ကြက်များတွင်အဖြစ်များသော နာတာရှည်အသက်ရှူလမ်းကြောင်းရောဂါ
၁။ ရောဂါဖြစ်ရတဲ့ အကြောင်းရင်း
CRD ဆိုတဲ့ရောဂါဟာ Mycoplasma gallisepticum ဆိုတဲ့ ဘက်တီးရီးယားပိုးကြောင့် အစပြု ဖြစ်ပြီး ကြက်လည်လိမ် ND နဲ့ လေပြွန်ယောင်ရောဂါ IB တို့နဲ့ပါ မကြာခဏဆက်နွယ်နေပြီး ကြက်တွေ stress ရတဲ့အချိန်မှာ ရောဂါထဖြစ်ပါတယ်။ Secondary bacterial infection အနေနဲ့ E. coli ပါ တွဲဝင်လာပြီး နာတာရှည်အသက်ရှူလမ်းကြောင်းရောဂါကို ဖြစ်ပွားပါတယ်။
၂။ ကူးစက်ပုံ
Vertical transmission- ရောဂါရှိမျိုးကြက်မမှ ကြက်ဥသို့။ ထိုမှတစ်ဆင့် ကြက်ပေါက်သို့ ကူးစက်ခြင်း။
Horizontal transmission- ရောဂါပိုးပါတဲ့ဖုန်မှုန့်နဲ့ အညစ်အကြေးများကိုရှူမိခြင်း၊ ထိမိခြင်းမှ ကူးစက်ခြင်း၊ လူ၊ ယာဉ် နှင့် အသုံးအဆောင်ပစ္စည်းများမှ ကူးစက်ခြင်း။
၃။ ရောဂါလက္ခဏာများ
အသားတိုးကြက်နဲ့ ဥစားကြက်မဒန်းတွေမှာ အသက်ရှူလမ်းကြောင်းလက္ခဏာများဖြစ်ခြင်း၊ အစာစားနည်းခြင်း၊ ကိုယ်အလေးချိန်လျော့ခြင်းနှင့် အစာမှအသားတိုးနှုန်း FCR မကောင်းခြင်း။
ဥကြက်မတွေမှာ -
ဥနှုန်း ၂၀ - ၃၀ % ကျပြီး မျိုးဥပေါက်နှုန်းကျခြင်း၊ ကြက်ပေါက်အရည်အသွေးညံ့ခြင်း၊ နှာခေါင်းနဲ့ မျက်လုံးမှာ အညစ်အကြေးထွက်ခြင်း၊ မျက်ရည်ကျခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ ပါးစပ်ဟ၍အသက်ရှူခြင်း၊ ခေါင်းတဆတ်ဆတ်ခါခြင်း။
အသားတိုးကြက်များတွင်-
ဦးခေါင်းရောင်ခြင်း၊ ဦးနှောက်ပုံပျက်ယွင်းခြင်း၊ အမွေးစောင်းခြင်း၊ ကြီးထွားနှုန်းနှေးခြင်း၊ ခြေထောက်များမသန်ခြင်း၊ အသားနှင့် ဥအရည်အသွေးညံ့ခြင်း။
၄။ အများဆုံးဖြစ်တဲ့အသက်အရွယ်
ကြက်အသက် ၃ ပတ် နဲ့ ၆ ပတ်ကြား ကူးစက်နှုန်းမြန်ပြီး ထိရောက်စွာကုသပါက သေနှုန်းနည်းနိုင်ပါတယ်။
၅။ ရောဂါအမည်ဖော်ခြင်း
- ကြက်များရဲ့ရောဂါလက္ခဏာ၊ ကြက်ခြံရဲ့ ရောဂါဖြစ်စဉ်သမိုင်း၊ ကြက်အသေကောင် ခွဲစိတ်စစ်ဆေးမှုရလဒ်ပေါ် အခြေခံ၍ ကောက်ချက်ချခြင်း။
