ကြောင်လျှာပင် စိုက်ပျိုးနည်း
ကြောင်လျှာပင်ရဲ့ အပင်အစိတ်အပိုင်းတွေဖြစ်ကြတဲ့ အပွင့်နဲ့အသီးက စားသုံးနိုင်တာကြောင့် ဈေးကွက်ဝင်ပြီး၊ အခေါက်နဲ့ အရွက်တွေကလည်း ဆေးဖက်ဝင်တာကို တွေ့ရပါတယ်ဗျ။ ကျွန်တော်တို့ အညာဒေသဘက်တွေမှာတော့ အလေ့ကျပေါက်တာ တွေ့ရလေ့ရှိပြီး စီးပွားဖြစ်စိုက်ပျိုးချင်တဲ့သူတွေအတွက် စိုက်ပျိုးနည်းလေးကို ဖော်ပြပေးလိုက်ပါတယ်ဗျ။
ရေမြေရာသီဥတု
- နှစ်စဉ် မိုးရေကောင်းစွာရရှိတဲ့ အပူပိုင်းဒေသ ရာသီဥတုမျိုးကို ကြိုက်နှစ်သက်ပါတယ်။
- မြေဆွေးဓာတ်ကြွယ်ဝတဲ့ သဲနှုန်းမြေတွေနဲ့ မြေနက်တွေမှာ ကောင်းစွာဖြစ်ထွန်းပြီး အခြားသောမြေအမျိုးအစားတွေမှာလည်း စိုက်ပျိုးနိုင်ပါတယ်။
မျိုးစေ့နှုန်းထားနှင့် ပျိုးထောင်ခြင်း
- ၁ ဧကကို ၁၀၀ ဂရမ် နှုန်းထားနှင့် ပျိုးထောင်ပါ။
- ပျိုးမထောင်မီ မျိုးညှောင့်ပေါက်နှုန်းကောင်းရန်အတွက် မျိုးစေ့တွေကို အနည်းဆုံး (၁၂) နာရီကြာရေစိမ်ပြီးမှ သဘာဝမြေဆွေးများ၊ သစ်ဆွေးမြေသြဇာများ ကြွယ်ဝသောနေရာတွင်ပျိုးထောင်ပါ။
- အများစုကတော့ ဖေဖော်ဝါရီနဲ့ မတ်လမှာပျိုးထောင်လေ့ရှိပါတယ်ဗျ။
မြေပြင်ခြင်းနှင့် ပြောင်းရွှေ့စိုက်ပျိုးခြင်း
- စိုက်မည့်မြေကွက်တွင်ရှိသော ပေါင်းမြက်များနဲ့ ရိုးပြတ်အမှိုက်များကို ရှင်းပါ။
- ပင်ကြားတန်းကြား (၇× ၇)ပေထား၍ (၂) ပေပတ်လည်ကျင်းများတူးပါ။ ထို့နောက်တူး၍ ရရှိလာသောမြေများနဲ့ နွားချေး၊ မြေဆွေး၊ သစ်ရွက်ဆွေး ဆတူရော၍ ထားပါ။
- ပျိုးထောင်ပြီး (၃) လသားအရွယ်တွင် ကွင်းပြင်ထဲသို့ ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါပြီဗျ။
အပင်ပြုစုစောင့်ရှောက်ခြင်း
- ပြောင်းရွှေ့စိုက်ပျိုးပြီး (၂)နှစ်နောက်ပိုင်းတွင် တစ်ပင်လျှင် မြေဆွေး ၂၀ ကီလိုဂရမ်၊ နိုက်ထရိုဂျင် ၁၅၀ ဂရမ်၊ ဖော့စပေါ့ရပ်စ် ၂၅၀ ဂရမ်ကို (၆)လကြာ တစ်ကြိမ်နှုန်းဖြင့် (၃)ခါကျွေးပေးပါ။
- အပင်ပတ်လည်ရှိ ပေါင်းမြက်များကို ရှင်း၍ မြေဆွပေးပါ။
- နွေရာသီတွင် ရေကို နှစ်ပတ်တစ်ကြိမ်လောင်း၍ အခြားရာသီများတွင် တစ်လတစ်ကြိမ်လောင်းပေးရုံဖြင့် လုံလောက်ပါတယ်။
ပိုးမွှားနှင့်ရောဂါများ
- ရောဂါတွေနဲ့ နီမတုတ်ဒဏ်ကို ခံနိုင်ရည်ရှိ၍ ကျရောက်ခြင်းမရှိကြောင်း သိရှိရပါတယ်။
- မိုးရာသီမှာဆိုရင်တော့ အရွက်စားခူကောင်တွေနဲ့ ကျိုင်းကောင်တွေ ကျရောက်လေ့ရှိသော်လည်း အသီးအပွင့်အထွက်နှုန်းကို မထိခိုက်စေတာမို့ ဆေးဖျန်းစရာမလိုပါဘူးဗျ။
- အပင်ခြေမှာတော့ ခြတွေ ဆိုးဆိုးဝါးဝါးဖျက်ဆီးလေ့ရှိပြီး ဒီကောင်တွေကျရောက်ရင်တော့ Endosulphan အန်ဒိုဆာလ်ဖန် 30 EC ကိုရေနဲ့ ရောပြီး ဖျန်းပေးပါ။
ခူးဆွတ်ရိတ်သိမ်းခြင်း
- စိုက်ပြီး (၃) နှစ်ကြာမှာတော့ ပန်းစပွင့်ပါတယ်။ ပန်းပွင့်ပြီး (၃-၅)လ အကြာမှာတော့ အသီးတွေကို ခူးဆွတ်နိုင်ပါပြီ။
- ပန်းပွင့်များကိုလည်း ခူးဆွတ်၍ရောင်းနိုင်ပါတယ်။
- အခြားနိုင်ငံတွေမှာဆိုရင်တော့ ပင်စည်အခေါက်၊ အမြစ်အခေါက်များကို အဓိကထား၍ ခူးဆွတ်ရောင်းချခြင်းဖြစ်ပြီး စျေးကောင်းလည်းရကြတယ်ဗျ။
- ခူးဆွတ်ခြင်းတွေကို အနည်းဆုံး (၆-၈) နှစ်ထိ ပြုလုပ်နိုင်ပါတယ်။
Ref;https://vikaspedia.in/agriculture/crop-production/package-of-practices/medicinal-and-aromatic-plants/oroxylum-indicum
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကိုလေး
လွန်ခဲ့သော ၂ နှစ် ကကြောင်လျှာပင်အပင်အများစီးပွားဖြစ်စိုက်တဲ့သူရှိကျလားကျွန်တော်စိုက်မလို့စိုက်သင့်မစိုက်သင့်အကြံပြုပေးပါအုန်း
ကိုလေး
လွန်ခဲ့သော ၂ နှစ် ကသတ်ပလိုက်အဖိုပင်ကြီးပါ
အောင်
လွန်ခဲ့သော ၃ နှစ် ကလင်းနို့
zawlinhtet
လွန်ခဲ့သော ၃ နှစ် ကအပွင့်အဖူးများပြီးအသီးမတင်လို့ဘယ်လိုလုပ်ကလဲ
ကိုဖိုးတုပ်
လွန်ခဲ့သော ၅ နှစ် ကဘယ်လိုကြည့်ရလဲဗျ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်
Zaw Than Oo • ဖြေကြားချက် 1 ခု
GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။
U Win Zaw • ဖြေကြားချက် 1 ခု
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 5 ခု
ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ
စောတိုးသူဝင်း • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from ထွန်းရာဇာ
အားလုံး