ဘာကြောင့်ကြက်တွေချေးဖြူပါကြသလဲ? (အပိုင်း-၁)
ကြက်တွေချေးဖြူဖြစ်နေတယ်။ ဘယ်လိုကုသရမလဲမေးသူတွေအတွက်ဖြစ်ပါတယ်။
ကြက်ချေးမှာ သာမန်အားဖြင့် အဖြူရောင်အလွှာလေးဖုံးလျက်ပါနေတာကို တွေ့ရပါလိမ့်မယ်။ အဲ့ဒီအပိုင်းက အစာခြေလမ်းကြောင်းစွန့်ထုတ်တဲ့ ပစ္စည်းမဟုတ်ဘဲ ကြက်ရဲ့သွေးထဲက မလိုတဲ့ (အဆိပ်အတောက်ဖြစ်မယ့်) ပစ္စည်းတွေကို ကျောက်ကပ်က စစ်ယူစွန့်ထုတ်လိုက်တဲ့ ဆီးသာဖြစ်ပါတယ်။
လူနဲ့ တခြားတိရစ္ဆာန်တွေက ခန္ဓာကိုယ်တွင်းမှာ ပရိုတင်းနဲ့ အမိုင်နိုအက်ဆစ်တွေကို ချေဖျက်သုံးစွဲလို့ ထွက်ပေါ်လာတဲ့ အမိုနီးယားကို အသဲက ယူရီးယားအဖြစ်ပြောင်းပေးပြီး ကျောက်ကပ်က ဆီးအဖြစ်စွန့်ထုတ်ပေးပါတယ်။ ကြက်တွေက ယူရီးယားအစား ယူရစ်အက်ဆစ်အနေနဲ့ စွန့်ထုတ်ပါတယ်။
ယူရီးယားက အဆိပ်အတောက် သတ္တိပြင်းတဲ့အတွက် အားပျော့သွားအောင် ရေအများကြီးနဲ့ ရောပြီးစွန့်ထုတ်ကြရတယ်။ ယူရစ်အက်ဆစ်က ယူရီးယားလောက်အဆိပ်မပြင်းတဲ့အပြင် ရေမှာလည်း မပျော်တဲ့အတွက် ပျစ်ချွဲချွဲ အရည်ပုံစံနဲ့ သူ့ကိုစွန့်ထုတ်လို့ ရပါတယ်။ ဒါ့ကြောင့် ကြက်တွေရဲ့ ယူရစ်အက်ဆစ်ပါတဲ့ ဆီးကို စွန့်ထုတ်တဲ့နေရာမှာ ရေနည်းနည်းပဲ သုံးဖို့ပဲလိုတယ်။
ကြက်တွေမှာ ဆီးအိမ်မရှိတဲ့အတွက် ကျောက်ကပ်ကထွက်လာတဲ့ ယူရစ်အက်ဆစ်ပါတဲ့ ဆီးရည်ဟာ ဆီးပြွန်ကတစ်ဆင့် ဆီး၊ ဝမ်း၊ လိင်အင်္ဂါ သုံးမျိုးလုံးရဲ့ ထွက်ပေါက်တွေ ပေါင်းဆုံတဲ့ သပ္ဗအိတ် (cloaca) ထဲကို ရောက်သွားပါတယ်။ Cloaca ထဲက ဆီးရည်က အူမကြီးထဲကို ဆန်တက်ပြီး အူမကြီးရဲ့ ပြောင်းပြန်ရွေ့လျားမှုကြောင့် တစ်စိတ်တစ်ပိုင်းက အူပိတ်ထဲအထိ ရောက်သွားပါတယ်။ အူမကြီးက ဆီးမှာပါတဲ့ ရေကိုစုပ်ယူလိုက်တဲ့အတွက် ပျစ်ချွဲတဲ့ အဖြူနှစ်ပုံစံနဲ့ cloaca ထဲကို ပြန်ဆင်းလာကြတယ်။ ပြီးမှ ချေးနဲ့အတူ အပြင်ကိုစွန့်ထုတ်လေ့ရှိပါတယ်။
ဒါ့ကြောင့် ကြက်ချေးမှာ ချေးဖြူလို့ပြောကြတဲ့ အပိုင်းလေးအမြဲတွဲပါနေတာပါ။
တစ်ခါတစ်ရံမှာ အဖြူပိုင်းက သိသိသာသာပိုများပြီး (အရည်ပိုကျဲ) ပြီးပါနေတဲ့အခါ ချေးဖြူပါတယ်လို့ပြောကြတယ်။ ချေးဖြူပါတာဟာ ကြက်ရောဂါတစ်မျိုးမဟုတ်ပါ။ ကြက်တွေရဲ့ ကျောက်ကပ်ပုံမှန် အလုပ်မလုပ်နိုင်တဲ့ အခြေအနေတစ်ခုကို ဖော်ပြတဲ့ လက္ခဏသာဖြစ်ပါတယ်။
ချေးဖြူပါတဲ့ ကိစ္စကို ကုစားချင်ရင် ချေးဖြူပါစေတဲ့အကြောင်းအရင်းတွေကို သိထားဖို့လိုပါလိမ့်မယ်။

ကျန်းမာတဲ့ ကြက်ရဲ့ ချေးပုံကိုကြည့်ရင် ပစ္စည်းသုံးမျိုးပါတာ တွေ့ပါလိမ့်မယ်။ အပေါ်ဆုံးမှာ အဖြူနှစ်၊ အဖြူဖတ်၊ မြေဖြူမှုန့် ပုံစံတွေ့ရတဲ့အပိုင်း၊ သူ့အောက်မှာ အခဲအဖတ်မဟုတ်တဲ့ အရည်အပိုင်း၊ အောက်ဆုံးမှာက အစာခြေလမ်းကြောင်းက စွန့်ထုတ်တဲ့ ချေးကိုမာပြီး အခွေလိုက် သို့မဟုတ် အခဲတုံးရှည် ပုံမျိုးနဲ့ တွေ့ရလိမ့်မယ်။
