အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကြက်ချေးအရောင်ကြည့်၍ ကြက်ကျန်းမာရေးအခြေအနေခန့်မှန်းခြင်း

ကြက်ချေးအရောင်ကြည့်၍ ကြက်ကျန်းမာရေးအခြေအနေခန့်မှန်းခြင်း

Green Way
Green Way • 23/03/2022

 ကျန်းမာရေးကောင်းတဲ့ကြက်တွေရဲ့ ပုံမှန်အရောင်က မီးခိုရောင်ပေါ်မှာ အဖြူရောင်ဖတ်များ ကပ်နေတဲ့ပုံစံပါ။ အနံ့တော့ရှိပေမဲ့ ဆိုးရွားတဲ့ အနံ့တော့မဟုတ်လှပါဘူး။ ဒါပေမဲ့ တစ်ခါတစ်လေ ကြက်ချေးတွေ အရောင်ပြောင်းသွားတဲ့အခါ ရောဂါတစ်ခုခု ခံစားရနေတာ ဖြစ်နိုင်ပါတယ်။ ရောဂါခံစားနေရတာကို ဝမ်းကနေတစ်ဆင့် ပြသပေးတတ်တာမို့ ဘယ်အရောင်တွေက ဘာရောဂါလဲဆိုတာ ဆက်ဖတ်ကြည့်ကြရအောင်ပါ။

 

 

အနီရောင် - အရေပြားအလွှာများရောင်ရမ်းနေတဲ့အခါတွေ့ရတတ်ပါတယ်။ သွေးဝမ်းရောဂါ ခံစားနေရတဲ့ အချိန်မှာလည်းတွေ့ရတတ်ပြီး ကြက်ကြီးတွေမှာ သံလုံးကောင်နဲ့ သံပြားကောင်ရှိနေပါက အနီရောင်မစင် တွေသွားတာကိုတွေ့ရမှာပါ။

 

အနက်ရောင်   -     ကစီဓာတ်ချေဖျက်မှု မကောင်းတာကြောင့် ဖြစ်ပါတယ်။ ပူပေါင်းငယ်တွေ ပါလာက သန်ရောဂါရဲ့ လက္ခဏာပဲဖြစ်ပါတယ်။

 

အစိမ်းရောင်  -  အစာခြေမှုအားမကောင်းခြင်း၊ ညပိုင်းအအေးပိုခြင်း၊ ပုပ်သိုးနေတဲ့ အစာတွေကို စားရတာကြောင့်ဖြစ်နိုင်ပါတယ်။ ကူးစက်တတ်တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါ သို့မဟုတ် ကြက်လည်လိမ်ရောဂါကို ခံစားနေရတာမျိုးကြောင့် ဝမ်းအစိမ်းရောင်သွားရခြင်းကဖြစ်နိုင်ပါတယ်။

 

အဖြူရောင် - အသားဓာတ်တွေ လိုအပ်တာထက် ပိုရနေတာမျိုးကြောင့်လည်း ဖြစ်နိုင်သလို ကြက်ချေးဖြူရောဂါ ကိုခံစားနေရတာလည်းဖြစ်နိုင်ပါတယ်။

 

          ကြက်မွေးတောင်သူတွေအနေနဲ့ ကြက်ချေးအရောင်ကို နေ့စဉ်အကဲခတ်ဖို့လိုပြီး ဝမ်းလျှောခြင်း၊ ကြက်ချေး အရောင်ပြောင်းခြင်းနဲ့အတူ သွေးပါခြင်း ရှိ ၊ မရှိကိုပါ စောင့်ကြည့်ဖို့ လိုပါတယ်။ အကြောင်းကြောင်းကြောင့် ကြက်တွေဖျားနေတဲ့ လက္ခဏာပေါ်ပါက ချက်ချင်းခွဲခြားထားရန်နဲ့ ရောဂါပျံ့နှံ့မှုမရှိစေရန် စောစောသိရှိဖို့က အရမ်းအရေးကြီးပါတယ်။

 

Ref; စိုက်ပျိုးပညာပေးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ထုတ်ဝေသော ခေတ်မီမွေးမြူရေး နည်းပညာများစာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

2
ဖြိုးမြတ်

ဖြိုးမြတ်

လွန်ခဲ့သော ၃ နှစ် က

ကုသတ်ပုံလဲတင်ပေးရင်ကောင်းမှာ

maxx

maxx

လွန်ခဲ့သော ၄ နှစ် က

ဘာဆေးတေနဲ့ ကုသရမလဲခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

ဘဲတွေခြေထောက်မှာ ပုံမှာ ပါတဲ့အတိုင်းဖြစ်နေပါတယ်။ လမ်းကောင်းကောင်းမလျှောက်နိုင်ပါ။ ဒါဘာကြောင့်ဖြစ်တာလဲ ဘယ်လိုကာကွယ်ရမလဲ ဆရာများ လမ်းညွှန်ပါအုန်း။

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

နွားမျက်စိတဘက်ဝယ်လာထဲကမျက်ရည်ကျနေ10ရက်ကျော်ပြီးကြည့်ကြည့်တာတော့ဘာမှထိခိုက်ဒဏ်မတွေ့ရဘာလုပ်သင့်လဲဘာဖြစ်တာလဲရှင်းပြပြောပြပေးပါဗျ

zin Phyo naung • ဖြေကြားချက် 3 ခု

နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ

အုန်းကျော် • ဖြေကြားချက် 1 ခု

မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။

အုန်းကျော် • ဖြေကြားချက် 1 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။