အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မွေးမြူရေးကြက်များ ရောဂါမဝင်စေရန် ကြိုတင်ကာကွယ်သင့်သည့်အချက်များ

မွေးမြူရေးကြက်များ ရောဂါမဝင်စေရန် ကြိုတင်ကာကွယ်သင့်သည့်အချက်များ

Green Way
Green Way • 15/06/2022

ရောဂါကာကွယ်ခြင်းသည် အောင်မြင်သော အသားစားကြက်မွေးမြူရေတွင် အဓိကအကျဆုံး အချက်ဖြစ်သည်။ ကြက်များငယ်စဉ်တွင် ကိုယ်ခံအားနည်းသဖြင့် ရောဂါဝင်နိုင်ချေ မြင့်မားသည်။ ရောဂါများ ဖြစ်ပွားခြင်းသည် ထုတ်လုပ်မှုကို ဆိုးရွားစွာ ထိခိုက်နိုင်ပါသည်။ သေဆုံးမှုနှင့် စီးပွားရေးအရ ဆုံးရှုံးမှုကာကွယ်ရန် သင့်လျော်သော ကာကွယ်ဆေးထိုးပေးပြီး ခုခံအားမြှင့်တင် ပေးရမည်။

ရောဂါကာကွယ်ရန်အတွက်

(၁) အဖြစ်များလေ့ရှိသည့် ရောဂါများကို သိရှိရန်နှင့် သင့်လျော်သည့် ကာကွယ်ဆေးထိုး အစီအမံများ ချမှတ်ရမည်။

(၂) ကြက်ခြံသည် မြင့်ပြီးခြောက်သွေ့ရမည်။ ကောင်းမွန်သော အညစ်အကြေးစွန့်ပစ်မှုနှင့်အထူလမ်း အနည်းဆုံး (၃၀) မီတာကွာသင့်သည်။

(၃) ကြက်များကို သင့်တော်သည့် နေရာအကျယ်အဝန်းနှင့် လိုအပ်သည်များထားပေးရမည်။ ကြက်များ ရောင်းချပြီးသည်နှင့် ခြံကိုပိုးသတ်ဆေးများဖြင့် သေချာသန့်ရှင်းပေးထားပြီး အတိုင်းအတာတစ်ခုအထိ ခြံကိုကြက် မမွေးဘဲထားရမည်။

(၄) ကြမ်းပြင်ကို ချောမွေ့အောင် ကွန်ကရစ်ခင်းပေးထားရမည်။ (သန့်ရှင်းလွယ်အောင်)

(၅) ခြံအဝင်တွင် ပိုးသတ်ဆေးကန်ပြုလုပ်ပေးထားပြီး အလုပ်သမားများ ၎င်းအပေါ်မှဖြတ်ဝင်ရန်နှင့် ခြံ အတွင်းစီးရန် သီးသန့်ရှုးဖိနပ်များ ထားပေးရမည်။

(၆) လေဝင်လေထွက်ကောင်းမွန်နေရမည်။

(၇) အခင်းများကို ကောင်းမွန်ရန်နှင့် လိုအပ်ပါက အသစ်လဲပေးရမည်။

(၈) အစာခွက်ထဲ ကျန်ရှိနေသော အစာများမပုပ်သိုးစေရန် အစာကျွေးချိန်များ နီးကပ်ရမည်။

(၉) ကြောင်၊ ကြွက်၊ ခွေးစသည်တို့ မဝင်အောင် ကာကွယ်ထားရမည်။

(၁၀) အချိန်ကာလပိုင်းခြား၍ အပြင်ကပ်ပါးပိုးသတ်ဆေးများကို အသုံးပြုရမည်။

(၁၁) ကြက်သေ (သို့) နေမကောင်းသော ကြက်များအား ချက်ချင်းဖယ်ရှားပစ်ရန်နှင့် အနက် (၁)မီတာ ကျော်တွင် မြှင့်ပေးရမည်။

ref: စိုက်ပျိုးပညာပေးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်းမှထုတ်ဝေတဲ့ ခေတ်မီ မွေးမြူရေး နည်းပညာများ စာအုပ်မှကောက်နုတ်ဖော်ပြပါသည်။

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

You

ဆက်စပ်မေးခွန်းများ

ဘဲတွေခြေထောက်မှာ ပုံမှာ ပါတဲ့အတိုင်းဖြစ်နေပါတယ်။ လမ်းကောင်းကောင်းမလျှောက်နိုင်ပါ။ ဒါဘာကြောင့်ဖြစ်တာလဲ ဘယ်လိုကာကွယ်ရမလဲ ဆရာများ လမ်းညွှန်ပါအုန်း။

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

နွားမျက်စိတဘက်ဝယ်လာထဲကမျက်ရည်ကျနေ10ရက်ကျော်ပြီးကြည့်ကြည့်တာတော့ဘာမှထိခိုက်ဒဏ်မတွေ့ရဘာလုပ်သင့်လဲဘာဖြစ်တာလဲရှင်းပြပြောပြပေးပါဗျ

zin Phyo naung • ဖြေကြားချက် 3 ခု

နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ

အုန်းကျော် • ဖြေကြားချက် 1 ခု

မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။

အုန်းကျော် • ဖြေကြားချက် 1 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။