကြည့်တာတော့ဘာမှထိခိုက်ဒဏ်မတွေ့ရဘာလုပ်သင့်လဲဘာဖြစ်တာလဲရှင်းပြပြောပြပေးပါဗျ
zin Phyo naung • ဖြေကြားချက် 3 ခု
နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ
အုန်းကျော် • ဖြေကြားချက် 1 ခု
မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။
အုန်းကျော် • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဦးဇော်(dof)
အားလုံး