အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကျွဲ၊ နွား မျက်ရည်ယို၊ ချောင်းဆိုးရောဂါအတွက် ကုသနည်း

ကျွဲ၊ နွား မျက်ရည်ယို၊ ချောင်းဆိုးရောဂါအတွက် ကုသနည်း

ဦးဇော်(dof)
ဦးဇော်(dof) • 18/01/2022

ရာသီဥတုကြောင့် အပူအအေး ရုတ်တရက် ပြောင်းလဲချိန်တွင် ကျွဲ၊ နွားများ၏ အသက်ရှူပြွန်ချောင်း ရောင်တတ်ပါသည်။ ထိုအခါ ကျွဲ၊ နွားများသည် မျက်ရည်များယိုစီးကျသည်အထိ မချိမဆံ့ချောင်းဆိုးကြပါသည်။

ထိုရောဂါကို ပျောက်ကင်းစေသော ဆေးနည်းမှာ-

ရှိန်းခို- ၆ ပဲသား

ပိတ်ချင်းသီး- ၆ ပဲသား

ပရုတ်- ၄ ပဲသား

ဇဝက်သာ- ၁၂ ပဲသား

နွယ်ချို- ၁၂ ပဲသား

၄င်းဆေးအမည် ၅မျိုးကို အမှုန့်ထောင်း၍ ပျားရည်နှင့် ရောပါ။ တေဆေးကို ဆီးကင်းလုံးခန့် နေ့၊ ည တိုက်ပေးပါ။ ကျွဲ၊ နွားများ မချိမဆံ့ ချောင်းဆိုးပြီး မျက်ရည်ကျခြင်းကို အမြန်ဆုံး ပျောက်ကင်းစေပါသည်။

ကျွဲ၊ နွား မျက်စိနာရောဂါအတွက် မျက်စဥ်းဆေး

ကျွဲ၊ နွားများ အပူမိ၍ မျက်လုံးများ နီရဲနေခြင်း၊ မျက်ရည်များ ကျနေလျှင် လူသားများကဲ့သို့ မျက်စိနာနေခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ ဖြစ်ပွားပါက ကုသရန်ဆေးနည်းလေးကို ဖော်ပြပေးပါမည်။ 

ဆေးနည်းမှာ -

၁။ ချင်းလက်တစ်ဆစ်ခန့်ကို ကျောက်ပြင်တွင် ရေနှင့်သွေးပါ။

၂။ ၄င်းချင်းရည်ထဲကို ဆားအနည်းငယ်ထည့်၍ မျက်စိနာနေသော ကျွဲ၊ နွား ကို နေ့ ည မျက်စဥ်းခပ်ပေးပါ။

၃။ ထိုအခါမှာတော့ ကျွဲ၊ နွား သည် မျက်ရည်ပူများကျလာပြီး နှာချေလာပါမည်။

၄။ နှာပွင့်လန်း၍ ကျန်းမာလာမည်။ တမှိုင်မှိုင် ဖြစ်မနေတော့ဘဲ လန်းဆန်းလာပါမည်။

မှီငြမ်း- ဦးဝင်းဇော်(သုံးဆယ်)၏ “ကျွဲ၊နွား မျက်ရည်ယို၊ ချောင်းဆိုးခဲ့သော်” အကြောင်းမှ ကောက်နှုတ် ဖော်ပြပါသည်။ 

 

2
Naing Aung

Naing Aung

လွန်ခဲ့သော ၃ နှစ် က

လယ်တိုင်နဲ့ တင်ဘားဆေးထိုးနည်းရှင်းပြပေးပါဦးခင်ဗျာ

C thu lwin

C thu lwin

လွန်ခဲ့သော ၃ နှစ် က

နွား က ချောင်းမဆိုးပဲ မျက်ရည်ယိုနေလိုဗျဘယ်လို့ကုသဂမလဲ

You

ဆက်စပ်မေးခွန်းများ

ဘဲတွေခြေထောက်မှာ ပုံမှာ ပါတဲ့အတိုင်းဖြစ်နေပါတယ်။ လမ်းကောင်းကောင်းမလျှောက်နိုင်ပါ။ ဒါဘာကြောင့်ဖြစ်တာလဲ ဘယ်လိုကာကွယ်ရမလဲ ဆရာများ လမ်းညွှန်ပါအုန်း။

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

နွားမျက်စိတဘက်ဝယ်လာထဲကမျက်ရည်ကျနေ10ရက်ကျော်ပြီးကြည့်ကြည့်တာတော့ဘာမှထိခိုက်ဒဏ်မတွေ့ရဘာလုပ်သင့်လဲဘာဖြစ်တာလဲရှင်းပြပြောပြပေးပါဗျ

zin Phyo naung • ဖြေကြားချက် 3 ခု

နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ

အုန်းကျော် • ဖြေကြားချက် 1 ခု

မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။

အုန်းကျော် • ဖြေကြားချက် 1 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။