စံပယ်ကိုင်းလေးတစ်ကိုင်းကနေ စံပယ်ရုံကြီးဖြစ်အောင် ဘယ်လိုလုပ်ဆောင်ကြမလဲ?
အိမ်မှာနေရင်း ပန်းချစ်သူတွေ လိုက်စိုက်လို့ရစေမယ့်နည်းလမ်းလေးပါ။(you tube ဗွီဒီယိုလေးကို အဆင်ပြေအောင် ဘာသာပြန်ဖော်ပြခြင်းပါဗျ။)
ပထမဦးစွာ အဆစ်(၃) ဆစ်ပါတဲ့ စံပယ်အကိုင်းလေးတစ်ကိုင်းကို ယူပါ။ အဆစ်နေရာကနေ အမြစ်တွေထွက်မှာဖြစ်တဲ့အတွက် အောက်ဘက်က အဆစ်ပိုင်းလေးကို တစောင်းလေးဖြတ်လိုက်ပါ။ ကတ်ကြေးကို အသုံးမပြုခင် သန့်စင်အောင်လုပ်ပါ(ရောဂါပိုးဝင်ရောက်တာကို ကာကွယ်ဖို့ပါဗျ)
ကိုင်းဖြတ်စလေးကို ရေထဲခဏစိမ်ပေးထားပါ။
ကိုင်းဖြတ်စအား ပျိုးထောင်ခြင်း
ပျိုးထောင်ဖို့မြေကိုတော့ မြေမွမွလေးကို သုံးပါဗျ။ ကိုင်းဖြတ်စိုက်တဲ့အကိုင်းတွေက မြေမွမွမှာဆို အမြစ်ထွက် ပိုမြန်လို့ပါ။ ထို့နောက် ရေစိမ်ထားတဲ့ ကိုင်းဖြတ်စကို မြေမွမွရှိတဲ့ ခွက်လေးတစ်ခုထဲကို ထည့်ပျိုးပါ။(တစ်ခါသုံး ကော်ဖီခွက်တွေကို ဒီနေရာမှာ ပြန်သုံးလို့ရပါတယ်) မြေကိုဖိပေးပြီး ရေမှန်မှန်လေး လောင်းထားလိုက်ပါ။
၄၅ရက်လောက်ကြာတဲ့အခါ အညွှန့်သစ်တွေ ထွက်လာတာကို တွေ့ရမှာပါဗျ။ ဒီအချိန်မှာဆိုရင်တော့ အမြစ်တွေထွက်နေပြီလို့ သိနိုင်မှာဖြစ်ပါတယ်။
ပိုပြီးကျယ်တဲ့ ထည့်စရာတစ်ခုထဲ ပြောင်းစိုက်ခြင်း
ဇကာခြင်းလိုမျိုး ထည့်စရာ ပစ္စည်းကို သုံးစေချင်ပါတယ်ဗျ။ဒ ါမှ စံပယ်အမြစ်လေးတွေက အသက်ရှုနိုင် အစာစားနိုင်ပြီ ပန်းများများပွင့်နိုင်မှာလဲ ဖြစ်ပါတယ်။ အဲ့ဒီ ဇကာခြင်းထဲကို မြေမွမွလေးထပ်ထည့်ပါ။ထို့နောက် စံပယ်ပင်လေးကို ပြောင်းထည့်ပြီး ဖိပေးပါ။ သုံးလကြာတဲ့အခါ အမြစ်တွေဖွေးနေတာကိုတွေ့ရမှာပါ။
အဲ့ဒီလို အမြစ်တွေဖွေးနေပြီ ဆိုရင်တော့ ကျွန်တော်တို့ အသုံးပြုချင်တဲ့ အိုးထဲကို ပြောင်းလို့ရပါပြီဗျ။ ဇကာလေးကို သုံးထားတာမို့ အလွယ်တကူပဲ ရွေ့ပြောင်းနိုင်မှာလဲဖြစ်ပါတယ်။
အိုးထဲကို ပြောင်းမစိုက်ခင် အိုးထဲမှာထည့်ရမယ့် မြေသြဇာ စပ်နည်းလေးကို ပြောပြပေးချင်ပါတယ်ဗျ။
မြေစပ်နည်း
-တီကျစ်မြေသြဇာ တစ်ခွက်
-သဲ တစ်ဆ
-နှမ်းဖက် တစ်ဆ
( တကယ်လို့ နှမ်းဖက်မရရင်လည်း သဲများများထည့်ပါ) ဒီလိုရောစပ်အသုံးပြုပေးမယ်ဆိုရင် အပင်ပုပုလေးနဲ့ ပန်းတွေ အများကြီး ပွင့်လာစေပါတယ်ဗျ။
အိုးထဲသို့ ပြောင်းရွှေ့စိုက်ခြင်း
အောက်ခြေမှာ အပေါက်ပါတဲ့ အိုးတစ်လုံးကိုယူပြီး ပိုက်စသေးသေးလေးခံလိုက်ပါ။ အပင်အမြစ်တွေလေရှူလို့ရအောင်နဲ့ ရေပိုတွေ ထွက်နိုင်အောင် ဒီလိုလေးလုပ်သင့်ပါတယ်ဗျ။
အိုးရွေးချယ်ပြီးရင်တော့ ရောစပ်ထားတဲ့မြေကို တစ်ဝက်လောက်အရင်ထည့်ပါ။
