ထမင်းစားပြီးတိုင်း ရှောင်ကျဉ်ရမည့် အလေ့အထများ
၁။ ဆေးလိပ်မသောက်ရ
ထမင်းစားပြီးပြီးချင်း စီးကရက်တစ်လိပ်သောက်ခြင်းဟာ ၁၀ လိပ်သောက်တာနဲ့ညီမျှတယ်လို့ သက်သေပြထားပါတယ်။ ဒါ့ကြောင့် ဆေးလိပ်အရမ်းသောက်ချင်တယ်ဆိုရင်တောင်မှ အစာစားပြီးချင်း မသောက်သုံးသင့်ပါဘူး။
၂။ အသီး ချက်ချင်းမစားရ
အချို့က ထမင်းစားပြီးရင် အချိုတည်းတဲ့အနေနဲ့ သစ်သီးဝလံတို့ကို ချက်ချင်းစားကြပါတယ်။ အမှန်းတော့ ဒါဟာ ကောင်းတဲ့အလေ့အထတော့မဟုတ်ပါဘူး။ ဝမ်းမှာ လေခံတတ်ပါတယ်။ ဒါ့ကြောင့် ဝမ်းဗိုက် လေထိုးလေအောင့်ဖြစ်ဖို့ ပိုလွယ်ကူပါတယ်။ ထမင်းမစားမီနဲ့ ထမင်းစားပြီး အနည်းဆုံး တစ်နာရီလောက်ခြားပြီးမှ သစ်သီးဝလံစားသုံးဖို့ တိုက်တွန်းထားပါတယ်။
၃။ လက်ဘက်ရည်မသောက်ရ
လက်ဘက်မှာ အက်ဆစ်ဓာတ်ကြွယ်ဝပါတယ်။ ဒါ့ကြောင့် အစာစားပြီး လက်ဘက်ရည်သောက်ရင် စားထားတဲ့အစာများကို ပရိုတိန်းဓာတ်တိုးပွားစေပြီး အစာချေဖျက်ရန် ခက်ခဲသွားပါတယ်။အစာမကြေ၊ ရင်ပြည့်ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပဲဖြစ်ပါတယ်။
၄။ ခါးပတ်မလျော့ရ
အချို့က အစားစားနေတုန်းတော့ ဘာမှမလုပ်ဘဲနဲ့ အစားစားပြီးခါ ခါးပတ်လျော့တတ်ပါတယ်။ ဒါဟာလည်း ကောင်းတဲ့အလေ့အထ မဟုတ်ပါဘူး။ အစာအိမ်နဲ့ အူကို လိမ်စေပြီး အူလမ်းကြောင်းပိတ်တာတွေ ဖြစ်တတ်ပါတယ်။
၅။ ရေမချိုးရ
ထမင်းစားပြီး တကယ် ရေမချိုးသင့်ပါဘူး။ ရေချိုးတဲ့အခါ ခန္ဓာကိုယ်တွင်းကသွေးကို ခြေဖျား၊ လက်ဖျားအပြင် အခြား ခန္ဓာကိုယ်အစိတ်အပိုင်းများဆီ သွေးစီးဆင်းမှုအား ကောင်းစေပါတယ်။ ဒါ့ကြောင့် ဗိုက်ထဲမှာ သွေးနည်းနည်းပဲ ရှိပါတယ်။ အစာချေဖျက်ဖို့ မလုံလောက်တဲ့အတွက် အစာမကြေခြင်းကို ဖြစ်စေမှာဖြစ်ပါတယ်။
၆။ လမ်းမလျှောက်ရ
အစားစားပြီးချင်း လမ်းတစ်ရာလျှောက်ရင် အသက် ၁၀၀ နေရမယ်ဆိုတဲ့ ဆိုရိုးတောင်ရှိခဲ့ပါတယ်။ အမှန်တော့ ဒါဟာလည်း မှားယွင်းတဲ့အလေ့အထတစ်ခုပဲ ဖြစ်ပါတယ်။ လမ်းလျှောက်တဲ့အတွက် စားသုံးလိုက်တဲ့အစားအစာမှ အာဟာရဓာတ်များကို အစာချေဖျက်စနစ်က လုံလောက်စွာစုပ်ယူသွားနိုင်ပါတယ်။ အခြားသောအကျိုးဆက်များလည်း ရှိနေပါသေးတယ်။
၇။ ချက်ချင်းမအိပ်ရ
အစားစားပြီးချင်းလည်း ချက်ချင်းမအိပ်သင့်ပါဘူး။ ချက်ချင်းအိပ်လိုက်ရင် အစာချေဖျက်မှုစနစ်က ကောင်းကောင်းအလုပ်မလုပ်တော့ပါဘူး။ အူလမ်းကြောင်းကိုလည်း သက်ရောက်မှုရှိပါတယ်။ တမ်းထဲကို Gastric acid တိုးစေပါတယ်။
အထက်ပါ ၇ ချက်ကတော့ ခန္ဓာကိုယ်အာာဟာရဓာတ်အတွက် စားသုံးတဲ့အခါတိုင်းမှာ ရှောင်ကျဉ်ရမယ့် လုပ်ဆောင်ချက်များဖြစ်တယ်လို့ သိရပါတယ်။
Source - My Food Myanmar
မဥ္ူထွန်း
လွန်ခဲ့သော ၅ နှစ် ကအစာစားပြီးပါက ဘယ်လိုနေထိုင်ခြင်းက အသင့်တော်ဆုံးနည်းလမ်းလဲဆိုတာညွှန်ပြပေးစေချင်ပါတယ်ရှင့် ဖော်ပြပါအချက်ထဲက လမ်းလျောက်ခြင်း သစ်သီးစားခြင်း ကော်ဖီသောက်ခြင်းတို့ကိုပြုလုပ်နေမိလို့ပါ
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
ဆက်စပ်မေးခွန်းများ
မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ
နံပတ်2 • ဖြေကြားချက် 0 ခု
ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်
Zaw Than Oo • ဖြေကြားချက် 1 ခု
မြေ ph level တိုင်းတာရန် တိုင်းစက်အပြင် အခြား မည်သည့်နည်းလမ်းဖြင့် တိုင်းတာလို့ရနိုင်ပါလဲ ခင်ဗျ
U Soe • ဖြေကြားချက် 1 ခု
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026