စမုန်စပါးကနေ ရရှိနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးများ
အင်္ဂလိပ်အမည် - Dill
ရုက္ခဗေဒအမည် - Anethum graveolens
စမုန်စပါးဆိုတာ ဥရောပနဲ့ အာရှအစားအစာတွေထဲမှာ မကြာခဏ ထည့်သွင်းအသုံးပြုလေ့ရှိတဲ့ နာမည်ကြီး ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင် အပင်တစ်မျိုး ဖြစ်ပါတယ်။ စမုန်စပါးရဲ့ မူရင်းဒေသကတော့ မြေထဲပင်လယ်ဒေသတွေနဲ့ ဥရောပ အရှေ့တောင်ဘက်ဒေသတွေပဲ ဖြစ်ပါတယ်။ စမုန်စပါးဟာ သေးသွယ်တဲ့ပင်စည်နဲ့ ပျော့ပျောင်းတဲ့ အရွက်တွေပါရှိပြီး အနံ့အားဖြင့် စူးရှပြင်းထန်သလို အရသာအားဖြင့် ချိုမြိန်တဲ့အရသာ ရှိပါတယ်။
စမုန်စပါးရဲ့ အရွက်နဲ့ အစေ့တွေကို ဆေးဘက်ဆိုင်ရာနဲ့ ဟင်းချက်ပြုတ်ရာမှာသာမက ကော်ဖီ၊ လက်ဖက်ရည်၊ မုန့်နဲ့ သကြားလုံး ပြုလုပ်တဲ့နေရာတွေမှာလည်း ထည့်သွင်း အသုံးပြုကြလေ့ရှိတာ ဖြစ်ပါတယ်။ စမုန်စပါးလို့ ဆိုလိုက်ရင် အဓိကအားဖြင့် အစေ့ရဲ့ ရနံ့ကြောင့် လူသိများထင်ရှားတာဖြစ်ပါတယ်။ အခြားသော ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင် အပင်တွေလိုပဲ စမုန်စပါးမှာလည်း ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေရှိနေတာကြောင့် ယခုဆောင်းပါးကနေတဆင့် မျှဝေပေးလိုက်ပါတယ်။
ပါဝင်တဲ့ အာဟာရဓာတ်များ
စမုန်စပါးဟာ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေလိုပဲ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတဲ့ အပင်ဖြစ်ပါတယ်။ စမုန်စပါးမှာ ဗီတာမင်စီ၊ ဗီတာမင်အေ၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ ဖော့စဖောရပ်စ်၊ မဂ္ဂနီစီယမ်၊ မဂ္ဂနိစ်၊ အိုင်းယွန်း၊ ကာဗိုဟိုက်ဒရိတ်၊ အဆီဓာတ်၊ အမျှင်ဓာတ်နဲ့ ပရိုတင်း စသဖြင့် အာဟာရဓာတ်များစွာ ပါဝင်နေတာ ဖြစ်ပါတယ်။
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝခြင်း
စမုန်စပါးရဲ့ မွှေးရနံ့ကြွယ်ဝတဲ့ အစေ့နဲ့ အရွက်တွေမှာ အီသနောလ် (ethanol) နဲ့ အစီတုန်း (acetone) ကဲ့သို့ ဒြပ်ပေါင်းတွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါ့အပြင် စမုန်စပါးမှာ ပါဝင်တဲ့ ဗီတာမင်စီဟာလည်း ဓာတ်တိုးဆန့်ကျင်ပေးတဲ့ ဂုဏ်သတ္တိရှိနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စမုန်စပါးကို စွပ်ပြုတ်နဲ့ ဟင်းလျာတွေထဲမှာ ထည့်သွင်းအသုံးပြုခြင်းအားဖြင့် ခန္ဓာကိုယ်တွင်းမှာရှိနေတဲ့ ဆဲလ်တွေပျက်စီးခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ နှလုံးပြဿနာများနဲ့ အာရုံကြောဆိုင်ရာ ရောဂါများ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

နှလုံးကျန်းမာရေး ကောင်းစေခြင်း
စမုန်စပါးမှာ ပါဝင်တဲ့ ဖလေဗိုနွိုက် (flavonoid) ဓာတ်တွေဟာ နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ရောင်ရမ်းမှုတွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် စမုန်စပါးဟာ နှလုံးတစ်သျှူးတွေရဲ့ ထိန်းသိမ်းမှုကို အားပေးတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကိုလည်း ထောက်ပံ့ပေးနိုင်တာကြောင့် နှလုံးရောဂါ ပြဿနာရှိနေတဲ့သူတွေအတွက် စမုန်စပါးဟာ သင့်တော်တဲ့ ရွေးချယ်မှု တစ်ခုဖြစ်စေမှာပါ။
ဆီးချိုဖြစ်ပွားမှု လျှော့ချပေးခြင်