- သွေးခဲရည်ကြည်ကို ELISA နည်းဖြင့် စစ်ခြင်း၊ ကြက်ထံမှ swab နမူနာယူ၍ PCR နည်းဖြင့်စစ်ခြင်းဖြင့် ရောဂါအတည်ပြုခြင်း။
၆။ အသေကောင်ခွဲစိတ်ရာတွင်တွေ့ရမယ့် လက္ခဏာများ
- လည်ပင်း လေပြွန်နီရဲယောင်ရမ်းခြင်းနှင့်အတူ အချွဲများရှိနေတတ်ခြင်း။
- နှာခေါင်းပေါက်နှင့် ဦးခေါင်းခွံအတွင်း ဆက်သွယ်တဲ့ လေလမ်းကြောင်း sinus များရောင်ခြင်း၊ ရင်ခေါင်းတွင်း airsac လေအိတ်များရောင်ခြင်း။
- နောက်ဆက်တွဲ E. coli ပါ တွဲဝင်လျှင် airsac များ ပိုမိုထူထဲရောင်ရမ်းခြင်း၊ အထဲမှာ အရေများနောက်ကျိနေခြင်း။
- Fibrinopurulent pericarditis and perihepatitis ပြည်ယောင်သန်းတဲ့ ချိစ်ပုံအမျှင်များ ဖုံးလွမ်းမှုကြောင့် နှလုံးဖုံးအမြှေးနှင့် အသည်းဖုံးအမြှေးများ ယောင်ခြင်း။
၇။ ကုသခြင်း
- ခြံနှင့် အသုံးအဆောင်ပစ္စည်းများကို သင့်လျော်တဲ့ ပိုးသတ်သန့်စင်ဆေးဖြင့် ဆေးကြောခြင်း။
- ခြံကို လေဝင်လေထွက်ကောင်းအောင် လုပ်ပေးခြင်း။
- ခြံသန့်ရှင်းရေးကို အလေးထားခြင်း။
- ပဋိဇီဝဆေး တိုက်ကျွေးခြင်း။
၈။ ကာကွယ်ခြင်း
- ဇီဝလုံခြုံရေး မြှင့်တင်ခြင်း။
- သန့်ရှင်းရေး အလေးထားခြင်း။
- လေဝင်လေထွက်ကောင်းအောင် ဆောင်ရွက်ခြင်း။
- မျိုးကြက်များတွင် ကာကွယ်ဆေးသုံးခြင်း။
- ကြက်သေများကို တွင်းနက်နက်တူးမြှုပ်ခြင်း။
- ကြက်ခြံတစ်ခြံနှင့်တစ်ခြံ ကူးသန်းသွားလာမှုကန့်သတ်ခြင်းတို့ဖြင့် ကာကွယ်နိုင်ပါသည်။
Ref ; Dr. Swe Mar Tun ရေးသားသော “ကြက်နာတာရှည် အသက်ရှူလမ်းကြောင်းရောဂါ” ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြပါသည်။
Daw Hnin Ou Shwe Yi
လွန်ခဲ့သော ၄ နှစ် ကကြက်ပေါက်ကာစလေးတွေလည်လိမ်ရောဂါလိုဖြစ်နေလို့ဘာဆေးတိုက်ရမလဲရှင့်ကူညီကြပါဦး ကလေးတွေတစ်ညလူံးအော်နေလို့ပါ
ဦးကျော်စိုးဦး
