အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နွားမများ၏ မျိုးအောင်နှုန်းနှင့် ခြံအကျိုးအမြတ်ရရှိခြင်း

နွားမများ၏ မျိုးအောင်နှုန်းနှင့် ခြံအကျိုးအမြတ်ရရှိခြင်း

MDEP
MDEP • MDEP • 11/08/2020

    နွားမများ၏ မျိုးပွားမှုဆိုင်ရာ လုပ်ဆောင်ချက်ကောင်းများရရှိခြင်းသည် မွေးမြူရေးလုပ်ငန်း၏ အကျိုးအမြတ်ရရှိရေးအတွက် အရေးကြီးသော အချက်များတွင် တစ်ခုအပါဝင်ဖြစ်သည်။

    # နွားမများ သားအောင်နိုင်စွမ်းမြင့်မား၍ ပုံမှန် တစ်နှစ်တစ်ကြိမ်သားမွေးနေလျှင် ခြံတွင်နွားကလေးများ ပိုပြီးရရှိနေမည်ဖြစ်သည်။

    နွားမများသည် နွားကလေးမွေးပြီး ပထမလအနည်းငယ်တွင် နို့ပေးကာလ အမြင့်ဆုံးဖြစ်သည်။ နောက်ပိုင်းတွင် နို့ထွက်နှုန်းသည် လတိုင်း တဖြည်းဖြည်း လျော့ကျသွားသည်။

    နွားမများ နို့အုံပြန်လည် ကောင်းမွန်လာစေရန်နှင့် နောက်တစ်သားမွေးပြီးနောက် နို့ထွက်နှုန်းကောင်းစေရန် ထိုတစ်သားမမွေးမီ နို့နားကာလအဖြစ်(၂လ) နား ပေးရမည်။

    မွေးမြူသူအများစုသည် နို့နားမပေးခင်အထိ (၁၂-၁၅) လ ကြာ နို့ညှစ်ယူတတ်ကြသည်။ ထိုကဲ့သို့ နို့နားကာလမထားဘဲ လများစွာ နို့ညှစ်ယူနေပါက လာမည့်တစ်သားတွင် နို့ထွက်နှုန်းကျဆင်းခြင်း ကြုံတွေ့ရမည်။ ထို့အပြင် ၎င်း၏သက်တမ်းတစ်လျောက် ရရှိနိုင်သောစုစုပေါင်း နို့ပိဿာချိန်ပမာဏသည်လည်း လျော့နည်းပေလိမ့်မည်။

    အကယ်၍ နွားမများသည် နွားကလေးများ ပုံမှန်တစ်နှစ်တစ်သား မွေးဖွားပေးနေမည်ဆိုလျှင် ခြံရှိနွားကောင်ရေသည်လည်း လျှင်မြန်စွာ တိုးလာပေမည်။

    ဥပမာဆိုရသော် ခြံမှ အသက် ၁၂ နှစ်ရှိ နွားမတစ်ကောင်သည် အသက် ၂ နှစ်သားတွင် ပထမသားမွေးပေးပြီး တစ်နှစ်တစ်သားကျပါက ထိုနွားမသည် အသက် ၁၂ နှစ်တွင် နွားကလေး ၁၀ ကောင် မွေးပေးနိုင်ပေမည်။ 

    သို့သော် ထိုနွားမသည် တစ်နှစ်တစ်သားမကျဘဲ ၁ နှစ်ခွဲ (၁၈လ) ကြာမှ နောက်တစ်သားကျနိုင်ပါက အသက် ၁၂ နှစ်တွင် စုစုပေါင်း နွားကလေး ၇ ကောင်သာ မွေးပေးနိုင်မည် ဖြစ်သည်။ ၎င်းအခြေအနေနှစ်ခုတွင် ရရှိနိုင်သော အကျိုးအမြတ်ကိုအောက်ပါပုံတွင် အသေးစိတ်ပြန်လည်တွက်ချက်ပြထားပါသည်။

    ဤဥပမာ အချက်အလက်များအရ နွားမတစ်ကောင်သည် မျိုးပွားမှုဆိုင်ရာ လုပ်ဆောင်ချက်ကောင်းမွန်ပါက ၎င်း၏သက်တမ်းတစ်လျှောက်ရရှိနိုင်သော နွားနို့ဝင်ငွေ စုစုပေါင်းမှာ သိန်း ၂၃၀ ရရှိမည်ဖြစ်သည်။ သို့သော် ခြံစီမံခန့်ခွဲမှု မကောင်းသောကြောင့် မျိုးပွားမှုဆိုင်ရာ လုပ်ဆောင်ချက်မကောင်းခဲ့သော် ၎င်း၏သက်တမ်းတစ်လျှောက် ရရှိနိုင်သော နွားနို့ဝင်ငွေစုစုပေါင်းမှာ ၁၅၃ သိန်းသာ ရရှိမည်ဖြစ်သည်။

    သို့ဖြစ်ပါ၍ မွေးမြူသူများအနေဖြင့် ခြံအကျိုးအမြတ်ရရှိစေရန် မိမိခြံရှိနွားမများကိုအစာအာဟာရပြည့်မီအောင်ကျွေးမွေးပြီး မျိုးအောင်နှုန်းကောင်းအောင် ကောင်းစွာ စီမံခန့်ခွဲမွေးမြူကြရန် အရေးကြီးကြောင်း တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

Source - MDEP

Ko Naing

Ko Naing

လွန်ခဲ့သော ၂ နှစ် က

ကျေးဇူးပါ ဗျ တကယ် အသုံးဝင်ပီး တကယ် ဗဟုသုတများ ရပါတယ် ဗျ

Ma Nge

Ma Nge

လွန်ခဲ့သော ၃ နှစ် က

ခုလိုသေချာရှင်းပြပေးထားတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင့်

You
MDEP

နည်းပညာမိတ်ဖက်အဖွဲ့

MDEP

Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာ​စေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။

နည်းပညာမိတ်ဖက်အဖွဲ့ အားလုံး

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။