“ ဆေးဖက်ဝင်ပျားကော် ထုတ်ယူပုံနှင့် ကျန်းမာရေးကောင်းကျိုးများ ”
ပျားကော်သည် ပျားမွေးမြူရေးလုပ်ငန်းမှထွက်ရှိသော ပစ္စည်းတစ်မျိုး ဖြစ်ပါသည်။ ပျားကော်ကို လက်ဖြင့်စမ်းကြည့်ပါက စေးထိုင်းထိုင်းရှိကာ အရောင်မှာ ညိုညစ်ညစ်ရှိကြပြီး တချို့မှာ စိမ်းညိုရောင်၊ တချို့မှာ အဝါရင့်ရောင်ဖြစ်ပါသည်။

အရသာမှာ ချိုသင်းပြီး ဗနီလာ(Vanilla) အနံ့နှင့် ဆင်တူပါသည်။ ပျားကော်(Bee Glue) ကို နိုင်ငံတကာတွင် ပရိုပေါလစ် (Propolis)ဟုလည်း ခေါ်ကြပါသည်။
ပျားကော်ပြုလုပ်ခြင်း
ပျားကော်ကို သစ်ပင်၏အဖူး၊ အခေါက်တို့မှထွက်လာသောအစေး(Resins)နှင့် ပျားတို့၏ တံတွေးဂလင်းတို့မှ စစ်ထုတ်ပေးသော အင်ဇိုင်း(Enzyme)တို့ကို ရောပြီးပြုလုပ်ရသည်။
စုဆောင်းရရှိသော သစ်စေးများသည် သစ်ပင်အပေါ်မူတည်၍ ဓာတုပေါင်းစပ်ပါဝင်မှု အရည်အချင်းနှင့် အရေအတွက်တို့ ကွဲပြားနိုင်ပါသည်။
ပျားကော်ထုတ်ယူရရှိပုံ
ပျားအိမ်၏ဘေး(Side Board)တွင် အလျား ၆ လက်မ (သို့မဟုတ်) ၇ လက်မ၊ အနံ ၃ လက်မ(သို့မဟုတ်) ၄လက်မ အပေါက်များဖောက်ပေးရမယ်။ အတွင်းဖုံးတွင်လည်းအလျား(၄) လက်မ(သို့မဟုတ်)(၅)လက်မ၊ အနံ(၂)လက်မ(သို့မဟုတ်) ၃ လက်မ အပေါက်များ ဖောက်ပေးရပါမည်။
ထိုအပေါက်များကို စတုရန်း ၁၀ မီလီမီတာအကွက်များပါ သံဇကာဖြင့် ပိတ်ပေးရသည်။
သံဇကာအကွက်များ၌ ပျားကော်ပိတ်လာသောအခါ သံဇကာကိုဖြုတ်၍ အရက်ပျံတွင်စိမ်ပြီး ပျားကော်ကို ထုတ်ယူရသည်။ တစ်ပတ်တစ်ခါ ပျားအုံများကို အတွင်းစစ်ဆေးစဥ်ပျားအိမ်ဖွင့်ကိရိယာ(Hive Tool)ဖြင့် ကပ်နေသော ပျားကော်များကို ခြစ်ယူစုဆောင်းခြင်းလည်းပြုလုပ်နိုင်ပါသည်။
မျက်မွေးလိမ်ပျား(Meli Pona)မှလည်း ပျားကော်ကို ထုတ်ယူရရှိပါသည်။
ပျားကော်၏ အရောင်ပြောင်းလဲခြင်းသဘော
ပျားကော်သည် သာမန်အပူချိန်တွင် ပျော့ပြောင်းသည်။ အအေးလွန်ကဲလာပါက ကျွတ်ဆတ်မာကြောသွားသလို အရောင်လည်း ပြောင်းသွားပါသည်။အဝါရင့်ရောင်မှ အညိုရောင်သို့ပြောင်းလဲသွားပါသည်။ ပျားကော်၏ရေပျော်အမှတ်သည် ၁၅၀°F ဖြစ်ပါသည်။
ဓာတုပစ္စည်းပါဝင်မှုများ
ပျားကော်ကို ဓာတ်ခွဲကြည့်လျှင် သစ်စေး ၅၅% ၊ ဆီမွှေး ၁၀%၊ ဖယောင်း ၃၈ % နှင့် ဝတ်မှုန် ၅% ပါရှိကြောင်း သိရပါသည်။ရေတွင်အနည်းငယ်သာ ပျော်ဝင်နိုင်သော်လည်း အရက်ပျံတွင် လွယ်ကူစွာ ပျော်ဝင်နိုင်ပါသည်။
ပျားကော်တွင် ဓာတုပစ္စည်း ၁၀၀ ခန့် ပါရှိသည်ဟုဆိုသည်။အဓိကအားဖြင့် Flavonoids ,Phenolics နှင့် Aromatic ဓာတ်ပေါင်းတို့ ပါဝင်ပါသည်။Flavonoids သည် သစ်စေးတို့တွင် ပါဝင်သော ဓာတ်ပေါင်းတစ်ခု ဖြစ်ပါသည်။
