မင်းကွတ်သီး စိုက်ပျိုးနည်း
မင်းကွက်သီးပင်ကို အိမ်ခြံဝင်းအတွင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးလိုလျှင်ဖြစ်စေ အသီးအရည်အသွးနှင့် သီးထွက်နှုန်းကောင်းစေရန် စိုက်ပျိုးနည်းစနစ် မှန်ကန်မှုရှိရန် လိုအပ်ပါသည်။ အင်္ဂလိပ်အမည် - MANGOSTEEN၊ ရုက္ခဗေဒအမည် - Garcinia mangotana၊ မျိုးရင်းအမည် - GUTTIFERAE တွင် ပါဝင်ပါသည်။
၁။ မူရင်းဒေသ
အေရွ႕ေတာင္အာရွ။
၂။ စိုက်ပျိုးနိုင်သောရာသီဉတု
ပူအိုက်စိုစွတ်သောရာသီဉတုကို နှစ်သက်သည်။ အသင့်တော် ဆုံးပျမ်းမျှအပူချိန် (၂၅ ဒီဂရီ စင်တီဂရိတ် - ၃၀ ဒီဂရီ စင်တီဂရိတ်)ကြား၊ စိုထိုင်းဆ ၈၀% ခန့်၊ မိုးရေချိန် ၇၅ လက်မအထက်တွင် ဖြစ်ထွန်းသည်။
၃။ မြေအမျိုးအစား
မြေသားထုနက်သည့် နုန်းမြေဆွေး (Silt Loasm) အမျိုးအစားဖြစ်ပြီး ရေစီးစိမ့်မှုကောင်းပါက အသင့်တော်ဆုံးဖြစ်သည်။ အမြစ်ဖွဲ့စည်းပုံ အားနည်းသဖြင့်အစိုဓာတ် ကောင်းရန်လိုသော်လည်း ရေမဝပ်စေသင့်ပါ။ PH မှာ (၅.၅-၇.၀) အကြားဖြစ်သည်။
၄။ စိုက်ပျိုးချိန်
မိုးဦးကျ ဇွန်လဆန်းတွင် စိုက်ပျိုးပါသည်။ ရေရရှိပါက နိုဝင်ဘာလမှ ဇန်နဝါရီလအထိ စိုက်ပျိုးနိုင်သည်။
၅။ မျိုးရွေးချယ်ခြင်း
မင်းကွတ်မှာမျိုးကွဲမရှိပါ။ ကမ္ဘာပေါ်တွင် တစ်မျိုးတည်းသာရှိပါသည်။ အခြားသစ်သီးဝလံများကဲ့သို့ မျိုးပွားနည်း (ဖူးသွင်း/ကိုင်းဆက်) ဖြင့် ဆောင်ရွက်ရန်ခက်ခဲပြီး ၎င်းနည်းဖြင့် ပွားသည့်အပင်မှာ Canopy မလှဘဲ တစ်ခြမ်းစောင်းနေသဖြင့် အပင်ပုံစံမကျပါ။ တောမင်းကွက်အရိုင်း၊ တောင်သလဲအောက်ခံပင်များနှင့် စမ်းသပ် အကိုင်းဆက်သော်လည်း သဟဇာတ သိပ်မဖြစ်ပါ။ ထိုကြောင့် အစေ့မှသာပျိုးပြီး ပျိုးခင်းတွင် နှစ်ချို့မွေးကာ အနည်းဆုံး (၂) နှစ်သား (၂ ပေခန့်) ရှိမှ စိုက်ပျိုးသင့်ပါသည်။
၆။ စိုက်ပျိုးနည်း
ပင်ကြားတန်းကြား တစ်ဧကဝင်ဆန့်ပင်ရေ
၃၀’ x ၃၀’ ၄၈ ပင်
၂၅’ x ၂၅’ ၆၉ ပင်
မင်းကွက်စိုက်ပျိုးရန်အတွက် ၃’၃’၃ အရွယ် စိုက်ကျင်းတူးပြီး မြေခံမြေသြဇာ အဖြစ် ယူးရီးရား၊ တီစူပါ၊ ပိုတက်ရှ် ၁၅း၁၅း၁၅ (၃) မျိုးစပ် နို့ဆီဗူး(၁) ဘူး၊ နွားချေးဆွေး (သို့) ကြက်ချေးဆွေး (၂) တင်း၊ မြေအောင်း ပိုးသတ်ဆေး (၁)ဇွန်း၊ မဖောက်ထုံး နို့ဆီဘူး (၁) ဘူးတို့အား အပေါ်ယံမြေနှင့် သမအောင်ရော၍ စိုက်ကျင်းအတွင်း ထည့်ကာ တစ်လခန့် နှပ်ထားရမည်။
ကျန်းမာ သန်စွမ်းသော (၂-၃) နှစ်သား မင်းကွတ်ပျိုးပင်ကို မြေနှပ်ထားသော ကျင်းတွင် မြေလုံးမပျက် စိုက်ပျိုးရမည်။ ရေမဝပ်စေရန် ပင်ခြေပတ်လည် မြေဖို့ပေးပြီး ပလက်စတစ်အနက်စ အုပ်ကာ တိုင်ထောင်ကြိုးချည် ရပါမည်။
