သစ်တောပြုန်းတီးခြင်း
ဥတုရာသီတောကိုမှီဟူသော မြန်မာဆိုရိုးစကားသည် အလွန်မှန်ကန်သော ဆိုးရိုးစကား ဖြစ်ပါသည်။ သစ်တောသစ်ပင်ရှိသော ဒေသများနှင့် မရှိသောဒေသများ အလွန်ကွာခြားပါသည်။ ယနေ့ခေတ်တွင် သစ်တောပြုန်းတီးခြင်းကြောင့် ဖြစ်ပေါ်နေသော ဆိုးကျိုးများ နေရာအနှံ့၌ ခံစားနေရသည်ကို တွေ့မြင်နေရပါသည်။
သစ်ပင်များသည် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး လူသားများအတွက် အောက်ဆီဂျင်ကို ပြန်လည်ထုတ်ပေးပါသည်။ တိုးတက်လာသော ခေတ်နှင့်အညီ မော်တော်ကားများ၊ ဆိုင်ကယ်များနှင့် စက်ရုံများမှ ထွက်ရှိလာသော ဓာတ်ငွေ့များကို စုပ်ယူရန် သစ်တောသစ်ပင် များ လုံလောက်စွာမရှိခြင်းကြောင့် ကမ္ဘာကြီးပူနွေးလာပါသည်။ ထိုသို့ အပူချိန်များ တစ်နှစ်ထက်တစ်နှစ် ပိုများလာသောကြောင့် ရေခဲတောင်များ အရည်ပျော်လာခြင်းများ၊ ရေများရှားပါးလာခြင်း၊ တောမီးများလောင်ခြင်း၊ သက်ရှိအများစုတို့၏ ဇီဝဖြစ်ပျက်မှုများ မြန်ဆန်သွားပြီး သက်တမ်းတိုလာခြင်း စသည်တို့ဖြစ်ပါသည်။
သစ်ပင်များ၏ အမြစ်များသည် မြေကြီးများကို မြဲမြံစွာ စုပ်ကိုင်ထားနိုင်သည့်အပြင် ရွာချသောမိုးရေများကို မြေကြီးထဲသို့ စိမ့်ဝင်မှုကို ကူညီပေးပါသည်။ ယခုနောက်ပိုင်း မိုးများသည် တစ်ကြိမ်တည်းနဲ့ ပမာဏများစွာ ရွာသွန်းသောကြောင့် မြေကြီးထဲသို့ စိမ့်ဝင်ရန် အချိန်မရတော့ဘဲ ရေကြီးခြင်းများ ဖြစ်ပေါ်နေပါသည်။ သို့သော်လည်း အချို့ဒေသများတွင် ရေအလွန်ရှားပါးမှုပြသနာများ ကြုံတွေ့နေရပါသည်။ ထိုရေရှားပါးသော ဒေသများ တွင် သစ်တောသစ်ပင်များ အလွန်ရှားပါး၍ ခြောက်ကပ်နေသည်ကို တွေ့ရပါသည်။ ထို့ကြောင့် မြေတိုက်စားခြင်းများ၊ မြေပြိုခြင်းများ၊ ရေကြီးခြင်းများ၊ တောရိုင်းတိရစ္ဆာန်များ မျိုးတုန်းသွားခြင်း၊ ရေရှားပါးခြင်းများ စသည့်ပြသနာများဖြစ် ပေါ်နေပါသည်။
မြေတိုက်စားခြင်းဖြစ်ပေါ်သောအခါ ထိုတိုက်စားသော မြေကြီးများပေါ်သို့ မိုးရွာချသောအခါ မိုးရေနှင့်အတူ ပါသွားသောကြောင့် မြစ်များကောလာခြင်းများဖြစ်ကာ ရေကြီးခြင်းများ နှစ်စဥ်တွေ့မြင်နေရပါသည်။ ထို့ကြောင့် မြစ်ကမ်းနားများ ပြိုကျကာ နေအိမ်စည်းစိမ်များ ပျက်စီးရသည်ကိုလည်း နှစ်စဥ်ကြားနေရပါသည်။
မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက်ရောက်သော အချိန်ကာလတွင် အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံမှ သစ်များ မြောက်များစွာ ထုတ်ယူခဲ့ပါသည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် သစ်တောများမပြုန်တီးခဲ့ပါ။ အဘယ့်ကြောင့်ဆိုသော် အင်္ဂလိပ်တို့သည် သစ်တစ်ပင်ခုတ် လျှင် သစ်တစ်ပင်ရှင်သန်အောင် ပြန်လည်စိုက်ပျိုးပေးခဲ့သောကြောင့် ဖြစ်ပါသည်။ ယခုမြန်မာနိုင်ငံတွင် သစ်ပင်များကိုသာ ခုတ်ယူ၍ သစ်ပင်များ ပြန်လည်စိုက်ပျိုးခြင်း နည်းပါသည်။ သစ်ပင်စိုက်ပွဲတော်များ ကျင်းပကြသော်လည်း စိုက်ပျိုးပီးသားအပင်များကို ပစ်ထားကြပါသည်။ စိုက်ပျိုးရုံနှင့် မပြီးသေးပါ။ ထိုသစ်ပင်များ ရှင်သန်အောင် ပြုစုပေးဖို့လိုပါသေးသည်။
မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် သစ်ပင်အမြောက်အများ စိုက်ပျိုးနေသော်လည်း ရှင်သန်အောင် ပြုစုပေးရန် မေ့နေကြပါသည်။ မြန်မာနိုင်ငံ၏ တောင်တန်းအများစုသည် တောင်ကတုံးများ ဖြစ်နေပါသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံဖြစ်ပါသည်။ သစ်တောများပြုန်းတီးလာသောကြောင့် ရာသီဥတုများဖောက်ပြန်လာကာ စိုက်ပျိုးရေးလုပ်ငန်းများ အခက်အခဲများနှင့် ရင်ဆိုင်လာရပါသည်။ ကမ္ဘာကြီးပူနွေးလာမှုများ၊ ရာသီဥတုများဖောက်ပြန်လာမှုများ၊ ရေကြီးခြင်းများ၊ မြေပြိုခြင်းများ၊ တောရိုင်းတိရစ္ဆာန်များ ရှားပါးလာမှုများ စသည်တို့ကို ကျွန်တော်တို့ ဘယ်လိုဖြေရှင်းကြမလဲ?။ အဓိကအချက်ကတော့ သစ်ပင်များ ရှင်သန်အောင် စိုက်ပျိုးရပါမည်။ ထို့သို့စိုက်ပျိုးရာတွင်လည်း စိုက်ပျိုးလိုက်သော အပင်များသည် တောင်သူများအတွက် ဝင်ငွေရရှိနိုင်ရန်လည်း အရေးကြီးပါသည်။ ထို့ကြောင့် နိုင်ငံတကာတွင် အသုံးပြုနေသော နှစ်ရှည်သီးနှံ အပင်ကြီးများကြားထဲတွင် တစ်ရာသီခံ သီးနှံအပင်များ ရော၍ စိုက်ပျိုးခြင်း (Agroforestry) ကို အသုံးပြုသင့်ပါသည်။
ထို့ကြောင့် ကမ္ဘာကြီးပြန်လည်စိမ်းလန်းလာစေဖို့ သစ်ပင်များ ရှင်သန်အောင်စိုက် ကြပါစို့လို့ နှိုးဆော် ပြောကြားလိုက်ရပါသည်။
saw raw nal
လွန်ခဲ့သော ၅ နှစ် ကသိပ်ကောင်းပါတယ် ဒါပေမဲ့ အပင်မစိုက်ခင် လူသားတွေကို အပင်နဲ့အတူ ဝိုင်းစိုက်မှာ့ဖြစ်မယ်
မောင်ချမ်းသာဦး