ရောဂါအမျိုးမျိုးအတွက် ပျားကော် အသုံးဝင်ပုံများ
၁။ အသားပိုနာနှင့် ထိခိုက်ရှနာများ ဖြစ်ပွားပါက ပျားကော်ကို အပူပေးပြီး အပြားကလေးများလုပ်၍ အသားမာပေါ်တင်ပေးပြီး ပတ်တီးစည်းပေးပါက ၁ ပတ်ခန့် ကြာသောအခါ အသားမာများ ကွာကျလာပါမည်။
၂။ အစာအိမ်အနာဖြစ်ခြင်း၊ အဆုတ်ရောဂါ၊ ထိပ်ကပ်နာ၊ အာခေါင်နာ၊ ပသိရောင်နာ၊ အနှီးစားနာ(Bed Sores)တို့ကိုလည်း ပျားကော်သောက်ဆေးနှင့် ကုသနိုင်ပါသည်။
၃။ တုတ်ကွေးရောဂါ၊ လည်ချောင်းနာ၊ နှာခေါင်းနာ၊ မှက်ခရုနာ နှင့် အမျိုးသမီးရောဂါများအတွက်လည်း ပျားကော်ငုံဆေးနှင့် ကာကွယ်ကုသနိုင်ပါသည်။
၄။ မီးလောင်နာ၊ ရေနွေးပူလောင်နာ၊ ဆိုင်ကယ်အိတ်ဇောနာတို့ကို ပျားကော်အဆီနှင့် လိမ်းပေးပါက အထူးသိသာ ပျောက်ကင်းစေပါသည်။
၅။ ပွေး၊ ညှင်း၊ တင်းတိတ်၊ သန်း၊ လှေး၊ မွှားကိုက်နာများ၊ နှင်းခူနာ၊ ငါးမျက်စေ့နာနှင့် မွှေးကျွတ်နာများကို ပျားကော်အဆီနှင့်ကုသနိုင်ပါသည်။
၆။မျက်ခမ်းစပ်ရောဂါ၊ မျက်မွှေးစားဖက်ခွက်နာ ဖြစ်ပါက ပျားကော် ၅%ပါသော မျက်စဥ်းဆေးဖြင့် ကုသနိုင်ပါသည်။
၇။ ရိုးရိုးဆီးကျိတ်ရောင်ရောဂါနှင့် ပရော့စတိတ်ကင်ဆင် (Adenoma) ရောဂါတို့ကိုလည်း ပျားကော်နှင့် ကုသနိုင်ပါသည်။
၈။ပါးစောင်၊လျှာတို့တွင် ပေါက်တတ်သည့်အပူနာကိုလည်း ပျားကော်နှင့် ကုသနိုင်ပါသည်။
၉။ ပျားကော်သည် လူသားတို့၏ ကျန်းမာရေးအတွက်သာမက တိရစ္ဆာန်များအတွက်လည်း အသုံးဝင်လှပါသည်။ ကျွဲ၊နွား၊ဆင်၊မြင်း၊ခွေးစတဲ့တိရစ္ဆာန်များ အသားဆွေးနာများ ဖြစ်ပွားပါက ပျားကော်နှင့် ပါရာဖင်ဖယောင်းဆီ (Paraffin Wax)ကို ဆတူရောပြီးလိမ်းပေးပါက ပျောက်ကင်းစေနိုင်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဥစားဘဲ (ထိုင်း) မွေးမြူရေးနှင့် အကောင်တစ်ရာလျှင် ဥနှုန်းကောင်းမွန်စေရန် အစာစပ်ပုံများအကြောင်းကို သိရှိလိုပါသည်ခင်ဗျ။
ဦးအာကာမင်း • ဖြေကြားချက် 1 ခု
နွားဝစေရန်ရန်ဆေးနည်းလေးရှိရင်ပြောပြပါ
Min Maung • ဖြေကြားချက် 2 ခု
ဆိတ်စာချဉ်ဖတ် လုပ်လို့ရတယ်ပြောကြတယ်။ ဘယ်လိုလုပ်ရသလဲ ပြောပေးပါ။
Min Soe • ဖြေကြားချက် 1 ခု
ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း
Kyaw Thu Lin • ဖြေကြားချက် 1 ခု
Mineral block နွားလျှက်ဓာတ်ဆားခဲ့မကွေးမြို့ဘယ်မှာဝယ်လို့ရလည်းဗျ
ဖြိုးဝေယံစိုး • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from ဦးဇော်(dof)
အားလုံး