နှင်းဆီလှလှလေးတွေစိုက်လို့ ဘဝအမောတွေဖြေဖျောက်ကြပါစို့..
နှင်းဆီပင် စစိုက်တော့မယ်ဆိုရင် ပထမဦးဆုံး သိချင်ကြတာကတော့ ဘယ်စနစ်နဲ့ စိုက်ပျိုးရမှာလဲ ဆိုတာပါပဲ။ စနစ်သစ်တွေ၊ စနစ်ဟောင်းတွေဆိုတာ အသာဘေးဖယ်ထား။ တောင်သူနားလည်မယ့် ရိုးရိုးရှင်းရှင်းစာသားလေးနဲ့ပဲ ပြောပြချင်ပါတယ်။
နှင်းဆီပင်စိုက်ပျိုးရာမှာ မြေစေးနဲ့ သဲဆန်တဲ့မြေအမျိုးအစားမဟုတ်ဘူးဆိုရင် စိုက်ပျိုးလို့ အဆင်ပြေပါတယ်။ မြေချဉ်ငံကိန်း pH ကတော့ ၅.၅ နဲ့ ၆.၅ ကြားရှိရင် ပိုကောင်းပါတယ်။
စီးပွားဖြစ်နှင်းဆီစိုက်ကြသူအများစု စိုက်ပျိုးလေ့ရှိတဲ့ နည်း (၂) မျိုးကတော့- ကိုင်းကူးကိုင်းဆက် စိုက်ပျိုးတဲ့စနစ်နဲ့၊ အဖူးမြှုပ်စိုက်ပျိုးတဲ့နည်းစနစ်ပါ။
(၁) ကိုင်းကူးစနစ်မှာတော့ ကနဦး နှင်းဆီရိုင်းပင်ပေါ်မှာ ကိုယ်နှစ်သက်ရာ နှင်းဆီမျိုးကောင်းမျိုးသန့်ရဲ့ ကိုင်းလေးတွေကို ကူးဆက်စိုက်ပျိုးတာပါ။
(၂) အဖူးမြှုပ်စိုက်ပျိုးတဲ့ စနစ်မှာတော့ နှင်းဆီအယဉ်ပင်က မျက်စိဖူးလို့ ခေါ်တဲ့ အတက်ကလေးကို ခွာယူပြီး ကနဦးပျိုးထားပြီး၊ အမြစ်ထွက်နေတဲ့ အရိုင်းကိုင်းထဲကို မြှုပ်ပြီး စိုက်ပျိုးတာပါ။
နှင်းဆီပင်ကို ကိုင်းကူးစိုက်ပျိုးတာနဲ့ အဖူးမြှုပ်စိုက်ပျိုးတာ ဘာတွေပိုထူးခြားမလဲ?
- နှင်းဆီပင် ကိုင်းကူးစိုက်ပျိုးတဲ့စနစ်ဟာ စိုက်သက်တမ်း (၄)နှစ် ပတ်ဝန်းကျင်လောက်အထိ၊ စီးပွားဖြစ် အရည်အ သွေးမီ၊ ထွက်နှုန်းအားကောင်းတဲ့ (အပွင့်ခူးဆွတ် ရောင်းချလို့ရတဲ့) အပင်သက်တမ်းရှိပါတယ်။ အဖူးမြှုပ်စနစ်နဲ့ နှင်း ဆီပင်စိုက်မယ်ဆိုရင်တော့ အပင်သက်တမ်း(၇)နှစ်လောက်အထိကို အပွင့်ကောင်းတွေ ဆက်တိုက်ရနိုင်ပါတယ်။
မြေပြင်ပြီး နှင်းဆီစစိုက်တော့မယ်….
