ဗမာနံနံ စိုက်ပျိုးနည်း
သမရိုးကျစိုက်နည်းနှင့် ရေသွင်းစိုက်ပျိုးနည်းပေါ်မူတည်၍ မျိုးစေ့နှုန်းထား ကွာခြားမှုရှိသည်။ နံနံစေ့သည် အစေ့ခွံနှစ်ခြမ်းမှာ ပူးလျက်သား မဟုတ်ဘဲ နှစ်ခြမ်းကွဲလျှက်ရှိပြီး တစ်ခြမ်းစီမှ တစ်ပင်စီပေါက်ရောက်နိုင်သည်။ သမားရိုးကျ မိုးအားကိုး၍ စိုက်နည်းတွင် မျိုးစေ့နှုန်းထား ခြောက်ပိသာနှုန်း နှင့် ရေသွင်းဘောင်ဖေါ်၍ စိုက်သောနည်းတွင် လေးပိသာနှုန်းသာ ကုန်ကျမှုရှိသည်။ နံနံစေ့ကိုရေထဲတွင် ၂၄ နာရီစိမ်ပါ။ မစိမ်ခင် နေပူပြ၍ အခင်းတစ်ခုပေါ်တွင် ပုလင်းလွတ်တစ်လုံးဖြင့် လှိမ့်ပေးပါ။
ရေသွင်းအခင်းမျိုးတွင် အေဇိုစပိုရီလန် သုံးဆယ်ကျပ်သားနှင့် ရေကိုရောပြီးမျိုးစေ့စိမ်ပါက ခါးရိရောဂါကိုကာကွယ်ပြီး ထရိုင်ဂိုဒါးမား ဗာရီဒေ ဆယ့်နှစ်ပိသာကို စိုက်မည့်မြေကြီးထဲတွင် ထည့်ပြင်ပါ။ မိုးအားကိုး၍ စိုက်သောအခင်းတွင် ပိုတက်စီယမ် ဒိုင်ဟိုက်ဒရိုဂျင်ဖော့စဖိတ် ထမင်းစားဇွန်း တစ်ဇွန်းကို ရေတစ်လီတာတွင် ထည့်ဖျော်၍ မျိုးစေ့ကိုစိမ်ပါ။
မြေပြင်ခြင်း
ထယ်ထိုးထွန်မွှေ လေးကြိမ်ထိ ပြုလုပ်ပါ။ နောက်ဆုံးတစ်ကြိမ်တွင် သဘာဝအတိုင်းဆွေးမြေ့ထားသော တိရစ္ဆာန် အညစ်အကြေး နှစ်တန်ကို ထည့်သွင်းပါ။ ဖြစ်နိုင်လျှင် စိုက်ဘောင်များဖော်ပြီး ရေသွင်းစိုက်ခြင်းက ပိုမိုထွက်နှုန်းများမည်။ မစိုက်ခင် စိုက်ဘောင်ကို ရေတစ်လီတာတွင် ဖလူကလိုရလင်း(ပေါင်းသတ်ဆေး) လက်ဖက်စားဇွန်းတစ်ဝက်ကိုရော၍ ဖျန်းပါ။ နံနံကို ပင်ကြားတန်းကြား ၅ လက်မ x ၇ လက်မခြား၍ တစ်စေ့ချင်းချ စိုက်ပါ။ တစ်ပတ်မှဆယ်ရက်အတွင်း အပက်ပေါက်လာကြသည်။
စိုက်ပြီးတစ်လအကြာတွင် ဆယ့်ငါးပတ်လည် တစ်ပိဿာ ရှစ်ဆယ်သားကို တစ်ဧကလုံးအတွက်သုံးပါ။ သဘာဝအတိုင်း သုံးစွဲလိုလျှက် ကောင်းစွာဆွေးမြေ့သည့် တိရစ္ဆာန် အညစ်အကြေး ဆယ့်နှစ်ပိသာကို ထည့်ပါ။ အစေ့ချစိုက်ပြီးလျှင်ပြီးချင်း ရေလောင်းရပါမည်။ နောက်သုံးရက်ကြာလျှင် ထပ်လောင်းပါ။ နောက်ပိုင်းတွင် ရာသီဥတု အခြေအနေပေါ် မူတည်၍ ခြောက်ရက် သို့မဟုတ် ဆယ်ရက်ခြားတစ်ကြိမ်ရေပုံမှန်လောင်းပေး ရမည်။ တစ်လပြည့်လျှင် အပင်မှူန်းခြင်းနှင့် ဒုတိယအကြိမ်ပေါင်းနှိမ်ခြင်းကို ပြုလုပ်သင့်သည်။
ပေါင်ဒါမှုန့်ဖြူကဲ့သို့ ကျသောမှိုရောဂါ
