အာဟာရပြည့် ဘဲငယ်နှင့်ဘဲကြီး အစာများစပ်နည်း
ဘဲများကိုလွှတ်ကြောင်းမွေးမြူသည်ဖြစ်စေ၊ အိမ်ခြံဝင်းအတွင်း၌ မွေးမြူသည်ဖြစ်စေ၊ ကြီးထွားနှုန်းကောင်းပြီး ဥနှုန်းများများရစေရန် အဓိကလိုအပ်ချက်မှာ အာဟာရပြည့်စုံစွာပါဝင်သော အစားအစာများကို ကျွေးမွေးခြင်းပင်ဖြစ်သည်။ ဘဲစာထဲ၌ပါဝင်ရမည့် အာဟာရဓာတ်များမှာ ကစီဓာတ်၊ အဆီဓာတ်၊ အသားဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္ထုဓာတ်နှင့် ရေဓာတ်များဖြစ်သည်။ အမျိုးအမည်စုံလင်စွာ ရောစပ်ကျွေးမွေးသွားပါက လိုအပ်သည့်အာဟာရဓာတ်များကို ရရှိမည်ဖြစ်သည်။ တောင်သူလယ်သမားများ အနေဖြင့် မိမိတို့၏ စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများကို လေလွင့်မှုမရှိစေဘဲ တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြုသွားနိုင်ပါသည်။
ဘဲပေါက်ကလေးများကို အသက်၂ပတ်သားအရွယ်အထိ အစာကိုတစ်နေ့လျှင် ၄ကြိမ်ကျွေးပေးရမည်။ ဘဲကလေးများ နှစ်ပတ်ပြည့်လျှင် အစာကို တစ်နေ့ ၃ကြိမ်သာကျွေးပါသည်။ အသက်တစ်လပြည့်သောအခါတွင် တစ်နေ့လျှင် ၂ကြိမ်ကျွေးပါသည်။ ဘဲငယ်အတွက်အစာကို အောက်ပါအချိုးဖြင့် စပ်ပါသည်။
ဆန်ကွဲ ၃၀ %
ဖွဲကြမ်း ၃၀ %
ပုဇွန်ဖွဲ ၁၀ %
ငါးခြောက်မှုံ ၁၀ %
နှမ်းဖတ် ၁၀ %
အုန်းဖတ် ၁၀ %
====== ၁၀၀ %

အရွယ်ရောက်ပြီး ဘဲကြီးတစ်ကောင်သည် တစ်နေ့လျှင် အစာတစ်ဆယ်ကျပ်သား ပျှမ်းမျှစားနိုင်ပါသည်။ ဘဲကြီးအတွက် အစာစပ်နှုန်းမှာ အောက်ပါအတိုင်းဖြသ်သည်။
ဖွဲကြမ်း ၄၀ %
ဖွဲနု ၁၅ %
ဆန်ကွဲ ၂၅ %
ပုဇွန်ဖွဲ ၁၀ %
ငါးခြောက်မှုန့် ၅%
ခရုမှုန့် ၅ %
===== ၁၀၀ %
ဘဲများသည် မှိုအဆိပ်သင့်သည့် ရောဂါကို ကြက်များကဲ့သို့ ခံနိုင်ရည်မရှိသည့်အတွက် ဘဲများ၏အစာထဲတွင် မှိုမပါရှိစေရေးအတွက် အထူးဂရုစိုက်ရန်လိုသည်။ အစာခွက်ရေခွက်များကိုလည်း အချဉ်မပေါက်စေရန် ဂရုစိုက်ပြီး အမြဲသန့်စင်ဆေးကြောပေးရန်လိုသည်။ အစာများထားသိုသည့် အခါတွင်လည်း အစာထဲ၌ ရေငွေ့ဓာတ်ပါဝင်နှုန်းများပြီး သိုလှောင်ရုံအတွင်း လေဝင်လေထွက်မကောင်းပါက အလွယ်တကူ မှိုပေါက်ပွားလာမည်ဖြစ်သည်။ ထို့ကြောင့် အစားအစာကို သိုလှောင်သည့်အခါ ရေငွေ့ဓာတ်နည်းအောင် အခြောက်ခံပြီး လှောင်ထားစဉ်ကာလတစ်လျှောက် အစာအိတ်များကို အပေါ်အောက်အလှည့်ကျ လှန်ပေးရမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
yam Lin
လွန်ခဲ့သော ၂ လ ကဝယ်ချင်ပါတယ်
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဥစားဘဲ (ထိုင်း) မွေးမြူရေးနှင့် အကောင်တစ်ရာလျှင် ဥနှုန်းကောင်းမွန်စေရန် အစာစပ်ပုံများအကြောင်းကို သိရှိလိုပါသည်ခင်ဗျ။
ဦးအာကာမင်း • ဖြေကြားချက် 1 ခု
နွားဝစေရန်ရန်ဆေးနည်းလေးရှိရင်ပြောပြပါ
Min Maung • ဖြေကြားချက် 2 ခု
ဆိတ်စာချဉ်ဖတ် လုပ်လို့ရတယ်ပြောကြတယ်။ ဘယ်လိုလုပ်ရသလဲ ပြောပေးပါ။
Min Soe • ဖြေကြားချက် 1 ခု
ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း
Kyaw Thu Lin • ဖြေကြားချက် 1 ခု
Mineral block နွားလျှက်ဓာတ်ဆားခဲ့မကွေးမြို့ဘယ်မှာဝယ်လို့ရလည်းဗျ
ဖြိုးဝေယံစိုး • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026