အမြစ်တွေပွားနေပြီ ဖြစ်တဲ့ စံပယ်ပင်ပေါက်လေးကို ထည့်ပါ။ ကျန်တဲ့မြေဆွေး တစ်ဝက် ပြန်အုပ်ပါ။လက်လေးနဲ့ မြဲအောင်ဖိပေးပါ။(ရေလောင်းလိုက်တဲ့အခါ အမြစ်ပွလာမှာစိုးလို့ပါဗျ)
ရေလေးပုံမှန်လောင်းပြီး နေရောင်ရတဲ့နေရာမှာ ထားပေးပါ။ ၄ လလောက်ကြာတဲ့အခါ စံပယ်ရုံကြီးဖြစ်နေတာကိုတွေ့ရမှာပါ။
ဒီလိုမျိုး အပင်တော့ဖြစ်ပြီး ပန်းမပွင့်တဲ့ ဖြစ်ရပ်မျိုးတွေ ပန်းစိုက်သူတိုင်း ကြုံဖူးမှာပါ။

ဒီလိုဖြစ်နေမယ်ဆိုရင်တော့ ကိုင်းသင်ပေးဖို့ လိုပါတယ်ဗျ။ ခြောက်နေတဲ့အကိုင်းတွေ သေးနေတဲ့အကိုင်းတွေကို ဖယ်ပစ်ခြင်းက အညွှန့်သစ်တွေဖြစ်စေပြီး ပန်းပွင့်လာစေဖို့ အားပေးလို့ပါ။
ဒီလိုကိုင်းသင်ပြီးရင်တော့ မြေသြဇာရည်လောင်းရပါမယ်။
အားဆေးရည်ပြုလုပ်နည်း
ငှက်ပျောသီးခွံ နဲ့ ရေနဲ့ကို ၃ ရက်စိမ်ထားလိုက်ပါ။ ပန်းပွင့်ဖို့အတွက် အကောင်းဆုံးအားဆေးဖြစ်ပါတယ်။ တတိယနေ့မှာ အားဆေးရည်က အညိုရောင်ဖြစ်နေပြီး သုံးဖို့အသင့်ဖြစ်ပါပြီ။ ရေနဲ့ဆတူရောပြီး အသုံးပြုနိုင်ပါပြီ။
ဒီနည်းလမ်းလေးအတိုင်းလိုက်လုပ်ပြီး စံပယ်ပန်း လှလှ မွှေးမွှေးလေးတွေပိုင်ဆိုင်နိုင်ကြပါစေ။
ထွန်းရာဇာ
Ref; https://www.youtube.com/watch?v=Zokr408PqsQ&feature=emb_rel_end
ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ အသုံးဝင်ပါတယ်/အသုံးမဝင်ပါ ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ
Aung Ko Ko Htay
လွန်ခဲ့သော ၄ နှစ် ကငှက်ပျောခွံကိုအစိုသုံးရမှာလားဗျ
Si Thu
လွန်ခဲ့သော ၄ နှစ် ကငှက်ပျောသီးခွံက အသားစားပြီးသားအခွံလားခင်ဗျ
Htin.Lin.Aung
လွန်ခဲ့သော ၅ နှစ် ကအခုလိုဖြေကျားပေးတဲအတွက်.ကျေးဇူးအထူးတင်ပါတယ်ဗျာ
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကဇန်နဝါရီနဲ့ ဖေဖေါ်ဝါရီမှာ ပန်းပွင့်နည်းပြောပြပေးပါဆရာ။
ဦးစန်းဝင်း
လွန်ခဲ့သော ၅ နှစ် ကတီကျစ်မြေဩဇာကိုဘယ်လိုရနိုင်မလဲခင်ဗျာ
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 2 ခု
ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်
Zaw Than Oo • ဖြေကြားချက် 1 ခု
GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။
U Win Zaw • ဖြေကြားချက် 1 ခု
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 5 ခု
ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ
စောတိုးသူဝင်း • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ထွန်းရာဇာ
အားလုံး