ကျန်းမာသောဆိတ်နှင့် မကျန်းမာသောဆိတ်တို့၏ သဏ္ဌာန်လက္ခဏာများ
ကျန်းမာသောဆိတ်နှင့် မကျန်းမာသောဆိတ်များကို ခွဲခြားနိုင်မှသာ ကျန်းမာရေးစောင့်ရှောက်မှု အချိန်မီပေးနိုင်ခြင်း၊ ရောဂါမကူးစက်နိုင်စေရန် ခွဲထားခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

ကျန်းမာသောဆိတ်၏ သဏ္ဌာန်လက္ခဏာများ
- အစာကောင်းမွန်စွာစားသုံးခြင်း၊ စားမြုံ့ပြန်နေခြင်း
- တောက်ပသောအမွေးနှင့် နူးညံ့ပြီး ဆွဲဆန့်နိုင်သော အရေပြားရှိခြင်း
- တောက်ပသောမျက်လုံးနှင့် ပန်းရောက်မျက်ခွံရှိခြင်း
- ပျော်မြူးနေခြင်း၊ ဖျတ်လတ်နေခြင်း
- နို့စားဆိတ်မျိုးတွင် နို့ထွက်နှုန်းမှန်ခြင်း
- ဆိတ်ချေးပုံမှန်ယိုချခြင်း
- ခြေ၊ လက်များ ခိုင်မာစွာရပ်နေခြင်း
မကျန်းမာသောဆိတ်၏ သဏ္ဌာန်လက္ခဏာများ
- အုပ်စုမှခွဲပြီး မှိုင်၍ ရပ်နေတတ်ခြင်း
- အစာကောင်းစွာမစားခြင်း
- စားမြုံ့ပြန်မှု ပုံမမှန်ခြင်း
- အသားအရေ ခန်းခြောက်နေခြင်း (မစိုပြေခြင်း)
- သာမန်ကိုယ်အပူချိန်၏အထက် (သို့မဟုတ်) အောက်တွင်ရှိနေခြင်း
- မျက်လုံးနှင့်ပါးစပ်ဝန်းကျင်တွင် အရောင်ပြောင်းခြင်း
- ဝမ်းလျှောခြင်း
- နှာခေါင်းနှင့်ပါးစပ်တွင် အရိအရွဲများရှိခြင်း
- မျက်လုံးများနီရဲခြင်း
- ခြေမသန်ခြင်း
- သွားလာလှုပ်ရှားမှုမမှန်ခြင်း
- အမွေးကျွတ်ခြင်း (သို့မဟုတ်) အမွေးကြမ်းခြင်း
- ပိန်ချုံးခြင်း
- နို့စားဆိတ်များဆိုပါက နို့ထွက်ကျဆင်းခြင်း
ဆိတ်များကို ကျန်းမာရေးစောင့်ရှောက်ခြင်း
- ကျန်းမာသောဆိတ်များ မွေးမြူခြင်းဖြင့်သာ ထုတ်လုပ်မှုကောင်းမွန်ပြီး အကျိုးဖြစ်ထွန်းနိုင်ပါမည်။
- ရောဂါဖြစ်ပွားမှုမှကာကွယ်ရန် အစာအာဟာရ ကောင်းမွန်စွာကျွေးမွေးပေးခြင်း၊
- သန့်ရှင်းသောရေ လုံလောက်စွာတိုက်ခြင်း၊ ခြံ၊ တဲ သန့်ရှင်းမှုကို နေ့စဉ် သန့်ရှင်းပေးခြင်း၊
- မြေစိုက်ခြံဖြစ်ပါက ဆိတ်ငယ်ကလေးများအတွက် အခင်းပုံမှန်လဲပေးခြင်း၊
- အစာကျန်များ ဖယ်ရှားခြင်း၊ နို့ညှစ်မှုတွင် နို့ညှစ်သူတစ်ကိုယ်ရည် သန့်ရှင်းခြင်း၊
- သန့်ရှင်းသော နို့ပုံးနှင့် ကိရိယာများ အသုံးပြုခြင်း၊
- နာမကျန်းဆိတ်အား သီးခြားခွဲခြားထားခြင်း
- နာမကျန်းတိရစ္ဆာန်ထားသည့်နေရာအား ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ရပါမည်။
အသစ်ဝယ်ယူထားသောဆိတ်များကို မူလမွေးမြူထားသောဆိတ်အုပ်တွင် မရောဘဲ အနည်းဆုံး ရက် (၃၀) သီးခြားခွဲထားခြင်း (Quarantine) ဖြင့် လက္ခဏာမပေါ်သေးသည့် ကူးစက်တတ်သော ရောဂါများမှ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်သည်။
( Food Security Working Group မှ ထုတ်ပြီး မွေးမြူရေးပညာရှင် ဒေါက်တာခင်မောင်ဝင်း ရေးသားထားသည့် ‘ ကျေးလက်ဒေသ ဆိတ်မွေးမြူရေး’ စာအုပ်မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။)
(ဆိတ်မွေးမြူရေးနှင့်ပတ်သက်၍ အသေးစိတ် ပြည့်ပြည့်စုံစုံပါဝင်သော ‘ ကျေးလက်ဒေသ ဆိတ်မွေးမြူရေး’ စာအုပ်ကို ဝယ်ယူလိုပါက အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
mg mg
လွန်ခဲ့သော ၂ နှစ် ကဆိတ်မတေ ဆီးချုပ်ဝမ်းချုပ်ဖြစ်နေတာ တအားကိုေအာ်ညစ်နေရတာ ဘယ်လိုကုသရမလဲခင်ဗျာ ကူညီလမ်းညွန်ပေးကြပါအုန်းခင်ဗျာ
ဦးသောင်းလွင်
လွန်ခဲ့သော ၂ နှစ် ကဆိတ်၀မ်းလျှောတာဘယ်လိုလုပ်ရမလဲဆရာ
ဆက်စပ်မေးခွန်းများ
ဘဲတွေခြေထောက်မှာ ပုံမှာ ပါတဲ့အတိုင်းဖြစ်နေပါတယ်။ လမ်းကောင်းကောင်းမလျှောက်နိုင်ပါ။ ဒါဘာကြောင့်ဖြစ်တာလဲ ဘယ်လိုကာကွယ်ရမလဲ ဆရာများ လမ်းညွှန်ပါအုန်း။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နွားမျက်စိတဘက်ဝယ်လာထဲကမျက်ရည်ကျနေ10ရက်ကျော်ပြီးကြည့်ကြည့်တာတော့ဘာမှထိခိုက်ဒဏ်မတွေ့ရဘာလုပ်သင့်လဲဘာဖြစ်တာလဲရှင်းပြပြောပြပေးပါဗျ
zin Phyo naung • ဖြေကြားချက် 3 ခု
နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ
အုန်းကျော် • ဖြေကြားချက် 1 ခု
မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။
အုန်းကျော် • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026