ဒိုက်နိုကပ် ထမင်းစားဇွန်း ငါးဇွန်း သို့မဟုတ် ဆာလဖာ သုံးဆယ်သားကို ဆယ်ရက်ခြားတခါဖျန်းပါ။ တမာဆီကို စိုက်ပြီးငါးရက်ကြာလျှင်ဖျန်းပါ။ နောက်အကြိမ်များတွင် ဆယ်ရက်ခြား၍ ဖျန်းပါ။
စိုက်ပြီး ရက်နှစ်ဆယ့် ငါးရက်ကြာလျှင် ကောင်းစွာ ခူးဆွတ်နိုင်ပြီ ဖြစ်သည်။ အရွက်ကြီးများကိုသာ ရွေးချယ်၍ ညှပ်ပါ။ ကလိုရင်း ထမင်းစားဇွန်း တစ်ဇွန်းကိုရေတစ်လီတာတွင်ဖျော်ပါ။ တစ်ပင်တွင် အရွက်ညှပ်ပြီး ကတ်ကြေးကို ကလိုရင်းထဲတွင် စိမ်ပြီးမှ နောက်တစ်ရွက် ပြန်ညှပ်ပါ။ ထို့သိုပြုလုပ်ခြင်းက တစ်ပင်မှ တစ်ပင်ရောဂါကူးစက်ခြင်းကို နည်းစေသည်။ မြေဆီကို ပုံမှန်ကျွေးပါက နှစ်ကြိမ်မှလေးကြိမ်အထိ ခူးဆွတ်နိုင်သည်။ အချို့မှာ အပင်လိုက်နုတ်ရောင်းတတ်သော လိုအပ်သောသူများရှိလျှင်လည်း အပင်များနုတ်ပြီးရေဆေးရာတွင် ကလိုရင်းရေဖြင့်ဆေးခြင်းက ပိုမိုရောင်းပန်းလှစေသည်။
တစ်လခွဲကြာ၍ ပန်းပွင့်လျှင် အစေ့ ရယူရန် အတွက် ကာဗန်ဒါဇင်ကို ဖျန်းပါ။ အစေ့များ မခြောက်ခင် ဖျန်းပါ။ တစ်ဧကတွင် နှစ်ဆယ့်ငါးကျပ်သားခန့်သာ ဖျန်းပါ။ နံနံစေ့ကို ရယူလိုပါက အစေ့များခါပြီး အရိပ်ထဲတွင် သိုလှောင်ပါ။
အထွက်နှုန်း မှာ လတ်ဆတ်သောအရွက်ကို ခူးလျှင် တစ်ဧကလျှင် နှစ်တန်လျော့လျော့ ခူးဆွတ်နိင်ပြီး မျိုးစေ့ကို ယူလျှင် ပိသာချိန် နှစ်ရာ(ရေသွင်းစိုက်) နှင့် ပိသာချိန် တစ်ရာ့ငါးဆယ် (မိုးရေစိုက်) ကို ပျှမ်းမျှ ရရှိကြသည်။
ရွှေရည်လင်း
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
နံနံစိုက်ပျိုးနည်း
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်
Zaw Than Oo • ဖြေကြားချက် 1 ခု
GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။
U Win Zaw • ဖြေကြားချက် 1 ခု
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 5 ခု
ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ
စောတိုးသူဝင်း • ဖြေကြားချက် 2 ခု
ဧရာမင်းစပါး ၁၁၀ရက်ရှိပါပြီ အောက်ရွက်ခြေက်နေလို့ ဘာလုပ်သင့်လဲ ပြောပေးပါအုံး မြေဩဇာကျွေးပြီးတာ ရက်သုံးဆယ်ကျော်ပါပြီ
ဦးဝင်း • ဖြေကြားချက် 9 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from Shwe-Yee-linn
အားလုံး