၇။ ရေပေးသွင်းခြင်း
ခြောက်သွေ့ရာသီတွင် အနည်းဆုံး (၇) ရက်တစ်ကြိမ် ရေသွင်းရပါသည်။ ပင်ခြေတွင် ကောက်ရိုးမြက် ခြောက် ဖုံးအုပ်ပေးခြင်းသည် အကျိုးရှိစေပါသည်။
၈။ အရိပ်ပေးခြင်း
အရိပ်ပေးခြင်းသည် မင်းကွတ်ပင်အတွက် အကျိုးသက်ရောက်မှုများစွာရှိပါသည်။ ၂-၃ နှစ်သားအထိ အရိပ်ပေးနိုင်ပါက အပင်ကြီးထွားမှု မြန်ဆန်ကြောင်းတွေ့ရသည်။
၉။ မြေသြဇာကျွေးခြင်း
သဘာဝမြေသြဇာ (Organic Manure) ကို အဓိကသုံးထားပြီး ဓာတ်မြေသြဇာလည်း အားဖြည့်သုံးသင့်ပါသည်။ N:P:K အချိုး (၁၅း၁၅း၁၅) ကို (၁-၂) နှစ်သား အပင်များအတွက် (၂၅၀) ဂရမ် (တစ်ပင်နှုန်း) နှင့် သက်တန်းကြီးလာသည်နှင့် အမျှ တဖြည်းဖြည်း တိုးကျွေးရပါသည်။ (၁၀)နှစ်သား အထက်ဖြစ်ပါက ၅-၇ ကီလို (၃-၄ ပိဿာ) အထိ၊ နွားချေး၊ ကြက်ချေး ၄-၅ တင်းထိ ကျွေးသင့်ပါသည်။ သီးကင်းဝင်ပြီး တစ်ကြိမ်နှင့် ရိတ်သိမ်းပြီး တစ်ကြိမ် ခွဲကျွေးသင့်သည်။
၁၀။ ပိုးမွှားနှင့်ရောဂါ
မင်းကွတ်သည် ပိုးမွှားရောဂါ ကျရောက်မှုနည်းပါးသော သီးနှံဖြစ်သည်။
ပိုးမႊား
(၁) လှေးပိုး။ ကန့်မှုန့် (သို့) Carbaryl ဖျန်းနိုင်ပါသည်။
(၂) ပရွက်ဆိတ်။ Malathion ဖြင့် ပက်ဖျန်းပါ။
ရောဂါ
(၁) Brown rot (အညိုပုပ်ရောဂါ)
အမြစ်ဒဏ်ရာရပါက မှိုသတ်ဆေး သုတ်လိမ်းပက်ဖျန်းရသည်။
(၂) Stem Cancer (ပင်စည်ကင်ဆာရောဂါ)
နုသောပင်စည်တွင် အဖုအကျိတ်များ ဖြစ်ပေါ်ပြီး အပင်သေဆုံးသည်။ နုတ်ယူမီးရှို့ပါ။
(၃) Thread blight
အရွက်များ၊ အကိုင်းနုများတွင် အစက်အပြောက်များဖြစ်ပေါ်လာခြင်းနှင့် အရွက်များတွင် ပင့်ကူမျှင်ယှက်လျက်ရှိသော အမျှင်များဖုံးအုပ်နေတက်သည်။ ရောဂါရအရွက်သည် အညိုရောင် (သို့) အမည်းရောင်ဖြစ်ပါသည်။ ကြေးနီပါ မှိုသတ်ဆေးဖြင့် ပက်ဖျန်းနိုင်ပါသည်။
၁၁။ အပွင့်နှင့်အသီးဖွဲ့စည်းပုံ
လိင်စုံပင်ဖြစ်ပြီး ဖိုမပေါင်းစပါမှုမရှိဘဲ (ဝတ်မှုန်မကူးဘဲ) မျိုးစေ့ရရှိပါသည်။ အစေ့များမှာ လိင်ပေါင်းစပ်မှုမရှိသည့် အသီး၏အတွင်းသား Nucellar tissue မှ ဖြစ်လာခြင်းဖြစ်သည်။
၁၂။ ပင်ပိုင်းဆိုင်ရာ ကြီးထွားမှုနှေးကွေးခြင်းနှင့် ပွင့်သီးရန် အချိန်ကြာရခြင်းအကြာင်းရင်း
မင်းကွတ်ပင်သည် အခြားသီးပင်များနှင့် နှိုင်းယှဉ်ပါက ကြီးထွားမှုနှေးခြင်း၊ စီးပွားဖြစ်အသီးရရန် နှစ်ကြာခြင်းများ ရှိပါသည်။ အကြောင်းရင်းမှာ မင်းကွတ်ပင် သဘာဝအရ ငယ်ရွယ်နုပျိုကာလ (Juvenile phase) သည် (၁၀-၁၂)နှစ် ရှည်လျားသောကြောင့်ဖြစ်သည်။ ၎င်းကို ကျော်လွှားနိုင်ရန် (၁) ပျိုးခင်းတွင် ၃-၄ နှစ် မွေးခြင်း၊ (၂) စိုက်ပျိုးပြုစုမှု စနစ်ကောင်းအောင် ဆောင်ရွက်ခြင်းဖြင့် ၅-၆ နှစ်သားတွင် စီးပွားဖြစ် အသီးရနိုင်ပါသည်။
