ကျွဲ၊ နွား၊ သိုး၊ ဆိတ်များတွင် ဖြစ်တတ်တဲ့ အကျိတ်နာရောဂါ
ကျွဲ၊ နွား၊ သိုး၊ ဆိတ်တွေမှာ အဖု၊ အကျိတ်တွေ ဖြစ်ပေါ်စေတဲ့ ဗိုင်းရပ်စ်ရောဂါ ၃ ခုအကြောင်း တင်ပြလိုပါတယ်။
ရောဂါပိုး
ရောဂါသုံးမျိုးစလုံးဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားတဲ့ ရောဂါတွေဖြစ်ပြီး Capripoxvirus (CPPV) လို့ခေါ်တဲ့ တူညီတဲ့ ဗိုင်းရပ်စ်အုပ်စုထဲက ဆင်းသက်လာတဲ့ မတူညီတဲ့ ဗိုင်းရပ်စ် ၃ မျိုးကြောင့် ဖြစ်ပွားရတာပါ။
လူသိအများဆုံးက ကျွဲ၊ နွား တွေမှာအတွေ့ရများလာတဲ့ အကျိတ်နာရောဂါ (Lumpy Skin Disease - LSD) ပါ။ Lumpy skin disease virus (LSDV) ကြောင့် ဖြစ်ပွားပါတယ်။
အလားတူ သိုးတွေမှာ အကျိတ်နာဖြစ်စေတဲ့ ရောဂါကိုတော့ သိုးကျောက်ရောဂါ (Sheep pox - SP) လို့ခေါ်ပြီး၊ Sheeppox virus (SPPV) ကြောင့် ဖြစ်ပွားပါတယ်။
ဆိတ်တွေမှာ အကျိတ်နာဖြစ်စေတဲ့ရောဂါကိုတော့ ဆိတ်ကျောက်ရောဂါ (Goat pox - GP) လို့ခေါ်ပြီး Goatpox virus (GTPV) လို့ ခေါ်ပါတယ်။
CPPV ဗိုင်းရပ်စ် ၃ မျိုးစလုံးဟာ စားမြုံပြန်သတ္တဝါတွေမှာသာ ကူးစက်ဖြစ်ပွားပြီး လူကိုကူးစက်ခြင်း လုံးဝမရှိပါဘူး။
ဗိုင်းရပ်စ် ၃ မျိုးထဲမှာ LSDV ဟာ ကျွဲနဲ့ နွားမှာပဲ ရောဂါဖြစ်ပွားစေပါတယ်။
SPPV နဲ့ GTPV ဗိုင်းရပ်စ် နှစ်မျိုးကတော့ သိုး နဲ့ ဆိတ် နှစ်မျိုးစလုံးမှာ တွေ့ရနိုင်ပါတယ်။

ရောဂါလက္ခဏာ
CPPV ဗိုင်းရပ်စ် ၃ မျိုးစလုံးဟာ တိရစ္ဆာန်တွေရဲ့ အရေပြားပေါ်မှာ အဖု၊ အကျိတ်တွေ ဖြစ်ပေါ်စေပါတယ်။ အကျိတ်တွေဟာ အချင်း ၂ - ၅ စင်တီမီတာ လောက်အထိ ကြီးမားပါတယ်။ အရေပြားမှာသာမက ခန္ဓာကိုယ်အတွင်းပိုင်း နံရံတွေမှာလည်း အကျိတ်ဖုတွေ၊ အနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
ကိုယ်အလေးချိန် ကျဆင်းခြင်း၊ နို့ထုတ်လုပ်မှု ကျဆင်းခြင်း၊ ဖျားနာခြင်း၊ မှိုင်တွေခြင်း၊ မျက်လုံးနဲ့ နှာခေါင်းကနေ အရည်တွေ ကျဆင်းခြင်း၊ သွားရည်ကျခြင်း၊ အချို့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ အရည်စုပြီး ရေဖျဉ်းစွဲခြင်း၊ ခြေထောက်နာခြင်း၊ သေဆုံးခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။
SP နဲ့ GP ဟာ သိုး၊ ဆိတ်တွေမှာ ရောဂါဖြစ်နှုန်း ၂၀ ရာခိုင်နှုန်းလောက်ရှိပြီး၊ ဖြစ်တဲ့ကောင်ရေစုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းအထိ သေဆုံးနိုင်ချေ ရှိပါတယ်။
LSD ကတော့ ရောဂါဖြစ်နှုန်း ၉ - ၂၆ ရာခိုင်နှုန်းခန့် ရှိပြီး သေဆုံးနှုန်းက ၀.၅ - ၂ ရာခိုင်နှုန်း ခန့် ရှိပါတယ်။
