ကျွဲ၊ နွားများ သေစေနိုင်ပြီး ကူးစက်တတ်သည့် နာတာရှည်ဝမ်းပျက်ရောဂါ
နာတာရှည်ဝမ်းပျက်ရောဂါသည် ကျွဲ၊နွားများတွင်အဖြစ်များသော ရောဂါတစ်မျိုးဖြစ်ပြီး ညှပ်ဝမ်းလိုက်သည်ဟုလည်း ခေါ်ကြသည်။
ရောဂါဖြစ်ပွားသည့် အကြောင်းအရင်းမှာ-
ပါရာကျူဘာကူလိုဆစ် (Paratuberculosis) ဟုခေါ်သည့် ဘက်တီးရီးပိုးကြောင့် ဖြစ်ပွားပါသည်။နာတာရှည်ခံစားရပြီး ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။
ရောဂါကူးစက်ပုံမှာ-
ရောဂါဖြစ်ပွားသောတိရစ္ဆာန်မှ စွန့်ထုတ်သော ကျင်ကြီးများအတွင်းတွင် ရောဂါပိုးများပါရှိလာကြသည်။ ထိုကျင်ကြီးများတွင် ရောနှောပါဝင်နေသော မြက်၊ အစားအစာနှင့် သောက်ရေတို့ကို ကျွဲ၊နွားများ စားသောက်မိပါက ကူးစက်တတ်ပါသည်။ ရောဂါပိုးသည် ရေထဲတွင် ၁၆၃ ရက်၊ နွားချေးထဲတွင် နှစ်ချီ၍ နေနိုင်ပါသည်။
ရောဂါလက္ခဏာများမှာ -

ရောဂါပိုးသည် နွား၏ခန္ဓာကိုယ်တွင်း ဝင်ရောက်ပြီး ၁ နှစ်မှ ၂ နှစ်ကြာသောအခါတွင်မှ ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်လာပါသည်။ အထူးသဖြင့် ၂ နှစ်မှ ၆ နှစ်အကြာမှာ လက္ခဏာများ ပေါ်ပေါက်လာတတ်ကြပါသည်။
- ရှေးဦးစွာ တွေ့ရှိရသောလက္ခဏာမှာ ရောဂါဖြစ်ပွားသောတိရစ္ဆာန်သည် ပိန်ချုံးလာခြင်း ဖြစ်သည်။ နို့ပေးနွားမများတွင် ဖြစ်ပွားပါက နို့ထွက်နှုန်းကျဆင်းလာပါမည်။
- ရောဂါပိုးသည် အူနံရံသို့ရောက်ရှိပြီး အူများမှအစာကို ကြာရှည်စွာ မစုပ်ယူခြင်းကြောင့် ဝမ်းလျှောခြင်းကို ဖြစ်စေပါသည်။ဝမ်းလျှောခြင်းသည် ရောဂါဖြစ်စဥ်တလျှောက် အမြဲမပြတ် သွားနေတတ်ပြီး တစ်ခါတစ်ရံ ဝမ်းလျှောလိုက်၊ ဝမ်းရပ်လိုက်နှင့် ဖြစ်ပေါ်နေတတ်သည်။
- ကျင်ကြီးမှာ မပျစ်မကျဲအနေအထားရှိ၍ ဆိုးရွားသောအနံ့ မရှိကြပါ။ ထို့ပြင် သွေးနှင့် အရိအချွဲအမျှင်များလည်း မပါရှိကြပေ။
- ရောဂါဖြစ်ပွားသောတိရစ္ဆာန်မှာ အစာစားသုံးမှု မပျက်ဘဲ ကောင်းစွာစားနိုင်ကြသည်။ သို့သော် ရေအလွန်ငတ်ကြပါသည်။
- ရောဂါဖြစ်ပွားသည့် ကြာချိန်မှာ ရက်သတ္တပတ် အနည်းငယ်မှ လပေါင်းများစွာကြာတတ်၍ တိရစ္ဆာန်မှာ နောက်ဆုံးတွင်ရေဓာတ်ခမ်းခြောက်ခြင်း၊ ပိန်ချုံးခြင်း၊ အားပြတ်ပြီးလဲခြင်းတို့ဖြစ်၍ သေဆုံးသွားနိုင်ပါသည်။
ကာကွယ်ကုသနည်းမှာ-
- တိရစ္ဆာန်များကို အာဟာရပြည့်ဝစွာ ကျွေးမွေးခြင်း၊ တိရစ္ဆာန်အစာစားသော နေရာများ၊ အစာခွက်များကို မကြာခဏဆေးပေးခြင်း၊ ကျင်ကြီးများကို မကြာခဏလဲလှယ်ပေးခြင်း၊ သိမ်းခြင်း စသောသန့်ရှင်းမှုလုပ်ငန်းများသည် ကာကွယ်ရေးအတွက်အရေးကြီးသော အချက်များ ဖြစ်ပါသည်။
- ကုသရန်မှာ နားလည်တတ်ကျွမ်းသော တိမွေးကုဆရာဝန်နှင့် တိုင်ပင်ပြသပြီး စထရက်တိုမိုင်စ င်(Streptomycin)ကို တစ်နေ့လျှင် 50 mg နှုန်းကို ကိုယ်အလေးချိန်နှင့်ချိန်ဆပြီး ရက်ဆက်ထိုးပေးပါ။ကျွဲ၊ နွားများ၏ နေရာထိုင်ခင်းကို သန့်ရှင်းအောင်ထားရမှာဖြစ်ပြီး အာဟာရရှိသောအစာများကို ကျွေးမွေးရပါမည်။ အားဆေးများ ထိုးပေးရပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကိုအောင်သိန်း
လွန်ခဲ့သော ၂ နှစ် ကဆရာရေ အခုလို့ဆောင်ပါးလေးတွေကိုတင်ပြပေးတာကို အရမ်းကျေးဇူးတင်ပါတယ်
ဦးဇော်(dof)
လွန်ခဲ့သော ၄ နှစ် ကအာဟာရဖြစ်တာ များများကျွေးပေးပါ။ သားအိမ်အားနည်းလို့လည်း ဖြစ်နိုင်ပါတယ် ဗျ
သက်စိုး
လွန်ခဲ့သော ၄ နှစ် ကနွားမပိန်တယ်ချေးပျော့တယ် ဇီးတောင်းတယ် ဇီးမကပ်ဘူး ဘာဖြစ်တာလဲခဗျာ
ဆက်စပ်မေးခွန်းများ
ဘဲတွေခြေထောက်မှာ ပုံမှာ ပါတဲ့အတိုင်းဖြစ်နေပါတယ်။ လမ်းကောင်းကောင်းမလျှောက်နိုင်ပါ။ ဒါဘာကြောင့်ဖြစ်တာလဲ ဘယ်လိုကာကွယ်ရမလဲ ဆရာများ လမ်းညွှန်ပါအုန်း။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နွားမျက်စိတဘက်ဝယ်လာထဲကမျက်ရည်ကျနေ10ရက်ကျော်ပြီးကြည့်ကြည့်တာတော့ဘာမှထိခိုက်ဒဏ်မတွေ့ရဘာလုပ်သင့်လဲဘာဖြစ်တာလဲရှင်းပြပြောပြပေးပါဗျ
zin Phyo naung • ဖြေကြားချက် 3 ခု
နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ
အုန်းကျော် • ဖြေကြားချက် 1 ခု
မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။
အုန်းကျော် • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဦးဇော်(dof)
အားလုံး