ဘိုကိတ်ပဲ စိုက်ပျိုးနည်း
အခုလိုရာသီမှာ စိုက်ပျိုးလို့ သင့်တော်တဲ့ ဘိုကိတ်ပဲစိုက်ပျိုးနည်းလေးကို ပြောပြပေးချင်ပါတယ်ဗျ။
ရာသီဥတု
- စိုစွတ်တဲ့မိုးရာသီမှာ စိုက်တာများပြီး ခြောက်သွေ့တဲ့ နွေရာသီမှာလည်း ရေသွင်းစိုက်လေ့ရှိကြပါတယ်။ အလွန်အေးပြီး နှင်းကျတဲ့ရာသီဥတုကိုတော့ နှစ်သက်လေ့မရှိပါဘူးဗျ။
မြေအမျိုးအစား
- ရေစီးဆင်းမှုကောင်းပြီး မြေအချဥ်ငံဓာတ် (၆.၅ - ၇) လောက် ရှိတဲ့ နုန်းမြေ၊ သဲနုန်းမြေတွေက အသင့်တော်ဆုံးမြေဖြစ်ပါတယ်။ ဒီမြေတွေက ရေမြုပ်တာကိုလည်း ရှောင်လွဲပေးနိုင်မှာဖြစ်ပါတယ်။
စိုက်ပျိုးချိန်
- များသောအားဖြင့်တော့ ဧပြီလမှ ဩဂုတ်လ၊ ဩဂုတ်လမှ စက်တင်ဘာလ အစောပိုင်းလောက်အထိ စိုက်ပျိုးကြပါတယ်။
မြေပြင်ခြင်း
- မစိုက်ခင်မှာမြေကို ထယ်ထိုး၊ ထွန်မွှေပြီး ရိုးပြတ်တွေနဲ့ အမှိုက်မှန်သမျှကို ရှင်းလင်းပေးပါ။ ဒါမှ ပေါင်းမြက်ပေါက်ရောက်မှုကို အနည်းဆုံးအနေအထားထိ လျော့ချနိုင်မှာလည်းဖြစ်ပါတယ်ဗျ။
မြေဩဇာထည့်ခြင်း
- ဘိုကိတ်ပဲကိုယ်တိုင်ကိုက နိုက်ထရိုဂျင်ထုတ်ပေးတာမို့ နိုက်ထရိုဂျင်ကျွေးစရာမလိုပါဘူးဗျ။ တစ်ဧကကို နွားချေး (၇)စီး၊ ပုလဲ(၇) ပြည်၊ ပိုတက် (၁၂)ပြည်၊ တီစူပါ(၂၂) ပြည်ကို မြေခံအဖြစ်ထည့်ပေးပါ။
စိုက်ပျိုးခြင်း
- မစိုက်ခင်မှာ မျိုးစေ့တွေကို မှိုသတ်ဆေးတစ်မျိုးမျိုးနဲ့ လူးနယ်ထားပေးပါ။
- တစ်ဧကကို မျိုးစေ့နှုန်းထား (၆-၈) ပြည်အထိ သုံးနိုင်ပါတယ်ဗျ။
- တိုက်ရိုက်အစေ့ချစိုက်လေ့ရှိပြီး ကျင်းအနက် တစ်လက်မလောက် တစ်ကျင်းကို ၂ စေ့နှုန်းနဲ့ စိုက်ပါ။ တစ်ကျင်းနဲ့တစ်ကျင်း အကွာအဝေးကို ၆ လက်မလောက်ခြားပေးပြီး တန်းခြားကို ၁၂ လက်မလောက်ထားပေးပါ။
ရေသွင်းပေးခြင်း
- မိုးရာသီမှာစိုက်ရင် ရေအရမ်းမလိုအပ်ပေမယ့် နွေရာသီမှာစိုက်ရင်တော့ ရေသွင်းပေးဖို့လိုအပ်ပါတယ်ဗျ။ အထူးသဖြင့် အပင်ပေါက်ချိန်နဲ့ အစေ့ဆံတည်ချိန်တွေမှာ ရေလိုအပ်ပါတယ်။ Sprinkler နည်းနဲ့ ရေပေးမယ်ဆိုရင်တော့ တစ်နေ့ကို (၂-၄) နာရီလောက်ရေပေးပါ။
ပေါင်းမြက်ရှင်းခြင်းနဲ့ ကျရာက်တတ်သောပိုးမွှားရောဂါများ
- ပေါင်းမြက်တွေက အပင်အတွက်ပေးတဲ့အာဟာရတွေကို ဖဲ့ယူစားသောက်ကြတာမို့ ပဲသက်တမ်းတစ်လျှောက်လုံးမှာ (၂-၃) ကြိမ် ကြားပေါင်းလိုက်ပေးဖို့ လိုပါတယ်ဗျ။
- အဓိကကျရောက်တတ်တဲ့ပိုးကတော့ လှေးပိုးနဲ့ သီးလုံးဖောက်ပိုးဖြစ်ပြီး ပျ၊ ယင်ဖြူနဲ့ အဝါရောင်မိုစေ့ဗိုင်းရပ်စ်ရောဂါလည်း ကျရောက်တတ်ပါတယ်ဗျ။
ခူးဆွတ်ရိတ်သိမ်းခြင်း
- ပျမ်းမျှအားဖြင့်တော့ စိုက်ပြီး ရက်ပေါင်း(၉၀-၁၂၀)လောက် အကြာမှာ ခူးဆွတ်ကြပါတယ်။ တစ်နည်းအားဖြင့် သီးထောင့်ရဲ့ ၉၅ % က ဝါညိုရောင်ပြောင်းလာတဲ့အချိန်မှာ ခူးဆွတ်ကြပါတယ်။ အများအားဖြင့် လက်နဲ့ခူးဆွတ်ကြပြီး ခူးပြီးသားသီးတောင့်တွေကို အရိပ်အောက် အေးတဲ့နေရာမှာ သိုလှောင်ထားလေ့ရှိကြပါတယ်ဗျ။
ထွန်းရာဇာ
Ref; https://blog.agrihomegh.com/keys-to-high-yields-in-cowpea-cultivation/
https://cropgenebank.sgrp.cgiar.org/index.php/regeneration-guidelines-of-crops/cowpea-mainmenu-401
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
kyaw zayar
လွန်ခဲ့သော ၁ နှစ် ကဆေးအုပ်ဆု တွေဘယ်လိုဆေးအုပ်ဆုတွေ သုံးရမလဲ ဖူးကင်းဝင်ချိန်မှာ
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကအဖြူ
sawchit
လွန်ခဲ့သော ၅ နှစ် ကဘိုကိတ်ပဲးအမဲးနဲအဖြူဘယ်ဟာကဈေးပိုကောင်းလယ်ဗျ
NyinechanLin
လွန်ခဲ့သော ၅ နှစ် ကhi
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 2 ခု
ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်
Zaw Than Oo • ဖြေကြားချက် 1 ခု
GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။
U Win Zaw • ဖြေကြားချက် 1 ခု
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 5 ခု
ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ
စောတိုးသူဝင်း • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ထွန်းရာဇာ
အားလုံး