အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နွေရာသီအကူးအပြောင်း ကြက်ကျန်းမာရေးအကြောင်း

နွေရာသီအကူးအပြောင်း ကြက်ကျန်းမာရေးအကြောင်း

    ဆောင်းအကုန်နွေအကူး ရာသီအကူးအပြောင်းတွင် ကြက်များမှာ ရာသီဥတုဒဏ်ကို အတော်လေး ခုခံတွန်းလှန်နေကြရပါသည်။ Fluctuating Temperature Changes ကြောင့် ကြက်တွေဟာ ပတ်ဝန်းကျင် ရာသီဥတုနှင့် သဟဇာတဖြစ်အောင် ၎င်းတို့၏ဇီဝကမ္မဖြစ်စဉ်ကို အလျှင်အမြန်ပြောင်းလဲနေကြရပါသည်။ ဆောင်းရာသီကာလတုန်းကလည်း အအေးဒဏ်ကို တွန်းလှန်ဖို့ ကြက်တွေဟာ သာမန်အချိန်ထက် စွမ်းအင်ဓာတ်ပိုမိုလိုအပ်တာကြောင့် ကျွေးနေကြအစာနှုန်းထက် အစာအနည်းငယ်ကို ပိုမိုကျွေးသင့်ပါတယ်။ 

    ဆောင်းမှနွေသို့ ရာသီအကူးအပြောင်းတွင် အပူချိန်မြင့်လာမှုကြောင့် အစာစားနှုန်းကျဆင်းသွားပြီး ကြက်ခန္ဓာကိုယ်အတွက် လိုအပ်သော အစာအဟာရမရရှိသောကြောင့် ခုခံအားစနစ်တွေ ကျဆင်းလာတတ်ပြီး ၉၆ ပါးသော ကြက်ရောဂါများ စတင်ဒုက္ခပေးလာတတ်ပါသည်။

ထို့ကြောင့် ကြက်မွေးမြူရေးသမားများမှ နွေရာသီတွင် အောက်ပါအချက်များကို လိုက်နာကြရန် အရေးကြီးပါသည်။

(၁) ကြက်ခြံတွင် လိုအပ်သောအပူချိန်ကို သာမန်ထက်လွန်ကဲစွာပေးခြင်း (သို့) လိုအပ်သောအပူချိန်ကို အလုံအလောက်မပေးခြင်းတို့ကို ဂရုပြုကြရန်။

(၂) ကြက်ရေသောက်ကန်ကိုလည်း အမိုးအကာမလုပ်ဘဲ နေပူကျဲကျဲတွင် မထားကြရန်။

(၃) အပူချိန်ပြင်းထန်ချိန်တွင် heat stress မဖြစ်ရလေအောင် ကြက်ရဲ့ ခန္ဓာကိုယ်အပူချိန်ကို လျော့ချနိုင်စေရန်အတွက် ရေအေးအေးသောက်သုံးနိုင်စေရန် စီမံထားရှိခြင်း။

(၄) ကြက်များကို ပုံမှန်တိုက်နေကြ ကာကွယ်ဆေးများကို အရမ်းအေးသော ဆောင်းရာသီ နေခင်းပိုင်းတွင် တိုက်လေ့ရှိပြီး ပူပြင်းသောနွေရာသီတွင် နေပူချိန်မမြင့်ခင် မနက်ခင်းတွင်သာ ကာကွယ်ဆေးတိုင်ကျွေးရန်။

(၅) ရာသီဥတုပူပြင်းချိန်တွင် ကြက်များကို ကာကွယ်ဆေးတိုက်ရာ၌ ကာကွယ်ဆေးတုံ့ပြန်မှု နည်းပါးစေရန်အတွက် အားပျော့ထားသော ကာကွယ်ဆေးမျိုးကို ရွေးချယ်ရန်နှင့် မိမိကြက် ကျန်းမာရေးအခြေအနေအရ လိုအပ်သော ဖြည့်စွက်ဆေးများကိုသာ တိုက်ကျွေးကြရန်။ 