လွန်ခဲ့သော ၅ နှစ် ကကိုမင်းထွန်း ခင်မျ ပြန်လည်ဖြေကြားပေးတာ အချိန်ကြာသွားသည့်အတွက် အနူးအညွန့်တောင်းပန်ပါတယ်ခင်မျ။ အကိုမေးမြန်းထားသော မေးခွန်းကို ဒီနေ့မှ မြင်မိလို့ပါ။ ကျွန်တော်အနေနဲ့ အကြံပေးချင်တာကတော့ သစ်တောကြီးကို စိုက်ပျိုးဥယျာဉ်အဖြစ်ပြောင်းလဲဖို့ဆိုရင် ချက်ချင်းကြီးတော့ မဖြစ်နိုင်ပါဘူး။ ချက်ချင်ကြီးပြောင်းလိုက်ရင် သဘာဝပတ်ဝန်းကျင်ကို များစွာထိခိုက်နိုင်ပါတယ်။ Agroforestry (နှစ်ရှည်သီးနှံပင်များနှင့် ရာသီတိုသီးနှံများ ရောနှော၍ စိုက်ပျိုးခြင်း) နည်းကို အသုံးပြု၍ တဖြည်းဖြည်းပြောင်းလဲယူရင် အကို့အတွက် ဝင်ငွေလည်း ပိုတိုးစေပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှုနည်းစေပါမယ်လို့ ထင်ပါတယ်။ သစ်တောကြီးမှ ဝင်ငွေမရတဲ့သစ်ပင်တွေကို နည်းနည်းချင်းစီ ခုတ်လှဲပြီး ဝင်ငွေရသော သစ်ပင်များ အစားထိုးပြီး စိုက်ပေးခြင်းဖြင့် ပြောင်းလဲစေချင်ပါတယ်ခင်မျ။ အခုလို မေးခွန်းလေးမေးမြန်းသည့်အတွက် ကျေးဇူးတင်ပါတယ်ခင်မျ။
ကိုဆန်းမင်းဦး
လွန်ခဲ့သော ၅ နှစ် ကတနင်္သာရီတိုင်းဒေသကြီးတွင် ပြီးခဲ့သောဆယ်စုနှစ်(၁)ခုအတွင်းမှစပြီး ယနေ့အချိန်ထိ သဘာဝဒီရေတောများကို ခုတ်ထွင်ရှင်းလင်း၍ ရေတိုဖွံ့ဖြိုးရေးတစ်ခုတည်းကိုသာကြည့်ပြီး စီးပွါးရေးလုပ်ငန်းကြီးများ အကောင်အထည်ဖော်ခဲ့ကြသဖြင့် ဂေဟစနစ်များပျက်စီးလာပါသောကြောင့် သားငါးပုဇွန်ဂဏန်းရှားပါး မျိုးသုန်းပျေက်ကွယ်လာကာ ဒေသခံများအတွက် စားဝတ်နေရေခက်ခဲလာခြင်း၊ ဆာငံဒီရေများကြီးခြင်း၊မိုးခေါင်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း စသည့်ရာသီဥတုေဖာက်ပြန် ဆိုးရွားမှုများကြုံတွေ့နေရတာ သက်သေပါပဲ့ဗျ။
ခွန်
လွန်ခဲ့သော ၅ နှစ် ကမှန်
Ko Zaw Bawk
လွန်ခဲ့သော ၅ နှစ် ကေဒါင်တမာပင် စိုက်ချင်တယ် ဘယ်လိုစိုက်ရမလဲ ဆရာတို့ ေကျးဇူးးြပြုပီးနည်းပညာေလး မျှေဝေပးပါ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 0 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from မောင်ချမ်းသာဦး
အားလုံး
ဥယျာဥ်မှူးများအတွက် သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်း
08/01/2021
မြေအောက်ရေထုတ်ယူသုံးစွဲမှု လျော့ချ၍ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစို့
23/12/2020
ကောက်ရိုးများကို မီးမရှို့ဘဲ အကျိုးရှိရှိအသုံးချနည်း
16/12/2020
ငှက်ပျောပင်သက်တမ်းတစ်လျှောက် လိုအပ်သောအာဟာရဓာတ်များ
03/12/2020
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ဓာတုဆေးများအသုံးပြုမှု
18/11/2020