လောင်ဂန်သီး စိုက်ပျိုးနည်း
လောင်ဂန်သီးသည် စျေးကွက်ဝင်သီးနှံဖြစ်ပြီး အပူပိုင်းနှင့် အအေးပိုင်း နှစ်မျိုးစလုံး စိုက်ပျိုးနိုင်သည် ။ လောင်ဂန်သီးကို အစို၊ အခြောက် စနစ်နှစ်မျိုးဖြင့် ရောင်းချနိုင်သည်။ လောင်ဂန်ပင်များကို ၂၀၀ ဘီစီကပင် စတင်စိုက်ပျိုးခဲ့သည် ။ မူရင်းဒေသများမှာ မြန်မာပြည်အထက်ပိုင်း၊ တရုတ်နိုင်ငံမြောက်ပိုင်း၊ အိန္ဒိယ ၊ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ကမ္ဘောဒီးယား နှင့် ဗီယက်နမ်မြောက်ပိုင်းတို့ ဖြစ်ကြသည်။ လောင်ဂန်သီးများကို များသောအားဖြင့် အာရှမှာတွေ့ရပြီး အများအားဖြင့် တရုတ်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့တွင် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသည် ။
လောင်ဂန်ပင်သည် ရာသီဥတုနှင့် မြေဆီလွှာပေါ်တွင် မူတည်၍ အမြင့်ပေ ၁၀၀( ၃၀ မီတာ) အထိ မြင့်တက်နိုင်သော်လည်း အမြင့်ပေ ၃၀ မှ ၄၀ အထိသာ သင့်တော်သည်။ အကိုင်းအခက်များသည် ရှည်လျားပြီး ထူထပ်သည် ။ အရွက်များကို အနီအရောင်အရောအနှောဖြင့် ရောစပ်ထားသည်။ သစ်ကိုင်းများအဆုံးတွင် ဝါဖျော့ရောင်ရှိသော ပန်းခိုင်များကို တွေ့ရနိုင်သည် ။ လောင်ဂန်သီးများကို ဒေသအလိုက် လေချူသီး၊ တရုတ်ဇီးသီး ၊ သမင်မျက်လုံးသီး၊ နှင်းသီး၊ လုန်အန်သီး (တရုတ်အခေါအဝေါ နဂါးမျက်လုံးသီး) ၊ သကြားသီး၊ တောကြက်မောက်သီး ၊ စစ်ကိုင်းသီး ဟူ၍ အမျိုးမျိုး ခေါ်ကြသည်။ 
သဘာဝပတ်ဝန်းကျင်အခြေအနေ
လောင်ဂန်သီးများသည် သဲဆန်သောမြေများ၊ သဲနုန်းမြေ ၊ ကျောက်ရော သဲဆန်မြေ၊ အငန်ဓာတ်မရှိသောမြေ ၊ ရေဆင်းကောင်းပြီး စိုထိုင်းဆကို ထိန်းထားပေးနိုင်သော မြေများကိုနှစ်သက်သည်။ လိုင်ချီးနှင့် ကြက်မောက်မျိုးနွယ်ဝင်များ ဖြစ်သည့်အတွက် လိုင်ချီး ၊ ကြက်မောက်ဖြစ်ထွန်းသော ဒေသများတွင် စိုက်ပျိုးနိုင်သည်။ လိုင်ချီးနှင့် ကြက်မောက်ပင်များသည် မိုးများပြီး အအေးဒဏ်ခံနိုင်သော်လည်း လောင်ဂန်သည် ပူနွေးစိုစွတ်သော ရာသီဥတုကို နှစ်သက်သည်။ အပူချိန် ၄၀ ဒီဂရီဖာရင်ဟိုက်မှ ၄၅ ဒီဂရီဖာရင်ဟိုက်ကြား၊ မိုးရေချိန် ၄၅ လက်မ မှ ၇၅ လက်မဝန်းကျင်တွင် လိုအပ်သည်။ ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၃၀၀၀ အောက် နှင့် မြေချဥ်ကိန်း ၅.၅ မှ ၇.၅ ကြား ရှိရမည်။ မိုးနည်း၊ မိုးအသင့်အတင့်ရှိသောဒေသများနှင့် ကိုက်ညီစိုက်ပျိုးဖြစ်ထွန်းနိုင်သည်။