ကြက်ချေးမှာ အဖြူဖတ်နဲ့ အရည်တွေပုံမှန်ထက်ပိုပါပြီး ဝမ်းအရည်ကျဲလိုဖြစ်နေတာဟာ ကျောက်ကပ်ကို ဝန်ပိနေစေတဲ့ အကြောင်းတစ်ရပ်ကြောင့် ဒါမှမဟုတ် ကျောက်ကပ်ကောင်းကောင်း အလုပ်မလုပ်နိုင်လို့ ဖြစ်ရတာပါ။ ကျောက်ကပ်ကောင်းကောင်းအလုပ်မလုပ်နဲ့ ကြက်တွေဟာ ရေပိုသောက် (ခဏခဏသောက်) ကြပြီး သွေးထဲက အညစ်အကြေးတွေကို စွန့်ထုတ်ဖို့ ကြိုးစားကြတယ်။ ဒါ့ကြောင့် ဆီးပိုသွားပြီး (ချေးပုံမှာ အဖြူအရည်ကျဲ ပိုပါလာပြီး) ချေးဖြူပါတယ်လို့ ပြောကြတဲ့ ပုံစံဖြစ်လာတာပါ။
ကျောက်ကပ်ထိခိုက်ပျက်စီးမှုတွေဟာ ဖြည်းဖြည်းချင်းဖြစ်လာတာတွေရှိတယ်။ ထင်ရှားတဲ့ လက္ခဏာမပြတဲ့ အတွက် ခန့်မှန်းသိရှိဖို့ ခက်ခဲပါတယ်။ အချိန်တိုအတွင်းပြင်းပြင်းထန်ထန်ဖြစ်တဲ့ ကျောက်ကပ်ပျက်စီးမှုတွေလည်းရှိပါတယ်။ မှိုင်ကုပ်သေဆုံးစေနိုင်သလို ပြန်ကောင်းသွားတာလည်း ဖြစနိုင်ပါတယ်။ ကျောက်ကပ်ထိခိုက်မှုရှိနေတယ်ဆိုတာကို အပြင်ပန်းအားဖြင့် သိဖို့မလွယ်ပါ။ ကျောက်ကပ်မကောင်းပေမဲ့ ကြက်မတွေ ၇၀ % မှ ၈၀ % ထိ ကောင်းကောင်းဥပေးနေကြပါလိမ့်မယ်။ ဒါပေမဲ့ ကျောက်ကပ်နဲ့ ဆီးပြွန်တွေမှာ urate တွေစုခဲပြီး ပိတ်ဆို့သွားတဲ့အထိ ဖြစ်လာချိန်မှာ ကြက်တွေ ဘာရောဂါသဏ္ဌာန်မှမပြဘဲသေဆုံးစေပါတယ်။
သေဆုံးတဲ့ အချိန်မှာ ကျောက်ကပ်က မစွန့်ထုတ်နိုင်တဲ့ သွေးတွင်းမှာရှိတဲ့ urates တွေကို အသည်း၊ နှလုံးနဲ့ ဝမ်းခေါင်းမြှေး၊ လေအိတ်ပါးစတဲ့ ကိုယ်တွင်းအင်္ဂါတွေရဲ့ အပေါ်ယံမှာ အဖြူမှုန့်တွေအဖြစ် ဖုံးအုပ်လျက်သားတွေ့ရပါလိမ့်မယ်။ ဒါကို visceral gout လို့ခေါ်ကြတယ်။ Urates တွေဟာ အဆစ်အမြစ်တွေထဲကို ရောက်သွားနိုင်ပြီး အဆစ်ရောင်တဲ့ gout ရောဂါလည်းဖြစ်နိုင်ပါတယ်။
အပိုင်း(၂)တွင်ဆက်လက်ဖော်ပြပါဦးမည်။
ဒေါက်တာအောင်မြင့် ရေးသားသော ဆန်းသစ်လေ့လာသော ကြက်ရောဂါပြဿနာများမှ ကောက်နုတ် ဖော်ပြထားခြင်းဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဘဲတွေခြေထောက်မှာ ပုံမှာ ပါတဲ့အတိုင်းဖြစ်နေပါတယ်။ လမ်းကောင်းကောင်းမလျှောက်နိုင်ပါ။ ဒါဘာကြောင့်ဖြစ်တာလဲ ဘယ်လိုကာကွယ်ရမလဲ ဆရာများ လမ်းညွှန်ပါအုန်း။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နွားမျက်စိတဘက်ဝယ်လာထဲကမျက်ရည်ကျနေ10ရက်ကျော်ပြီးကြည့်ကြည့်တာတော့ဘာမှထိခိုက်ဒဏ်မတွေ့ရဘာလုပ်သင့်လဲဘာဖြစ်တာလဲရှင်းပြပြောပြပေးပါဗျ
zin Phyo naung • ဖြေကြားချက် 3 ခု
နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ
အုန်းကျော် • ဖြေကြားချက် 1 ခု
မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။
အုန်းကျော် • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026