ကူးစက်ဖြစ်ပွားနှုန်းနဲ့ သေနှုန်းနည်းတယ်ဆိုပေမယ့် စီးပွားရေးအရ ထိခိုက်မှုကတော့ ကြီးမားပါတယ်။ သေဆုံးမှုအပြင် နို့၊ အသား၊ မျိုး ထုတ်လုပ်မှုတွေ ကျဆင်းသွားခြင်း၊ ဆေးကုသရခြင်း၊ ကြိုတင်ကာကွယ်ရခြင်း၊ ကုန်သွယ်ရေး အတားအဆီးဖြစ်ခြင်းတွေကြောင့် ဆုံးရှုံးနစ်နာမှု ကြီးပါတယ်။ ရောဂါဖြစ်ပြီး မသေဘဲ ရှင်ကျန်ခဲ့မယ်ဆိုရင်လည်း တိရစ္ဆာန်တွေရဲ့ အသား၊ သားရေ၊ သိုးမွေးတွေရဲ့ အရည်အသွေး ကျဆင်းပြီး ရောင်းတန်းမဝင်တော့ပါဘူး။
ကူးစက်ပုံ
ဒီရောဂါတွေရဲ့ ကူးစက်ပုံ လမ်းကြောင်းတွေကို ပြည့်ပြည့်စုံစုံ မသိရှိရသေးပါဘူး။ LSD ကတော့ သွေးစုပ်တဲ့ အင်းဆက်တွေ (ယင်ကောင်စသည်) ကနေတဆင့် ရောဂါကူးစက်နိုင်ကြောင်း တွေ့ရှိထားကြပြီး ဖြစ်ပါတယ်။ ဒါကြောင့် ခြင်၊ ယင်ပေါတဲ့ ကာလမှာ ရောဂါကို ပိုတွေ့ရလေ့ရှိပါတယ်။
နောက်တစ်ပိုင်းမှာ ကုသနည်းနဲ့ ကြိုတင်ကာကွယ်နည်းကို ပြောပြပေးသွားပါ့မယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
အကျိတ်နာရောဂါ
Win Moe Oo
လွန်ခဲ့သော ၁ နှစ် က09672338719
U Win Zaw
လွန်ခဲ့သော ၁ နှစ် ကကုသနည်းနဲ့ဆေးတင်ပေးပါဆရာ
zayar soe
လွန်ခဲ့သော ၁ နှစ် ကခုလက်ရှိဖြစ်နေပါတယ် ကုသနည်းလေးပြောပြပေးပါနော်
U Myo Mying
လွန်ခဲ့သော ၁ နှစ် ကကုသနည်းပြောပြပါဆရာ
U Kyaw
လွန်ခဲ့သော ၃ နှစ် ကဒီရောဂါကဘာဆေးတွေထိုးရလည်း
ဆက်စပ်မေးခွန်းများ
Diatomaceous Earth Food Grade ကို ရန်ကုန်မြို့အတွင်း ဘယ်ဆိုင်တွေမှာ ဝယ်လို့ရနိုင်လဲ သိချင်လို့ပါဗျ
Paing Linn • ဖြေကြားချက် 1 ခု
cpဝက်အဖုတေထွက်နေတာဘယ်လုပ်သင့်သလဲဘာကြောင့်အဖုတွေထွတ်တာလဲဖြေပေးပ့အုံးဘယ်ကုသရမလဲ့ဘဖြေပေးပါ
မကစ် • ဖြေကြားချက် 3 ခု
ကျွန်တော် ဆိတ်တွေ ဝမ်းပျော့တွေ တအားသွားနေလို့ပါ ဘယ်လိုဖြေရှင်းရမလဲ လမ်းညွှန်ပါအုန်း ဆရာတို့ရယ်။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
အိမ်မွေးကြက်ပါအစာမစားတစ်ကောင်ထဲကွဲထွက်နေပိးကုပ်နေလို့ဘာဆေးဝါးနဲ့ဘယ်လိုကုရမလဲဖြေပေးပါအုံးရှင့်
ပွင့်ဖြူသန့် • ဖြေကြားချက် 2 ခု
ပူပြင်းခြောက်သွေ့သောနွေရာသီတွင် ဝက်များကိုမည်ကဲ့သို့မွေးမြူသင့်လဲ ထိန်းသိမ်းစောက်ရှောက်သင့်လဲ
Ko Zar • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
ဗီဒီယို
GPS မဖွင့်ဘဲ မိုးလေဝသ ကြည့်လို့ရပြီ
06/11/2026
More from သက်ခိုင်
အားလုံး
စပါးစိုက်တောင်သူတွေကို ဒုက္ခပေးနေတဲ့ ရွှေခရုကို ဘဲစာအဖြစ် ပြောင်းလဲကြမလား?
16/06/2026
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025