- အများအားဖြင့် နှင်းဆီပင်ကို တန်းကြား (၅)ပေ၊ ပင်ကြား (၁)ပေ ထားပြီး စိုက်လေ့ရှိကြပါတယ်။ နှင်းဆီစိုက်ပျိုးချိန်ကတော့ ဇူလိုင်လနဲ့၊ သြဂုတ်လပိုင်းတွေပဲ ဖြစ်ပါတယ်။ အကယ်၍ မိမိတို့ဒေသမှာ ရေသွယ်မှု လွယ်ကူတယ်၊ မိမိကလည်း ပြုစုထိန်းသိမ်းနိုင်စွမ်း အားရှိတယ်ဆိုရင်တော့ သြဂုတ်လထက် နောက်ကျပြီးမှ စတင်စိုက်ပျိုးလို့လည်းရပါတယ်။
- စိုက်ပျိုးပြီးလို့ (၄)လလောက်အကြာမှာ အပင်ကို မြေဆွပေးပြီး အပင်ခြေကို သဘာ၀ မြေသြဇာတွေ (ဒါမှမဟုတ်) နှစ်သက်ရာ အားသန်ရာ မြေသြဇာတစ်မျိုးမျိုး ထည့်သွင်းပေးသင့်ပါတယ်။
- ရေပေးသွင်းတဲ့အခါမှာတော့ မြောင်းသွင်းစနစ်နဲ့ အပင်တွေရဲ့ကြား အလယ်ခေါင်မှာ ရေမြောင်းဖောက်ပြီး ရေပေးလေ့ရှိကြတယ်။ နှင်းဆီက ရေကြိုက်ပေမယ့်လည်း ရေဝပ်ဒဏ်မခံနိုင် (ရေဝပ်တဲ့နေရာတွေမကြိုက်) တာ သတိပြုပါ။ ရေပေးတဲ့အခါ အမြစ်ကို ရေမြုပ်စေတာမျိုး လုံးဝမလုပ်သင့်ပါဘူး။ ရှမ်းပြည်နယ်လိုပတ်ဝန်းကျင် လေထု အစိုဓာတ်၊ အအေးဓာတ်များတဲ့ ဒေသတွေမှာဆိုရင် နှင်းဆီပင်တွေဟာ ရေအရမ်းပေးစရာမလိုအပ်တော့ပဲ ရှင်သန်ဖြစ်ထွန်းနိုင်ပါတယ်။
နှင်းဆီပန်းတွေ ဘယ်အချိန်မှာစပြီး ဈေးကွက်တင်သွင်းနိုင်မှာလဲ?
- ဒေသတစ်ခုနဲ့တစ်ခု၊ စိုက်ခြံတစ်ခုနဲ့တစ်ခု မတူညီနိုင်ပါဘူး။ စိုက်ပျိုးထားတဲ့ မြေသားအနေအထားနဲ့ စိုက်ပျိုးတဲ့သူရဲ့ ပြုစုထိန်းသိမ်းစောင့်ရှောက်မှုတွေအပေါ် အများကြီးမူတည်ပါတယ်။
- စိုက်ပျိုးပြီးသက်တမ်း (၃)လကနေ (၄)လအတွင်း ပန်းတွေ ဈေးကွက်တင်သွင်းနိုင်တာမျိုးလည်း ရှိနိုင်ပြီး၊ စိုက်သက် တမ်း (၅)လကနေ (၆)လအထိ စောင့်ဆိုင်းရတာလည်း ရှိပါတယ်။ အပင်သက်တမ်းရင့်လာရင်တော့ အပင်မှာ ဒက်လေးတွေ ဖြစ်တတ်ပါတယ်။
နှင်းဆီပင်တွေ စိုက်ပျိုးတာဟာ စိုက်ပျိုးတဲ့သူရဲ့ မျက်စိပသာဒနဲ့ စိတ်နှလုံးသားကိုလည်း သာယာလှပ စေသလို၊ ဈေး ကွက်မှာလည်း ပျိုပျိုအိုအို ကြီးကြီးငယ်ငယ် လူကြိုက်များတဲ့ ဘုရားပန်းတစ်မျိုး ဖြစ်နေတာကြောင့် စိုက်ပျိုးတဲ့သူအဖို့ ကုသိုလ်လည်းရ၊ စိတ်လည်းချမ်းသာ (၂) ထပ်ကွမ်း အကျိုးအမြတ်တွေ ရလာမှာ ဖြစ်ပါတယ်။
ကဲ… အဲ့ဒီတော့!
စိုက်သက်တမ်း (၅)လကနေ သက်တမ်း(၁)နှစ်နဲ့ ဈေးကွက်တင်ပို့ရောင်းချလို့ရနိုင်တဲ့ နှင်းဆီပင်လှလှလေးတွေစိုက် ပျိုးရင်း ဘဝအမောတွေ ဖြေဖျောက်ကြရအောင်လားရှင်….။
နန်းထက်ထက်ချစ်(ABM)
zaw
လွန်ခဲ့သော ၈ လ ကဘာဆေးသုံးရမှာလဲ
Hnin Hnin Wai
လွန်ခဲ့သော ၁ နှစ် ကမျိုးဘယ်မှာဝယ်လိုရပါသလဲ
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကyes
khaing zaw thoo
လွန်ခဲ့သော ၅ နှစ် ကစိုက်ခြင်တယ်
sai aung kyl ko
လွန်ခဲ့သော ၅ နှစ် ကကျတော်မှာနှင်းဆီးပင်းအကြီးပင်ကဂိုင်းကိုပြန်ဖြတ်ပြီးစိုက်လိုရပသလား
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 2 ခု
ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်
Zaw Than Oo • ဖြေကြားချက် 1 ခု
GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။
U Win Zaw • ဖြေကြားချက် 1 ခု
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 5 ခု
ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ
စောတိုးသူဝင်း • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022