အပင်ပြုပြင်ခြင်း
လောင်ဂန်ပင်သည် ပင်ကြားတန်းကြား ၂၀ ပေ× ၂၅ ပေ ခြားစနစ်ဖြင့် စိုက်ပျိုးနိုင်ပြီး တစ်ဧကတွင် ၈၇ ပင်ခန့် အနည်းဆုံး ဝင်ဆံနိုင်သည်။ အရွယ်ရောက်လာသော အပင်တစ်ပင်သည် အသီးချိန် ကီလို ၂၀၀ ကျော် ရနိုင်သည် ။ လောင်ဂန်မျိုးကို ကိုင်းထုပ်စည်းမျိုးပွားပင်ကိုစိုက်လျှင် အသီးမြန်မြန်ရနိုင်သည် ။ အစေ့မှ စတင်စိုက်ပျိုးပါက ၅ နှစ်ကျော်အထိစောင့်ရပြီး တစ်ခါတစ်ရံ အနှစ် ၂၀ ကျော်ခန့် ကြာနိုင်သည်။ လောင်ဂန်ပင်သည် ပန်းပွင့်သည့်အချိန်မှ အသီးခူးဆွတ်သည့်အချိန်ထိ လေးလ၊ ငါးလခန့် ကြာမြင့်ပြီး အသီးခူးဆွတ်ပြီးချိန်ကာလအတွင်း ကိုင်းပြင် ၊ ကိုင်းဖြတ်ပြုလုပ်ပေးခြင်းဖြင့် အပင်အမြင့် ၁၀ ပေ မှ ၁၂ ပေထိထားနိုင်သည်။ လောင်ဂန်ပင်သည် ရာသီလွှဲသီးနှံပြုလုပ်ရန် လွယ်ကူပြီး တစ်ပင်လျှင်အပင်သက်တမ်း ၅၀ နှစ်မှ ၆၀နှစ်အထိ ခူးဆွတ်စားသုံးနိုင်သည်။
(အသေးစိတ် ထပ်မံသိရှိလိုပါ အစိမ်းရောင်လမ်း ရှိ လိုက်ချီးစိုက်ပျိုးနည်း ဆောင်းပါးတွင် လေ့လာနိုင်ပါသည်)
References: Wikipedia, My Food Myanmar, ဒေါက်တာ ချစ် "လိမ္မော်နှင့် နှစ်ရှည် သီးပင်စိုက်ပျိုးရေး , 7Day New.
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
ဝါဝါမိုး
လွန်ခဲ့သော ၂ နှစ် ကကိုင်းကူး စိုက်ရင် အသီးသီးဖို့ အချိန်ဘယ်လောက်လိုလဲရှင့်
Than Than Soe
လွန်ခဲ့သော ၃ နှစ် ကလေချူသီးအပင်အခုမှစစိုက်မှာမို့ဘာတွေလိုအပ်လဲရှင့်
ဒေါ်တင်တင်မွှန်း
လွန်ခဲ့သော ၃ နှစ် ကစိုက်ထားတာ၁၄နှစ်ရှိပီးအခုထိမသီးဘူးဘာလုပ်ရမလဲပြောပြပါ
htet wai
လွန်ခဲ့သော ၅ နှစ် ကစိုက်ထားတာကြာပီဗျအသီးမသီးသေးလို့
ဒေါ်နွယ်နီဝင်း
လွန်ခဲ့သော ၅ နှစ် ကအပင်ကလူနှစ်ရပ်လောက်ရှိနေပြိ စိုက်တာငါးနစ်ကျော်ပြိ အသိးသိးအောင် ဘာမြေသြဇာပေးရမလဲရှင့် ကျေးဇူးပါ
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်
Zaw Than Oo • ဖြေကြားချက် 1 ခု
GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။
U Win Zaw • ဖြေကြားချက် 1 ခု
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 5 ခု
ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ
စောတိုးသူဝင်း • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from U Zaw Ye Thu
အားလုံး