ဦးနှောက်သီး သို့မဟုတ် သစ်ကြားသီး
၁။ မူရင်းဒေသ
သစ်ကြားပင်၏ မူရင်းဒေသမှာ အမေရိက၊ သမပိုင်းဒေသများ၊ အီရန် ဖြစ်ပါသည်။ မြန်မာအမည် သစ်ကြားသီးပင် အင်္ဂလိပ်အမည် WALNUT၊ ရုက္ခဗေဒအမည်မှာ Juglans regia၊ မျိုးရင်းအမည်မှာ JUGLALNDACEAE ဟူ၍ ခေါ်ဆိုကြသည်။ စိုက်ပျိုးသည့်ဒေသများမှာ အေးသောဒေသများဖြစ်သည့် ရှမ်းပြည်နယ်၊ ကချင်နှင့် ချင်းပြည်နယ်များတွင် စိုက်ပျိုးနိုင်သည်။
၂။ ရေမြေရာသီဥတု
အေးသောဒေသတွင် စိုက်ပျိုးဖြစ်ထွန်းပါသည်။ အပင်ငယ်စဉ်တွင် နှင်းခါးဒဏ်ကိုကြောက်၍ ရေဝပ်လွန်းသောမြေမျိုးကို မနှစ်သက်ချေ။ အမြင့်ပေ ၁၄၀၀ အထက် ကုန်းမြေမြင့်ဒေသများတွင် စိုက်ပျိုးနိုင်သည်။

၃။ မြေပြုပြင်ခြင်း
တစ်ပင်နှင့်တစ်ပင် ၅၀x၅၀ ပေ အကွာအဝေးထား၍ သုံးပေပတ်လည် စိုက်ကျင်းများတူး၍ စိုက်ပျိုးရပါမည်။ ရာသီသီးနှံများနှင့်လည်း သီးညုပ်ရော၍ စိုက်ပျိုးနိုင်ပါသည်။
၄။ မျိုးပွားခြင်း
အစေ့ကို ပျိုးထောင်၍ မျိုးကောင်းမျိုးသန့်ပင်နှင့် ကိုင်းကူးပြီးစိုက်ပျိုးနိုင်ပါသည်။
၅။ ပျိုးထောင်ခြင်း
သစ်ကြားစေ့ကို ပင်ကြား၊ တန်းကြား ၁x၄ ပေ ခွာ၍ မြေမွ ကောင်းမွန်အောင် ပြုပြင်ထားသော ပျိုးခင်းတွင် စိုက်ပျိုးရပါမည်။ နွေအခါ ရေပေးသွင်း၍ နှင်းခါးဒဏ်ကိုလည်း အကာအကွယ်ပေးရပါမည်။ အပင်သက် တစ်နှစ်သားခန့်အရွယ်၊ အပင်အမြင့် နှစ်ပေခန့်ရှိသောအခါတွင် မျိုးကောင်းသော နှစ်သက်ရာ သစ်ကြားပင်နှင့် ကိုင်းကူးရပါမည်။ ကိုင်းကူးပင်သည် ပထမနှစ်တွင် ရှစ်ပေအထိမြင့်လာနိုင်ပါသည်။ တစ်နှစ် နှစ်နှစ် ကြာသည်အထိ ကိုင်းကူးပင်ကို ပြုစုထားရပါမည်။
၆။ စိုက်ပျိုးခြင်း
ပြုပြင်တူးဖော်ထားသည့် စိုက်ခင်းတွင် ပင်သက် တစ်နှစ် နှစ်နှစ်ခန့်ရှိပြီး အပင်အမြင့် ရှစ်ပေ ဆယ်ပေခန့်ရှိလာချိန်တွင် မြေလုံးမပျက်တူး၍ ကျင်းအတွင်းသို့ ပြေင်းရွှေ့စိုက်ပျိုးရပါမည်။ အပင်ရှင်သန်လာလျှင် ပင်စည် ကိုင်းဖြာထွက်မှုကို လိုအပ်သလို ကိုင်းဖြတ်ပြုပြင်ပေးရပါမည်။ ငါးပေခန့်သာ အမြင့်ချန်၍ ကိုင်းဖြတ်ပေးပါက ကိုင်းဖြာမှု ပိုမိုကောင်းမွန်ပါသည်။ တစ်ဧက ပင်ရေ ၁၇ ပင်ခန့် ဝင်ဆန့်နိုင်ပါသည်။

၇။ ရေသွင်းခြင်း
အပင်ငယ်စဉ် ခြောက်သွေ့ရာသီတွင် ရေပေးသွင်းရန် လိုအပ်ပါသည်။
၈။ အပင်ပြုစုခြင်း
အပင်တွင် အခက်များလွန်းပါက ချိုင်ပေးရပါမည်။ သက်ရင့်အပင် ဖြစ်သည့်အတွက် ပင်ကြားအတန်းကြား များတွင် ပေါင်းမြက် ချုံပင်များ ရှင်းလင်းပေးခြင်း၊ အပင်တွင် ကိုင်းခြောက် ကိုင်းသေများ ရှင်းလင်းပေးခြင်းတို့ ဆောင်ရွက်ရပါမည်။

၉။ အထွက်နှုန်း
အပင်သက် ခြောက်နှစ်သားတွင် စတင်သီးသည်။ ၁၀နှစ်သား အရွယ်တွင် သီးထွက်ပိုများလာသည်။ သီးထွက်အများဆုံး အပင်သက်မှာ ၂၀ နှစ်သားခန့် ဖြစ်ပါသည်။ အပင်သက် ၁၀၀ ကျော်အထိ ရှိနိုင်သည်။ သီးထွက်မှာ တစ်ဧကလျှင် ပိဿာ ၃၀၀ မှ ၄၀၀ အထိ ထွက်ရှိနိုင်ပါသည်။
သစ်သီးဝလံ စိုက်ပျိုးနည်း စာအုပ်မှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်
Zaw Than Oo • ဖြေကြားချက် 1 ခု
GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။
U Win Zaw • ဖြေကြားချက် 1 ခု
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 5 ခု
ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ
စောတိုးသူဝင်း • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026