အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဝက်ကလေးတွေ ကျန်းမာနေစေလိုလျှင်...

ဝက်ကလေးတွေ ကျန်းမာနေစေလိုလျှင်...

ဦးဇော်(dof)
ဦးဇော်(dof) • 01/12/2022

ဝက်မွေးမြူရေးတွင် ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် စီမံခန့်ခွဲမှုကောင်းမွန်ပါက ရောဂါဖြစ်ပွားမှုအန္တရာယ်မှ အလိုအလျောက်ကာကွယ်ထားပြီးဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှုညံ့ဖျင်းမည်ဆိုပါကမူ ဝက်များ၏ ကိုယ်ခံစွမ်းအားကျဆင်းပြီး ရောဂါကျရောက်ဖြစ်ပွားရန် အခွင့်အလမ်းပိုများမည်ဖြစ်သည်။

ထို့ကြောင့် ရောဂါဖြစ်ပွားမှုနည်းပါးစေရန် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်သင့်ပါသည်။

စနစ်တကျ မွေးမြူထားရှိခြင်း

  • ၁။ ဝက်ခြံအတွင်း၌ လေဝင်လေထွက်ကောင်းမွန်ရန် စီမံထားရပါမည်။ လေဝင်လေထွက် မကောင်းပါက ခြံအဆောက်အဦထဲ၌ ရောဂါပိုးမွှားများ ခိုအောင်းနေပြီး အသက်ရှူလမ်းကြောင်းရောဂါ ဖြစ်ပွားသည့်အန္တရာယ် ရှိနိုင်ပါသည်။
  • ၂။ ဝက်အစာခွက်နှင့် ရေခွက်များ အမြဲသန့်ရှင်းနေရန် လိုအပ်ပါသည်။
  • ၃။ အစာခွက်ထဲ၌ ဝက်ကလေးများဝင်အိပ်၍  မရအောင် စီမံဆောင်ရွက်ထားရပါမည်။
  • ၄။ ဝက်တစ်သုတ်ထုတ်ပြီး နောက်တစ်သုတ် မထည့်မီကာလ၌ ခြံသန့်ရှင်းရေးနှင့် ပိုးမွှားသန့်စင်ရေး ဆောင်ရွက်ရန် လိုအပ်ပါသည်။
  • ၅။ ဝက်ခြံတစ်ခြံတည်းအတွင်း၌ အရွယ်စုံဝက်များကို မမွေးမြူသင့်ချေ။
  • ၆။ ဝက်တစ်ကောင်ချင်း၏ အသက်အရွယ်နှင့် ခန္ဓာကိုယ်အလေးချိန်အတွက် သတ်မှတ်ထားသော ခြံအကျယ်အဝန်းအတိုင်း နေရာသတ်မှတ်ပေးရပါမည်။
  • ၇။ ခြံကျပ်နေပါက ရောဂါဝင်ရောက်ကူးစက်နိုင်သည့် အခွင့်အလမ်းသာပါသည်။

ကြိုတင်ကာကွယ်ဆေးထိုးပေးခြင်း

ရောဂါကို မဖြစ်မီကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ထို့ကြောင့် ကာကွယ်ဆေးကို ပုံမှန်ထိုးနှံပေးရပါမည်။

ကာကွယ်ဆေးထိုးရမည့်အစီအစဉ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

8
ukoop

ukoop

လွန်ခဲ့သော ၈ လ က

ဝက်များအတွက် ကပ်ပါးရောဂါ ကုသမှုကိုမည်သို့လုပ်ဆောင်ရမည်နည်း

U Aung Ba

U Aung Ba

လွန်ခဲ့သော ၃ နှစ် က

ဝက် မကိုယ်ဝန်းရှိမရှိ ဘယ်လိုစန်သက်မလဲ

ကိုကျော်စိုး

ကိုကျော်စိုး

လွန်ခဲ့သော ၃ နှစ် က

ဝက်ကလေးခွာနာရယ်ဘာဆေးသုံးလဲဗျ

toetoe

toetoe

လွန်ခဲ့သော ၃ နှစ် က

အင်တာစပက်တင်း၁စီစီတနေ့တကြိမ်ထိုးပေးပါ၃ရက်ထိုးပီးစောင့်ကြည့်ပေးမပျောက်ရင်သုံးရက်ဆက်ထိုးအဲလိုဆေးပတ်လည်အောင်သုံးရက်ခြားသုံးကြိမ်ထိုးပျောက်တယ်ဝက်ကိုတော့အအေးမမိအောင်ဂရုစိုက်ပါ

Moe Zaw

Moe Zaw

လွန်ခဲ့သော ၃ နှစ် က

ဝက်ငယ်1လခွဲသားအရွယ်ေ ချာင်းဆိုးနေပါတယ်ဘယ်လိုကုသလို့ရပါသလဲ ကျေးဇူးပြု၍လမ်းညွန်ပေးပါမိတ်ဆွေတို့ခမျာ

You

ဆက်စပ်မေးခွန်းများ

ဘဲတွေခြေထောက်မှာ ပုံမှာ ပါတဲ့အတိုင်းဖြစ်နေပါတယ်။ လမ်းကောင်းကောင်းမလျှောက်နိုင်ပါ။ ဒါဘာကြောင့်ဖြစ်တာလဲ ဘယ်လိုကာကွယ်ရမလဲ ဆရာများ လမ်းညွှန်ပါအုန်း။

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

နွားမျက်စိတဘက်ဝယ်လာထဲကမျက်ရည်ကျနေ10ရက်ကျော်ပြီးကြည့်ကြည့်တာတော့ဘာမှထိခိုက်ဒဏ်မတွေ့ရဘာလုပ်သင့်လဲဘာဖြစ်တာလဲရှင်းပြပြောပြပေးပါဗျ

zin Phyo naung • ဖြေကြားချက် 3 ခု

နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ

အုန်းကျော် • ဖြေကြားချက် 1 ခု

မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။

အုန်းကျော် • ဖြေကြားချက် 1 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။