“ကပ်ပါးကြောင့်ဖြစ်သော ဝက်အရေပြားရောဂါ ကာကွယ်ကုသနည်း ”
ကပ်ပါးကြောင့်ဖြစ်သော ဝက်အရေပြားရောဂါမှာ ဝက်များတွင် အဖြစ်များသဖြင့် ဝက်မွေးမြူသူများ သိရှိစေရန်အလို့ငှာ ကာကွယ်ကုသနည်းကို မျှဝေပေးလိုက်ပါသည်။
ရောဂါဖြစ်ပွားသည့် အကြောင်းအရင်းမှာ-
ဝက်အရေပြားတွင် သန်း၊ မွှားနှင့် ဝဲပိုးစသော ကပ်ပါးကောင်များတွယ်ကပ်ခြင်းကြောင့် ဖြစ်ပါသည်။
ရောဂါလက္ခဏာများ အနေဖြင့်-
- ဝက်အရေပြားတွင် ကပ်ပါးကောင်များဖြစ်သော သန်း၊မွှား နှင့် ဝဲပိုးတို့ကိုက်ခြင်းကြောင့် အနာများဖြစ်လာပြီး ယားယံ၍ ကုတ်ခြစ်ခြင်း၊
- ထိုကုတ်ခြစ်ထားသော အနာများမှတဆင့် ရောဂါပိုးများဝင်ရောက်လာခြင်းများ ဖြစ်ပေါ်လာခြင်း၊
- ဝက်၏ ဦးခေါင်း၊ နားရွက်၊ လက်၊ အမြီးများတွင် ဝဲစွဲတတ်ပြီး ကုသမှုမလုပ်ပါက တစ်ကိုယ်လုံးဝဲစွဲနိုင်ခြင်း စသည်တို့ ဖြစ်နိုင်ပါသည်။

ကုသခြင်းနှင့် ကာကွယ်ခြင်း
- ဝက်ခန္ဓာကိုယ်ကို ပိုးသတ်ဆေးဖြန်းပေးခြင်း၊ လိမ်းပေးခြင်းများ ပြုလုပ်ပေးရပါမည်။
- တစ်ပြိုင်နက်တည်းတွင် နံရံများ၊ အခင်းများကိုလည်း ပိုးသတ်ဆေးဖြန်းပေးခြင်းများ ဆောင်ရွက်ရပါမည်။
ဝက်ခြံကို ခြောက်သွေ့အောင်လုပ်ပေးခြင်းဖြင့်လည်း ရောဂါကို ကာကွယ်နိုင်ပါသည်။
ဝဲရောဂါစွဲကပ်နေသောဝက်များကို ဆေးကုသမှုပြီးပါက လက်ကိုဆပ်ပြာဖြင့်ဆေး ကြောခြင်း၊ အဝတ်များကို လျှော်ဖွတ်ခြင်းများ ပြုလုပ်ရပါမည်။
- ရောဂါဖြစ်ပွားမှုကိုမထိန်းချုပ်နိုင်ပါက နီးစပ်ရာ တိရစ္ဆာန်ဆေးကုဆရာဝန်ထံမှ အကြံပြုချက် ရယူဆောင်ရွက်ရပါမည်။
ဝက်များ ရောဂါဘယကြောင့် ဆုံးရှုံးမှုများ ကင်းဝေးပြီး ဝက်မွေးမြူသူများလည်း တွက်ချေကိုက်ကြပါစေ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဘဲတွေခြေထောက်မှာ ပုံမှာ ပါတဲ့အတိုင်းဖြစ်နေပါတယ်။ လမ်းကောင်းကောင်းမလျှောက်နိုင်ပါ။ ဒါဘာကြောင့်ဖြစ်တာလဲ ဘယ်လိုကာကွယ်ရမလဲ ဆရာများ လမ်းညွှန်ပါအုန်း။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နွားမျက်စိတဘက်ဝယ်လာထဲကမျက်ရည်ကျနေ10ရက်ကျော်ပြီးကြည့်ကြည့်တာတော့ဘာမှထိခိုက်ဒဏ်မတွေ့ရဘာလုပ်သင့်လဲဘာဖြစ်တာလဲရှင်းပြပြောပြပေးပါဗျ
zin Phyo naung • ဖြေကြားချက် 3 ခု
နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ
အုန်းကျော် • ဖြေကြားချက် 1 ခု
မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။
အုန်းကျော် • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဦးဇော်(dof)
အားလုံး