မွေးစကြက်ပေါက်လေးများကို ပထမဆုံးအစာကျွေးသင့်ချိန်နှင့် ထိန်းသိမ်းနည်း
အသက်(၀-၆) ပတ်သားရှိ ကြက်ငယ်များကို စီမံအုပ်ချုပ်ရာတွင် ကြက်ငယ်ကြီးထွားမှုကိုသာမက ကြက်ကြီးထုတ်လုပ်မှုကိုပါ အကျိုးသက်ရောက်စေနိုင်သဖြင့် ၎င်းကာလတွင် အထူးသတိပြုဆောင်ရွက်ရပါမည်။
၁။ ပထမဆုံးအစာအား ဥမှပေါက်ပြီး (၄၈) နာရီနှင့် ကြက်ဥအနှစ် ၇၀ မှ၈၀ % ချေဖျက်မှုမပြီးခင်တွင်ကျွေးပေးရမည်။
၂။ အကောင်ဖောက်သည့်အချိန် ကွာဟချက်များက ပထမဆုံးပေါက်သည့် ကြက်များအား စံအဖြစ်သတ်မှတ်ပေးရမည်။
၃။ ပထမဆုံး အစာအားစောစောကျွေးပါက ကြက်ဥအနှစ်ချေဖျက်မှု နှောင့်နှေးစေပြီး အစာရေမြိုပိတ်ဆို့မှု လွယ်ကူစွာဖြစ်ပွားနိုင်ပါသည်။
၄။ နောက်ကျမှ ကျွေးမိပါက ချိနဲ့ပြီး ပုံမှန်အနေအထားရရန် အလွန်နှေးသည်။
၅။ ပထမအစာမကျွေးမီ ကြက်ငယ်များကို ၁နာရီ၊ ၂ နာရီခန့် အိပ်ခွင့်ပေးပြီး ရေနွေးနွေးလေးတိုက်သင့်ပါသည်။
၆။ ပဋိဇီဝဆေးမှုန့်များအား အသုံးပြုရမည့် ပမာဏအတိုင်း အစာထဲတွင် ရောစပ်ကျွေးသင့်သည်။ အဘယ်ကြောင့်ဆိုသော် ကြက်များမီးမကိုင်မီ အထီးအမခွဲခြားခြင်း၊ မားရက်ရောဂါကာကွယ်ဆေးထိုးခြင်း၊ နှုတ်သီးဖြတ်ခြင်း၊ တင်ပို့ခြင်းစသည်တို့ကြောင့် ပင်ပန်းပြီး ခြံသို့ရောက်ရှိလာတတ်ပါသည်။ အနွေးဓာတ်ပေးသည့် အခန်းထဲသို့ ထည့်ရာတွင် ကျန်းမာသောကြက်နှင့်ချိနဲ့ (သို့) ပုံမမှန်သော ကြက်များကိုရှင်းလင်းပစ်ရမည်။

ပထမဆုံးအစာနှင့်ရေ
အကောင်ပေါက်ပြီးနောက် ဥအနှစ်သည်ကြက်၏ ဝမ်းဗိုက်ထဲတွင်ရှိနေသေးသဖြင့် ဒုတိယမြောက်နေ့အထိ အစာမကျွေးလည်း ဖြစ်နိုင်ပါသည်။ ကြက်ဥဖောက်စက်မှ မားရက်ကာကွယ်ဆေးထိုးပေးရန် ကြာမည့်အချိန်နှင့် သယ်ယူပို့ဆောင်ရေးအတွက် လိုအပ်မည့် အချိန်တို့ကို ထည့်သွင်းစဉ်းစားရမည်။ ကြက်ရောက်သည်နှင့် တပြိုင်နက် ရေထည့်ပေးရမည်။ အစာကိုကြက်များနားပြီး နောက်ပိုင်းမှ ထည့်ပေးရမည်။
ပထမတစ်ပတ်အတွင်း အစာကျွေးမှုနှင့် စီမံအုပ်ချုပ်မှု
သေဆုံးမှုနှုန်းအမြင့်ဆုံးအချိန်ဖြစ်သဖြင့် အပူချိန်၊ စိုထိုင်းစနှင့် လေဝင်လေထွက် ထိန်းချုပ်ခြင်းတို့ကို ဂရုစိုက်ရန်လိုအပ်ပါသည်။ အခန်းတွင်း၌ အေးနေပါကအစာရေကို အလွယ်တကူပိတ်ဆို့နိုင်သဖြင့် ညပိုင်းအချိန်များတွင် မီးကိုင်သည့် အခန်းအား လိုအပ်သော အနွေးဓာတ်ပေးရန် လိုအပ်ပါသည်။ ဝမ်းရောဂါများ ဝင်ရောက်မှုကို ကာကွယ်ရန် ဖိတ်စင်ကျနေသော အစာများနှင့် မစင်များကို ကြမ်းခင်းပေါ်မှ ပုံမှန်ဖယ်ရှားပေးရမည်။ တစ်ပတ်အတွင်း ပတ်ဝန်းကျင်နှင့် သဟဇာတရှိစေရန် အစာခွက်၊ ရေခွက်ရှာနိုင်ရန် (၂၄ )နာရီအလင်းရောင်ထားပေးရမည်။
Ref; စိုက်ပျိုးပညာပေးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်းမှထုတ်ဝေတဲ့ ခေတ်မီ မွေးမြူရေး နည်းပညာများ စာအုပ်မှကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဥစားဘဲ (ထိုင်း) မွေးမြူရေးနှင့် အကောင်တစ်ရာလျှင် ဥနှုန်းကောင်းမွန်စေရန် အစာစပ်ပုံများအကြောင်းကို သိရှိလိုပါသည်ခင်ဗျ။
ဦးအာကာမင်း • ဖြေကြားချက် 1 ခု
နွားဝစေရန်ရန်ဆေးနည်းလေးရှိရင်ပြောပြပါ
Min Maung • ဖြေကြားချက် 2 ခု
ဆိတ်စာချဉ်ဖတ် လုပ်လို့ရတယ်ပြောကြတယ်။ ဘယ်လိုလုပ်ရသလဲ ပြောပေးပါ။
Min Soe • ဖြေကြားချက် 1 ခု
ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း
Kyaw Thu Lin • ဖြေကြားချက် 1 ခု
Mineral block နွားလျှက်ဓာတ်ဆားခဲ့မကွေးမြို့ဘယ်မှာဝယ်လို့ရလည်းဗျ
ဖြိုးဝေယံစိုး • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026