၁၃။ အသီးထွက်ရာသီ
မွန်ပြည်နယ်တွင် ဇန်နဝါရီ၊ ဖေဖော်ဝါရီလတွင် ပန်းပွင့်ပြီး ဧပြီ၊ မေလတွင် အသီးမှည့်ပါသည်။ ပန်းပွင့်သည်မှ မှည့်သည်အထိ (၃)လခန့် ကြာပါသည်။
၁၄။ အသီးဆွတ်ခူးခြင်း
အသီးခွံ ခရမ်းရောင်သည် အစိမ်းရောင်ပေါ်တွင် ၂၅% ရှိပါကဆွတ်ခူးနိုင်ပြီဖြစ်သည်။ ၎င်းအသီးသည် ၂၄နာရီအတွင်း မှည့်ပြီး (၁)ပတ်ခန့် အထားခံပါသည်။ အသီးခူးရာတွင် လက်ဖြင့်ခူးရန် လိုအပ်ပြီး မြေကြီးပေါ်မကျရန် သတိထားရပါသည်။ အသီးများကို ၁၃ ဒီဂရီ စင်တီဂရိတ် တွင် ၂-၃ ပတ်အထိ ထားနိုင်ပါသည်။
မင်းကွတ်သည် အသီးခူးပြီးမှ မှည့်သောအသီး (Crimactric Fruit) ဖြစ်သည်။ အသီးမှည့်စဉ် အီသလင်း ဓာတ်ငွေ့ထုတ်လွှတ်ပါသည်။ ထိုကြောင့် အသီးမှည့်နှေးစေရန် နိမ့်သောအပူချိန်တွင် ထားပြီးထိန်းရပါသည်။
၁၅။ အထွက်နှုန်း
(၁၀-၂၀)နှစ်သား တစ်ပင်လျှင် အသီးထွက် ၁၀၀၀ခန့် ရနိုင်ပါသည်။ အပင် Canopy ကြီးလာသည်နှင့် အမျှ အသီးအထွက်နှုန်းလည်း များလာမည်ဖြစ်သည်။ အခြားသစ်သီးဝလံနှင့် နှိုန်းယှဉ်ပါက အရင်းကျေ အမြက်ရခြင်း နောက်ကျသော်လည်း ရေရှည်အတွက်မူ စိုက်ပျိုးသင့်သောသီးနှံဖြစ်သည်။
စိုက်ပျိုးရေး ဦးစီးဌာန
အောင်ဇော်မိုး
လွန်ခဲ့သော ၅ နှစ် ကမင်းကွတ်သီးကြွေတာဘာဖြစ်လို.ကြွေတာလဲ
အောင်ဇော်မိုး
လွန်ခဲ့သော ၅ နှစ် ကပင်ကူအမြင်တက်တာဘာဖြစ်လိုတက်တာလဲဆရာ
အောင်ဇော်မိုး
လွန်ခဲ့သော ၅ နှစ် ကပါဝင်မည်
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်
Zaw Than Oo • ဖြေကြားချက် 1 ခု
GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။
U Win Zaw • ဖြေကြားချက် 1 ခု
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 5 ခု
ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ
စောတိုးသူဝင်း • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from စိုက်ပျိုးရေးဦးစီးဌာန
အားလုံး
တောင်သူများအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေဩဇာအကြောင်း
10/12/2021
ရေဆင်းကုလားပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ
22/11/2021
စိုက်ပျိုးသင့်သော နှမ်းအထွက်ကောင်းမျိုးများ
27/08/2021
စပါးခွံပေါင်းခံရည်ဘယ်လိုလုပ်မလဲ
16/01/2021
လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ရွှေ့ပြောင်းအသုံးပြုရာတွင် လိုအပ်သောအကူအညီ တောင်းခံဆောင်ရွက်နိုင်ကြောင်း အသိပေးနှိုးဆော်ချက်
14/12/2020