(၆) ကြက်အစာများ မကြာခဏ ပြောင်းလဲကျွေးမွေးခြင်းမျိုးကို အထူးသတိပြုကြရန်။

(၇) အချို့သော ကြက်ခြံများမှာ သီးခြားစီရှိကြသော်လည်း ရောဂါထူပြောမှုရှိနေတတ်သဖြင့် မိမိကြက်ခြံအတွင် လူဝင်လူထွက် ယာဉ်ဝင်ထွက်မှုကို အထူးကြပ်မတ်ကြရန်။

(၈) ကြက်ရောဂါကူးစက်မှု၏ ၉၀ % ခန့်မှာ ကြက်စာတင်သောကားများ၊ ကြက်ဥကဒ်များ၊ လူတို့မှလည်း ကူးစက်မှုဖြစ်နိုင်ခြေများသဖြင့် ကြက်စာသယ်ယူပို့ဆောင်ရေးကားကို ပိုးသတ်ဆေးဖျန်းခြင်း၊ ကြက်ဥကဒ်များကို ပိုးသတ်ဆေးရည်ကန်တွင် စိမ်ပြီးမှ ကြက်ခြံထဲတွင် အသုံးပြုခြင်းကို မဖြစ်မနေလုပ်ဆောင်ကြရန်။

(၉) ငှက်နှင့် ကြွက်များမှလည်း ရောဂါပိုးသယ်ဆောင်နိုင်ချေများသောကြောင့် စနစ်တကျထိန်းချုပ်မှုပြုကြရန်။

(၁၀) ကာကွယ်ဆေးများကို ယုံကြည်စိတ်ချရသော အရင်းအမြစ်မှရရှိသောဆေးများကိုသာသုံးရန်၊ ရေဖျော်ကာကွယ်ဆေးတိုက်ပါက ရေအရမ်းနည်းခြင်း (သို့) ရေအရမ်းများခြင်း မဖြစ်စေရန် သတိပြုကြရန်၊ (ရေနည်းလွန်းပါက ကြက်တွေရဲ့ ကာကွယ်သောက်မှု မညီမမျှဖြစ်စေပြီး ရေများလွန်းပါက ကာကွယ်ဆေးမှာရှိနေသော ပိုးကောင်လေးတွေရဲ့အာနိသင် ပျက်ပြယ်သွားမှာစိုးသောကြောင့်ဖြစ်သည်။)

(၁၁) ပိုးသေကာကွယ်ဆေးထိုးရာတွင်လည်း တိကျမှန်ကန်သော ဆေးထိုးပိုက်(recorded syringe) ကို အသုံးပြုကြရန်တို့ဖြစ်သည်။

ဦးဇော် (DOF)

kyaw

kyaw

လွန်ခဲ့သော ၅ နှစ် က

အိမ်ကြက်​ပေါက်​တွေတင်​အောင်ဘယ်အစာဘယ်ကာကွယ်​ဆေး​ပေးရမလဲအကျန်​ပေးကျပါအုံး

zin myo

zin myo

လွန်ခဲ့သော ၅ နှစ် က

ကြက်ချေးပန်းပြီးအစာမစားတာဘာဆေးများတိုက်ရမလဲခင်ဗျ အကြံညဏ်လေးပေးပါခင်ဗျ

You

ဆက်စပ်မေးခွန်းများ

ဘဲတွေခြေထောက်မှာ ပုံမှာ ပါတဲ့အတိုင်းဖြစ်နေပါတယ်။ လမ်းကောင်းကောင်းမလျှောက်နိုင်ပါ။ ဒါဘာကြောင့်ဖြစ်တာလဲ ဘယ်လိုကာကွယ်ရမလဲ ဆရာများ လမ်းညွှန်ပါအုန်း။

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

နွားမျက်စိတဘက်ဝယ်လာထဲကမျက်ရည်ကျနေ10ရက်ကျော်ပြီးကြည့်ကြည့်တာတော့ဘာမှထိခိုက်ဒဏ်မတွေ့ရဘာလုပ်သင့်လဲဘာဖြစ်တာလဲရှင်းပြပြောပြပေးပါဗျ

zin Phyo naung • ဖြေကြားချက် 3 ခု

နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ

အုန်းကျော် • ဖြေကြားချက် 1 ခု

မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။

အုန်းကျော် • ဖြေကြားချက် 1 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။