နို့ထွက်နွားမနှင့် နို့ခမ်းနွားမ တို့အတွက် အခြေခံ အာဟာရဗေဒ
အာဟာရပြည့်ဝစွာ ရရှိသော နွားများသည် အာဟာရပြည့်ဝစွာ မရရှိသော နွားများထက် အကျိုးမြတ်များ စေပါသည်။
အခြေခံ လိုအပ်ချက်များ
• Water (ရေ)
• Energy (စွမ်းအင်)
• Protein (အသားဓါတ်)
• Fibre (အမျှင်ဓါတ်)
• Minerals (သတ္ထုဓါတ်)
• Vitamins (ဗီတာမင်ဓါတ်)
WATER (ရေ)
• မြန်မာနိုင်ငံတွင် ပုံမှန်အားဖြင့် နွားများကို ရေဘယ်နှစ်ကြိမ် တိုက်သနည်း?
• သင် တစ်ရက်လျှင် ရေ ဘယ်နှစ်ကြိမ် သောက်သနည်း?
• နို့ပေးနွားမများသည် တစ်ရက်လျှင် ရေပမာဏ (၉၀) ပိဿာ သောက်သုံး နိုင်သည်။
• ရေသောက်နှုန်း နည်းလျှင် အစာစား နှုန်းနှင့် နို့ထွက်နှုန်း နည်းမည်။
• တိရစ္ဆာန် သက်သာချောင်ချိရေးနှင့် မွေးမြူရေးအကျိုးအမြတ် အတွက် ရေအပြည့်အဝ တိုက်ကျွေးရန် လိုအပ်သည်။
• နွားနို့တွင် ရေ (၉၀) ရာခိုင်နှုန်းခန့် ပါဝင်သည်။
• နွားများကို ရေများများ တိုက်လျှင် နို့ထွက်နှုန်းကောင်းစေပြီး၊ ရေကို အကန့်အသတ်ဖြင့် တိုက်ကျွေးလျင် နို့ထွက်နှုန်းနှင့် သားအောင်သားပေါက်နှုန်းပါ ထိခိုက်နိုင်ပါသည်။
အထက်ပါအချက်များကို ထောက်ရှုကာ နွားများကို လွတ်လပ်စွာသွားလာနိုင်ရန်နှင့် ရေကို ၂၄ နာရီ အချိန်ပြည့် သောက်သုံးနိုင်ရန် အကြံပြုထောက်ခံ အပ်ပါသည်။
အစာတစ်ခုနှင့်တစ်ခု နှိုင်ယှဉ်ခြင်း
ဉပမာ - အစာနု - ၁၀ % (အစိုဓာတ်), အရည်သွေးပြည့်အစာစိမ်း – ၈၀ (အစိုဓာတ်)
အစာကျွေးမွေးရာတွင် အခြောက်ချိန်ပမာဏ (အစိုဓာတ်ဖယ်ပြီး) ဖြင့်တွက်ချက် ကျွေးမွေးသင့်သည်။ အလေးချိန်တူညီသော်လည်း အစို/အခြောက် ပါဝင်မှုပေါ်မူတည်၍ အစာခြောက်အလေးချိန်ပမာဏ ကွာခြားနိုင်ပါသည်။ ထို့ကြောင့် မိမိကျွေးသော အစာသည် အစိုဖြစ်နေလျှင် အခြောက်ချိန် မည့်မျှ ရှိမည်ကို သိရှိရန်လိုအပ်ပါသည်။
အခြောက်ဓာတ် (DM) = လုံးဝခြောက်သွေ့သွားသော အခြောက်ပမာဏ
• အစာခြောက်ခံရန်အတွက် အပူပေးပစ္စည်းလိုအပ်သည်။
• စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများ၊ စားကျက်ပင်များ၊ ရာသီလိုက်စိုက်ပျိုးသော တိရစ္ဆာန် အစာများကို အစာအဖြစ်အသုံးပြုသောကြောင့် မိမိခြံမှရရှိနိုင်သော အစာပေါ်မူတည်ပြီး လစဉ် လိုအပ်ချက်မှ တစ်နှစ်လုံးအတွက် အစာလိုအပ်ချက်ကို ကြိုတင်ခန့်မှန်းထားရန် လိုအပ်ပါမည်။
ENERGY (စွမ်းအင်)
• စွမ်းအင်ကို Megajoules (metric) or Megacalories (imperial) ဖော်ပြပါသည်။
• တိရစ္ဆာန်သည် အစာ၌ပါဝင်သော စွမ်းအင်အားလုံးကို အသုံးမပြုနိုင်ခြင်းကြောင့် တိရစ္ဆာန် မှ အမှန်တကယ် အသုံးပြုသော ပမာဏကို တိုင်တာရန် METABOLISABLE ENERGY or Megajoules of Metabolisable Energy (MJME) အသုံးပြုတွက်ချက်ကြသည်။
စွမ်းအင်လိုအပ်ချက်
• Maintenance (ခန္ဓာကိုယ် အသက်ရှင်လှုပ်ရှားရန် အမှန်လိုအပ်သော စွမ်းအင်ပမာဏ)
• Regulating body temperature (ခန္ဓာကိုယ် အပူချိန်ထိန်းညှိခြင်း)
• Ruminating (စားမြှုံပြန်ခြင်း)
• Cell and organ function (ကိုယ်တွင်း အင်္ဂါများလုပ်ငန်း ဆောင်ရွက်ခြင်း)
• Milk production (နို့ထုတ်လုပ်ခြင်း)
• Pregnancy (ကိုယ်ဝန်ဆောင်ခြင်း)
• Movement (လှုပ်ရှားသွားလာခြင်း)
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
MDEP
Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဥစားဘဲ (ထိုင်း) မွေးမြူရေးနှင့် အကောင်တစ်ရာလျှင် ဥနှုန်းကောင်းမွန်စေရန် အစာစပ်ပုံများအကြောင်းကို သိရှိလိုပါသည်ခင်ဗျ။
ဦးအာကာမင်း • ဖြေကြားချက် 1 ခု
နွားဝစေရန်ရန်ဆေးနည်းလေးရှိရင်ပြောပြပါ
Min Maung • ဖြေကြားချက် 2 ခု
ဆိတ်စာချဉ်ဖတ် လုပ်လို့ရတယ်ပြောကြတယ်။ ဘယ်လိုလုပ်ရသလဲ ပြောပေးပါ။
Min Soe • ဖြေကြားချက် 1 ခု
ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း
Kyaw Thu Lin • ဖြေကြားချက် 1 ခု
Mineral block နွားလျှက်ဓာတ်ဆားခဲ့မကွေးမြို့ဘယ်မှာဝယ်လို့ရလည်းဗျ
ဖြိုးဝေယံစိုး • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from MDEP
အားလုံး