လွန်ခဲ့သော ၄ နှစ် ကamoxillin ၂၅၀အားကို ၄ပုံတပုံတိုက်ပါအစာကိုဆေးထိုးအပ်နဲ့ထမင်းကြက်ဥကြက်သွန်ဖြူစပါးလင်ငြုပ်ကောင်းစတာတွေနဲ့ဆားအနည်းငယ်သကြားတို့ကိုသေချာထောင်းရေအနည်းငယ်ထည့်ရောပီးဆေးထိုးအပ်နဲ့၂၀ccလောက်ထိဝင်အောင်ကျွေးပါဂလူးကိုစ့်ဝယ်တိုက်ပါမရပါကဓာတ်ဆားအငန်ထုပ်ကိုလိုသလောက်ဖျော်တိုက်ပါကြက်မကိုကြက်ကလေးနဲ့ခွဲထားပါEMရနိုင်ပါကတနေ့em1.5ccလောက်ညနေပိုင်းတိုက်ပေးပါ မရနိုင်ပါကမန်ကျည်းသီးထန်းလျက်စိမ်ထားတဲ့အရည်ကိုEMအစားသုံးပါ အနည်းဆုံး၅ရက်မှ၇ရက်တွင်းသေသေချာချာပြုစုပေးပါ။ချွဲရှိမရှိမပြောထားလို့ချွဲမရှိဘူးထင်လို့မပြောတော့ပါဘူးခင်ဗျာ။အဆင်ပြေပါစေ။
Thit Yaee Nae
လွန်ခဲ့သော ၄ နှစ် ကကျွန်မက အိမ်မွေး တိရစ္ဆာန် အနေနဲ့ ကြက်ကလေး၂ကောင်ကိုမွေးထားတာပါ အခု ကျွန်မရဲ့ ကြက်မကလေးက ၈လ အရွယ်ပါ ကလေးလေးတွေလဲပေါက်ထားပါတယ်ရှေ့လကပါ ဒီနေ့ ကြက်မကလေးက အချိန်တိုင်းလိုလို ၀ပ်လို့ဘဲနေပြီးတော့ အစာလဲမစားပါဘူး သူ့အစာအိမ်ထဲမှာလဲ အရည်တွေချည်း ဖြစ်နေပါတယ် (စမ်းကြည့်လိုက်တာပါ) အဲ့တာကြောင့်စိတ်ပူလို့ google မှာရှာရင်းက တွေ့လို့ လာမေးတာပါ အကူအညီပေးကြပါဦးနော် ကျွန်မအတွက် တကယ့်ကို သမီးလေးလိုဖြစ်နေလို့ပါ...ဒီဘက်မှာက တိကုဆရာ၀န်လဲမရှိဘူး ကိုယ်ကလဲ တစ်ခါမှ တေးထိုးပေးရမယ်မှန်းလဲမသိခဲ့ဘူး အောက်ကပုံက ဒီနေ့ နေ့လယ်က ရိုက်ထားတဲ့ပုံပါ .. စာရှည်သွားလို့တောင်းပန်ပါတယ် ကျွန်မကြက်ကလေးက ဘာဖြစ်တာလဲ ဘာဆေးတိုက်သင့်လဲဟင်
ပါဖိုးထူး
လွန်ခဲ့သော ၄ နှစ် ကဆေးနာမည်သိချင်ပါတယ်
ဆက်စပ်မေးခွန်းများ
ဘဲတွေခြေထောက်မှာ ပုံမှာ ပါတဲ့အတိုင်းဖြစ်နေပါတယ်။ လမ်းကောင်းကောင်းမလျှောက်နိုင်ပါ။ ဒါဘာကြောင့်ဖြစ်တာလဲ ဘယ်လိုကာကွယ်ရမလဲ ဆရာများ လမ်းညွှန်ပါအုန်း။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နွားမျက်စိတဘက်ဝယ်လာထဲကမျက်ရည်ကျနေ10ရက်ကျော်ပြီးကြည့်ကြည့်တာတော့ဘာမှထိခိုက်ဒဏ်မတွေ့ရဘာလုပ်သင့်လဲဘာဖြစ်တာလဲရှင်းပြပြောပြပေးပါဗျ
zin Phyo naung • ဖြေကြားချက် 3 ခု
နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ
အုန်းကျော် • ဖြေကြားချက် 1 ခု
မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။
အုန်းကျော် • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဦးဇော်(dof)
အားလုံး