ဆိတ်တွင်ကျရောက်တတ်သော အတွင်းကပ်ပါးပိုးများကာကွယ်နည်းနှင့် ကုသနည်း
အစာအိမ်နှင့် အူလမ်းကြောင်းထဲရှိ သန်ကောင်များ၊ လှေး၊ မွှားနှင့် သန်းများသည် ဆိတ်များ ကျန်းမာရေးအတွက် အဓိကပြဿနာဖြစ်သည်။ မည်သို့သော ကပ်ပါးဖြစ်စေ အာဟာရ ကောင်းစွာပေးခြင်းဖြင့် အကောင်းဆုံးကာကွယ်နိုင်သည်။ ကောင်းမွန်သော သန့်ရှင်းရေး၊ အလှည့်ကျစားကျက် လွှတ်ကြောင်းခြင်းနှင့် မြက်ခြောက်နှင့် စင်တပ်ထားသော အစာကြမ်းများသည် အတွင်းကပ်ပါးပိုးများ ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။
သန်ကောင်များသည် ဆိတ်များထဲမှ အာဟာရကို မှီခို၍ အသက်ရှင်နေကြသည်။ ထုတ်လုပ်မှု ကောင်းစေရန်အတွက် သန်ကောင်ရောဂါကာကွယ်ခြင်းနှင့် ကုသခြင်းပြုလုပ်ရန် အရေးကြီးသည်။
မွှားများသည် အပူပိုင်းဒေသတွင် အဓိက ပြဿနာဖြစ်သည်။
ကောင်းမွန်သော အုပ်ချုပ်မှုအစီအမံများသည် သေစေနိုင်သောရောဂါများကို ကာကွယ်မှုပြုနိုင်ရမည်။
မွှားများသည် ဆိတ်ဝမ်းဗိုက်ထဲတွင် မရှိပါ။ သို့သော်အပြင်ဘက်တွင် တွယ်ကပ်နေကြသည်။ သွေးမှတဆင့်ရောဂါများကို ပျံ့ပွားစေပြီး ဆိတ်ထံမှ အာဟာရများကို စုပ်ယူပါသည်။
အတွင်းကပ်ပါးပိုးများ ကာကွယ်ခြင်းနှင့် ကုသခြင်း
(၁) စားကျက်ကို အလှည့်ကျ လွှတ်ကျောင်းပေးရမည်။ စားကျက်တစ်ခုတည်းပေါ်တွင် ထပ်ခါထပ်ခါ မလွှတ်ကျောင်းရန် လိုအပ်သည်။ မြက်များစားပြီးပါက အခြားစားကျက်သို့ ရွှေ့ပေးရမည်။ နောက်တစ်ကြောင်း မလွှတ်ကျောင်းမီ မြက်များရှည်ထွက်ရန် လိုအပ်သည့် အချိန်ပေးရမည်။ စားကျက်လှည့်ပေးခြင်းဖြင့် မစင်မှတစ်ဆင့် မြက်ပေါ်ကျလာသည့် သန်းဥများစားမိရန် အခွင့်အရေးနည်းသွားသည်။
(၂) အစာကောင်းကောင်း ကျွေးရမည်။
(၃) အလေးချိန်ကျခြင်း၊ ဝမ်းဖောဝမ်းပျက်ခြင်း (သို့မဟုတ်) သွေးအားနည်းရောဂါ ခံစားနေရပါက သီးခြားခွဲထားရမည်။
(၄) ၂ ကြိမ် သို့မဟုတ် ၃ ကြိမ် အမျိုးအစားမတူသော သန်ချဆေးများသုံး၍ ပုံမှန်သန်ချပေးရမည်။

Ref; စိုက်ပျိုးပညာပေးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်းမှထုတ်ဝေတဲ့ ခေတ်မီ မွေးမြူရေး နည်းပညာများ စာအုပ်မှကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဘဲတွေခြေထောက်မှာ ပုံမှာ ပါတဲ့အတိုင်းဖြစ်နေပါတယ်။ လမ်းကောင်းကောင်းမလျှောက်နိုင်ပါ။ ဒါဘာကြောင့်ဖြစ်တာလဲ ဘယ်လိုကာကွယ်ရမလဲ ဆရာများ လမ်းညွှန်ပါအုန်း။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နွားမျက်စိတဘက်ဝယ်လာထဲကမျက်ရည်ကျနေ10ရက်ကျော်ပြီးကြည့်ကြည့်တာတော့ဘာမှထိခိုက်ဒဏ်မတွေ့ရဘာလုပ်သင့်လဲဘာဖြစ်တာလဲရှင်းပြပြောပြပေးပါဗျ
zin Phyo naung • ဖြေကြားချက် 3 ခု
နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ
အုန်းကျော် • ဖြေကြားချက် 1 ခု
မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။
အုန်းကျော် • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026