ဝက်ငယ်လေးများတွင် အဖြစ်များသော ဝက်ငယ်ချေးဖြူရောဂါ (Piglet Diarrhea or White Scour) ကိုကာကွယ် ကုသနည်း
ချေးဖြူရောဂါသည် အီးကိုလိုင်(E.coli) ခေါ် ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားပြီး အခြားရောဂါပိုးများ ဝင်ရောက်လာပါက ရောဂါပိုဆိုးစေပါသည်။
ဝက်ငယ်လေးများ၏အသက် ရက်သားမှ ၂ပတ်အတွင်း တွင် ချေးဖြူရောဂါ စတင်ဝင်ရောက် ဖြစ်ပွားတတ်သဖြင့် ကာကွယ်ကုသနည်းကို ဖော်ပြပေးပါမည်။
ရောဂါဖြစ်ပွားသည့် အကြောင်းအရင်းများမှာ-
- မွေးဖွားပြီး ၂-၃ရက်အတွင်း ချက်တိုင်မှ ပိုးဝင်ခြင်း၊
- သောက်ရေနှင့် အစားအစာများမှတဆင့် ရောဂါပိုးဝင်ရောက် ခြင်း၊
- နို့သီးတံ၊ နို့အုံများ ညစ်ပတ်ခြင်း၊
- သန့်ရှင်းရေး ညံ့ဖျင်းခြင်း၊
- ပတ်ဝန်းကျင်ညစ်ပတ်ခြင်းတို့ကြောင့် ရောဂါဝင်ရောက်နိုင်ပါ သည်။
ရောဂါလက္ခဏာများမှာ-
- ဦးစွာ အဖြူရောင်ဝမ်းအရည်ကျဲများသွားခြင်း၊
- ၄င်းနောက် ဝမ်းဖြူဝမ်းပျစ်များသွားခြင်း၊
- ဖင်ပိုင်းတွင် ချေးဖြူအပျစ်များကပ်၍ ပေကျံနေတတ်ခြင်း၊
- ဝက်ခြံကြမ်းခင်းတွင်လည်း ချေးဖြူအပျစ်များဖြင့် ညစ်ပတ်နေခြင်း၊
- ဝက်ငယ်ခန္ဓာကိုယ် အားယုတ်လျော့ခြင်း၊
- နို့စို့ပျက်ခြင်း၊
- အစာစားနှုန်း လျော့ကျခြင်းများတွေ့ရတတ်ပြီးသေဆုံးသည်အထိ ဖြစ်ပွားနိုင်ပါသည်။

ကာကွယ်ခြင်း
- ဝက်ငယ်ချက်တိုင် အမြန်ကျက်စေရန် ဆေးဝါးများထည့် ပေးခြင်း၊
- အစာခွက်၊ရေခွက်များ သန့်ရှင်းရေးပုံမှန်လုပ်ပေးခြင်း၊
- ပိုးသတ်ဆေးများ စနစ်တကျ ဖျန်းပေးခြင်း၊
- ဝက်ခြံသန့်ရှင်းရေး ကောင်းစွာလုပ်ပေးခြင်းတို့ဖြင့် ရောဂါကာကွယ်နိုင်ပါသည်။
ကုသခြင်း
- ပဋိဇီဝဆေးထိုးပေးခြင်း၊ တိုက်ပေးခြင်းဖြင့် ကုသနိုင်ပါ သည်။
- နို့အုံသန့်ရှင်းရေးလုပ်ပေးခြင်း၊
- ရောဂါဖြစ်ပွားသော ဝက်ငယ်များအား သီးခြားထားပြီး ဆေးကုသပေးခြင်း၊
- မွေးမြူရေးခြံကို သန့်ရှင်းအောင်ထားခြင်း၊
- ပိုးသတ်ဆေးဖျန်းခြင်းဖြင့် ရောဂါသက်သာနိုင်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
သိန်းထိုက်အောင်
လွန်ခဲ့သော ၃ နှစ် ကကျေးဇူတင်ပါတယ်
Ko Ko
လွန်ခဲ့သော ၄ နှစ် ကဆောင်းပါးအစဆုံးတင်ပေးပါဗျ
Phyo Wai Aung
လွန်ခဲ့သော ၄ နှစ် ကနာဗာ ကော့ ဆေးကို ၃ ရက်ဆက်တိုက်ပါဗျ
ဇော်နိုင်ထွန်း
လွန်ခဲ့သော ၄ နှစ် ကကုသဆေးအမည်လေးညွန်းစေလိုပါတယ်
ဆက်စပ်မေးခွန်းများ
ဘဲတွေခြေထောက်မှာ ပုံမှာ ပါတဲ့အတိုင်းဖြစ်နေပါတယ်။ လမ်းကောင်းကောင်းမလျှောက်နိုင်ပါ။ ဒါဘာကြောင့်ဖြစ်တာလဲ ဘယ်လိုကာကွယ်ရမလဲ ဆရာများ လမ်းညွှန်ပါအုန်း။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နွားမျက်စိတဘက်ဝယ်လာထဲကမျက်ရည်ကျနေ10ရက်ကျော်ပြီးကြည့်ကြည့်တာတော့ဘာမှထိခိုက်ဒဏ်မတွေ့ရဘာလုပ်သင့်လဲဘာဖြစ်တာလဲရှင်းပြပြောပြပေးပါဗျ
zin Phyo naung • ဖြေကြားချက် 3 ခု
နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ
အုန်းကျော် • ဖြေကြားချက် 1 ခု
မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။
အုန်းကျော် • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဦးဇော်(dof)
အားလုံး