“ငှက်ပျောပင်နှင့် ဒေသကြက်၊ ဝက် အစာနှင့် ဥစားဘဲ အစာပြုလုပ်နည်း”
ငှက်ပျောပင်နှင့် ဒေသကြက်အစာပြုလုပ်နည်း (အသားဓာတ် ၁၅%)
၁။ ငှက်ပျောပင်(ပါးပါးလှီး) - ၃၀ ကီလိုဂရမ်
၂။ ဖွဲနု - ၃၀ ကီလိုဂရမ်
၃။ ဆန်ကွဲ - ၁ ကီလိုဂရမ်
၄။ ဆား(စားပွဲတင်ဇွန်း) - ၂ ဇွန်း
၅။ သကြားအညို - ၁ ကီလိုဂရမ်
ပြုလုပ်ပုံ
ကုန်ကြမ်းအားလုံးရောစပ်ပြီး (၅) ရက်ခန့် ပုံးထဲတွင် သိပ်ထားပါ။(၅)ရက်ပြည့်လျှင်ကြက်/ ဘဲများကို ကျွေးနိုင်ပါပြီ။
စရိတ်သက်သာသော ဝက်စာပြုလုပ်နည်း
၁။ ပီလောပီနံ - ၁၀ ကီလိုဂရမ်
၂။ ဖွဲနု - ၁၅ ကီလိုဂရမ်
၃။ ထမင်းဖြူ - ၁ ကီလိုဂရမ်
၄။ ငါး (သို့မဟုတ်) ခရုနှပ်ရည် - ၁ လီတာ
ပြုလုပ်ပုံ
ကုန်ကြမ်းအားလုံးကို ရောစပ်ပြီး သမအောင်မွှေပေးပါ။ လက်ဖြင့် အတုံးလေးများဖြစ် အောင် ဆုပ်ပေးပါ။ ထိုအလုံးလေးများကို လေသလပ်ခံပြီး အခြောက်လှမ်းပါ။ ခြောက်ပါက တိရစ္ဆာန်အစာ( ဝက်၊ ဖား၊ ငါးခူ)တို့ကို ကျွေးမွေးနိုင်ပါသည်။
ဥစားဘဲစာပြုလုပ်နည်း
ဘဲဥထွက်နှုန်းတိုးစေသော အစာပြုလုပ်နည်း
၁။ ငှက်ပျောပင်(ပါးပါးလှီး) - ၅၀ ကီလိုဂရမ်
၂။ တင်လဲရည် - ၁/၂ ကီလိုဂရမ်( ကီလိုဝက်)
၃။ ဆား - ၃၀၀ ဂရမ်
ကုန်ကြမ်းပစ္စည်းအားလုံးကို သမအောင်ရောမွှေပြီး (၂)ရက်ခန့် နှပ်ထားပါ။
အသုံးပြုပုံ
၁။ နှပ်ထားသောအစာ - ၁ ကီလိုဂရမ်
၂။ ဖြည့်စွက်အစာ(အသင့်ကျွေးစပ်စာ) - ၅ ကီလိုဂရမ်
၃။ ဖွဲနု - ၅ ကီလိုဂရမ်
၄။ အသီးအချဉ်ဖောက်ရည်စားပွဲတင်ဇွန်း- ၃ ဇွန်း တို့ကို သမအောင် ရောပြီး ကျွေးနိုင်ပါသည်။ ဘဲငယ်အစာတွင်လည်း အသီးချဉ်ဖောက်ရည်ကို ထည့်၍ ကျွေးနိုင်ပါသည်။ အသီးချဉ်ဖောက်ရည်မရှိပါက EM ကို ထည့်သွင်း အသုံးပြုနိုင်ပါသည်။
တိရစ္ဆာန်အစာ ငှက်ပျောပင်နှင့် နှပ်နည်း
၁။ ငှက်ပျောပင် (ပါးပါးလှီး) - ၁၀၀ ကီလိုဂရမ်
၂။ သကြားအညို - ၄ ကီလိုဂရမ်
၃။ ဆား - ၁ ကီလိုဂရမ်
ပြုလုပ်ပုံ
ကုန်ကြမ်းအားလုံး၏ တစ်မျိုးချင်းစီကို (၁၀ )ပုံ ပုံပြီး ၁ပုံလျှင် ( ၁ )ထပ်နှုန်းဖြင့် ပလပ်စတစ်ပုံးထဲ ထည့်ကာ အပေါ်မှ အဖုံး, ဖုံးထားပေးပါ။ ၎င်းကို (၅ )ရက်ခန့်နှပ်ထားပေးပါ ။ (၅ ) ရက်ပြည့်ပါက ငှက်ပျောပင်နှပ်စာကို အသင့်ကျွေးစပ်စာတို့နှင့် ရောစပ်ပြီး ကျွေးမွေးနိုင်ပါသည်။
အလေးချိန်တွက်ချက်မှု
(၁) ကီလိုဂရမ် - ၆၂ ကျပ်သား
(၁) ပိဿာ - ၁.၆၁ ကီလိုဂရမ်
ဦးဇော် (dof)
မှီငြမ်း - မယ်ဖာလုံဖောင်ဒေးရှင်း လက်ကမ်းစာစောင်မှ ကောက်နှုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Kaung
လွန်ခဲ့သော ၁ နှစ် ကပဲပင်ပေါက်တိုဗေဒါပင်တိုကစွန်ရွက်လည်းမရဘူးဆရာညွန်ပြပေးပါ
aung ko lwin
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးပါ ဆရာ
victor 19
လွန်ခဲ့သော ၅ နှစ် ကအခုမှစမွေးမလို့ပါ
victor 19
လွန်ခဲ့သော ၅ နှစ် ကဥစားဘဲအတွက်ထုတ်ပြီးသားရောရောင်းပါသလား
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဥစားဘဲ (ထိုင်း) မွေးမြူရေးနှင့် အကောင်တစ်ရာလျှင် ဥနှုန်းကောင်းမွန်စေရန် အစာစပ်ပုံများအကြောင်းကို သိရှိလိုပါသည်ခင်ဗျ။
ဦးအာကာမင်း • ဖြေကြားချက် 1 ခု
နွားဝစေရန်ရန်ဆေးနည်းလေးရှိရင်ပြောပြပါ
Min Maung • ဖြေကြားချက် 2 ခု
ဆိတ်စာချဉ်ဖတ် လုပ်လို့ရတယ်ပြောကြတယ်။ ဘယ်လိုလုပ်ရသလဲ ပြောပေးပါ။
Min Soe • ဖြေကြားချက် 1 ခု
ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း
Kyaw Thu Lin • ဖြေကြားချက် 1 ခု
Mineral block နွားလျှက်ဓာတ်ဆားခဲ့မကွေးမြို့ဘယ်မှာဝယ်လို့ရလည်းဗျ
ဖြိုးဝေယံစိုး • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဦးဇော်(dof)
အားလုံး