ဝက်မွေးမြူရေးနှင့် မှိုရောဂါများ (Mycotic Disease)
ဝက်မွေးမြူသူများအနေဖြင့် ဝက်များတွင် အောက်ပါ မှိုရောဂါများ ဖြစပွားနိုင်သည်ကို သတိပြုရပါမည်။
၁။ မှိုအဆိပ်သင့်ခြင်း (Mold Toxicity)
ရောဂါပိုးအမည်- Fusarium rossum, Fusarium Sporotrictoides, Gibberella zeae
ရောဂါဖြစ်ရသည့် အကြောင်းအရင်းများ
မှိုတက်နေသည့် အစာများဖြစ်သော ပြောင်းနှင့် အခြားအစာများကို ကျွေးမွေးခြင်းနှင့် ဝက်များကြီးထွားနှုန်းညံ့၍ မျိုးပွားမှုဆိုင်ရာ ပြဿာနာများဖြစ်ပွားနိုင်ပါသည်။ ဝက်သိုးရော ဝက်မများပါ ဖြစ်ပွားနိုင်ပါသည်။
ရောဂါလက္ခဏာများ
အစာစားနှုန်း နည်းခြင်း၊ အန်ခြင်း၊ ကိုယ်အလေးချိန် လျော့ကျခြင်း၊ သားအိမ်ကြီးထွားခြင်း၊ အသည်းနှင့် အဆုတ်တို့တွင် သွေးကွက်များရှိခြင်းတို့ကို တွေ့ရှိနိုင်ပါသည်။
၂။ Moniliasis
ရောဂါပိုးအမည်- Candidaalbicans, Oidiumalbicane, Moniliaalbicane
ရောဂါဖြစ်ရသည့် အကြောင်းအရင်း
၎င်းရောဂါပိုးမှာ ပတ်ဝန်းကျင်တွင် ပျံ့နှံနေ၍ အာဟာရချို့တဲ့သည့် ဝက်များတွင် ရောဂါအဖြစ်များပါသည်။
ရောဂါလက္ခဏာများ
ပါးစပ်၊ အာခေါင်၊ အစာရေမျိုနှင့် အစာအိမ်နံရံများ ရောင်ရမ်း၍ ထူနေခြင်း၊ ရောဂါဆိုးဝါးပါက ပါးစပ်တွင် အနာများဖြစ်၍ အစာမစားခြင်း ဗီတာမင်အေနှင့် ဇင့်ဓါတ်ချို့တဲ့သည် ဝက်ငယ်များတွင်လည်း ထိုလက္ခဏာများ တွေ့ရှိနိုင်ပါသည်။
ကာကွယ်ကုသခြင်း
ဝက်များကို အာဟာရပြည့်ဝသည့် အစာများကျွေးခြင်း၊ ဝက်နေထိုင်သည့် ပတ်ဝန်းကျင်ကို သန့်ရှင်းစွာ ထားရှိခြင်း၊ ကော့ပါးဆာလ်ဖိတ်(Copper Sulphate) သို့မဟုတ် ပဋီဇီဝဆေးတစ်မျိုးမျိုး တိုက်ကျွေးကုသခြင်းတို့ဖြင့် ဂရုစိုက်ရပါမည်။
၃။ Aspergillosis
ရောဂါပိုးအမည် - - Asp. Flavus
ရောဂါဖြစ်ရသည့် အကြောင်းအရင်းများ
- ဝက်များကို ကျွေးသောအစာ အစေ့အဆံများဖြစ်သော (ပြောင်း၊ ပဲဖတ်၊ နှမ်းဖတ်) တို့ကို မိုးရာသီတွင် ရိတ်သိမ်းခြင်း၊ စိုထိုင်းဆ မြင့်မားချိန်တွင် သိုလှောင်ထားရှိခြင်း စသည့် အခြေအနေတွင် မှိုရောဂါပိုးမွှားများ ကပ်ရောက်ပေါက်ပွားနိုင်ပါသည်။
- ငါးခြောက်မှုန့်၊ ငါးပေါင်းမှုန့်များတွင်လည်း စိုထိုင်းဆ(၁၈%)ထက်ပိုပါက ရောဂါကျရောက်နိုင်ပါသည်။
ရောဂါလက္ခဏာများ
အစာစားပျက်ခြင်း၊ ကိုယ်အလေးချိန်တိုးနှုန်း နည်းခြင်း၊ ဝမ်းသွားခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ ဆိုးဝါးသည့်အခြေအနေတွင် သေဆုံးနိုင်ပါသည်။ ရောဂါဖြစ်ပွားရခြင်းမှာ အစာအိမ်နှင့် အူများမှ စုပ်ယု၍ အဆိပ်များ (Mycotoxin, Aflatoxins)ထုတ်လွှတ်ခြင်းကြောင့် ဖြစ်ပါသည်။
ကာကွယ်ကုသခြင်း
ဝက်ကို အစာကျွေးမွေးရာတွင် စိုထိုင်းဆများသည့် အစာများ၊ မှိုတက်နေသော အစာများကို ကျွေးမွေးခြင်းကို ရှောင်ကြဥ်ပါ။ အစာတွင် မှိုသတ်ဆေးများကို ထည့်သွင်းစပ်ရပါမည်။
ဦးဇော် (dof)
Ref; ဆရာမ ဖြူဖြူ၏ " ဝက်မွေးမြူရာတွင် ဒုက္ခပေးနိုင်သော မှိုရောဂါ"အကြောင်းမှ ကောက်နှုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
naw lawn
လွန်ခဲ့သော ၃ နှစ် ကရောဂါအသက်ရှင်နေထိုင်သည့်ရက်
Pyae Some
လွန်ခဲ့သော ၅ နှစ် ကဝက်ကိုအမြတ်များများကျန်အောင်ဘယ်လိုအစာမျိုးကျွေးသင့်ပါသလဲ
kyaw myo htet
လွန်ခဲ့သော ၅ နှစ် ကအစာထဲကိုမှိုသတ်ဆေးထည့်ကျွေးချင်ပါတယ်ဘယ်လိုမှိုသတ်ဆေးဝယ်ရပါမလဲ
U then win
လွန်ခဲ့သော ၅ နှစ် ကကျွန်တော်ဝက်ဝမ်သွားပြီအစာတိတ်မစာချင်းကိုဘဲကုသရမလယ်ဗျာ
ဆက်စပ်မေးခွန်းများ
ဘဲတွေခြေထောက်မှာ ပုံမှာ ပါတဲ့အတိုင်းဖြစ်နေပါတယ်။ လမ်းကောင်းကောင်းမလျှောက်နိုင်ပါ။ ဒါဘာကြောင့်ဖြစ်တာလဲ ဘယ်လိုကာကွယ်ရမလဲ ဆရာများ လမ်းညွှန်ပါအုန်း။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နွားမျက်စိတဘက်ဝယ်လာထဲကမျက်ရည်ကျနေ10ရက်ကျော်ပြီးကြည့်ကြည့်တာတော့ဘာမှထိခိုက်ဒဏ်မတွေ့ရဘာလုပ်သင့်လဲဘာဖြစ်တာလဲရှင်းပြပြောပြပေးပါဗျ
zin Phyo naung • ဖြေကြားချက် 3 ခု
နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ
အုန်းကျော် • ဖြေကြားချက် 1 ခု
မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။
အုန်းကျော် • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဦးဇော်(dof)
အားလုံး