စမုန်စပါး အစေ့ရဲ့ လူသိများထင်ရှားတဲ့ ကောင်းကျိုးတစ်ခုကတော့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး ဆီးချိုရောဂါ ကင်းဝေးစေတာ ဖြစ်ပါတယ်။ စမုန်စပါးရဲ့အရွက်တွေမှာ ဇီဝဆိုင်ရာပါဝင်ပစ္စည်း တစ်မျိုးဖြစ်တဲ့ ယူဂျီနောလ် (eugenol) ပါဝင်ပြီး ၎င်းကနေ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် စမုန်စပါးဟာ ကစီဓာတ်ပြိုကွဲမှုကို ဂလူးကို့စ်အဖြစ်သို့ လျှော့ချပေးကာ ခန္ဓာကိုယ်အတွင်း အဆီများ ဖြစ်ပေါ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
အရိုးများ သန်မာစေခြင်း
စမုန်စပါးမှာ ကယ်လ်စီယမ်၊ အိုင်းယွန်း၊ ဗီတာမင် ဒီ နဲ့ ရီဘိုဖလက်ဗင် (riboflavin) စတဲ့ ဓာတ်တွေပါဝင်နေပြီး ၎င်းဓာတ်တွေကြောင့်ပဲ အရိုးများကို သန်မာစေတာ ဖြစ်ပါတယ်။ စမုန်စပါးမှာပါဝင်တဲ့ ကယ်လ်စီယမ်ဓာတ်ဟာ ခန္ဓာကိုယ်ကနေလိုအပ်တဲ့ ကယ်လ်စီယမ်ပမာဏကို ကောင်းစွာပံ့ပိုးပေးနိုင်ပြီး အရိုးတွင်းသတ္တုဓာတ် သိပ်သည်းဆများခြင်းနဲ့ အရိုးပွရောဂါမျိုးတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ အမျိုးသမီးတွေမှာ အသက် ၃၀ ကျော်လာပြီဆိုရင် အရိုးနဲ့ ပတ်သတ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာလေ့ရှိပါတယ်။ အထူးသဖြင့် သွေးဆုံးချိန်နီးလာတာနဲ့အမျှ ၎င်းပြဿနာက ပိုတိုးလာလေ ဖြစ်ပါတယ်။ ဒါ့ကြောင့် အသက် ၃၀ ဝန်းကျင်ခန့် ရောက်လာပြီဆိုကတည်းက အရိုးကျန်းမာရေးကို ကြိုတင်ပြီး ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ဒီလို အခြေအနေမှာ စမုန်စပါးဟာ ရွေးချယ်ဖို့ သင့်တော်တဲ့ အရာတစ်ခုဖြစ်စေမှာပါ။
ကိုယ်ခံအား ကောင်းစေခြင်း
စမုန်စပါးမှာ မိုနိုတာပင်စ် (monoterpenes) လို့ခေါ်တဲ့ ဒြပ်ပေါင်းတွေပါဝင်ပြီး ဘက်တီးရီးယား၊ မှိုနဲ့ ဗိုင်းရပ်စ်တွေကို ဆန့်ကျင်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေ ပါလို့ ကိုယ်ခံအားကို ကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် အစားအစာတွေထဲမှာ ဆေးဖက်ဝင် စမုန်စပါးကို ထည့်သွင်း အသုံးပြုခြင်းဖြင့် ခန္ဓာကိုယ်အနှံ့အပြားမှာ ရှိနေတဲ့ ပိုးမွှားရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် အရေပြားပေါ်မှာ ဖြစ်ပေါ်တတ်တဲ့ အသေးစားဒဏ်ရာများနဲ့ အကြောပြတ်တာမျိုးတွေ ကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ကိုးကားချက်
https://www.organicfacts.net/
https://www.beyondpinkworld.com/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဧရာမင်းစပါး ၁၁၀ရက်ရှိပါပြီ အောက်ရွက်ခြေက်နေလို့ ဘာလုပ်သင့်လဲ ပြောပေးပါအုံး မြေဩဇာကျွေးပြီးတာ ရက်သုံးဆယ်ကျော်ပါပြီ
ဦးဝင်း • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပီးနောက်ရက် နွားသေး နွားချေး တမာရွက်ဆေးရည်ဖြန်းလို့ရသလားဗျ အဲ့ဆေးရည်ဖော်စပ်ပီးဘယ်နှစ်ရက်ထိထားသိုနိုင်ပါသလဲဗျ သိချင်ပါတယ်
wai phyo naing • ဖြေကြားချက် 2 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
အညွန့်ကြားပိုးဝင်လို့ဘာဆေးဖျန်းရမလဲ AI ညွန်းပေးပါလားဗျ
ဉီးထွန်း၀င်း • ဖြေကြားချက် 2 ခု
စိုက်ပျိုးရေးတွက်သုံးရေကန်ပါ ငါးထည့်မွေးချင်လို့ဘာငါးမွေးရင်အဆင်ပြေလဲဗျ
ဉီးထွန်း၀င်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026