ယင်ကောင်နက်(BSF) မွေးမြူရေး (၅)
အညစ်အကြေး လက်ခံရယူခြင်းနှင့် အသုံးပြုရန် ကြိုတင်ပြင်ဆင်ခြင်း
သားလောင်းများသည် အစာများကို စားသောက်ရာတွင် အလွန်ခံနိုင်ရည်ရှိကြသည်။ သို့သော်လည်း ၄င်းတို့အား ကျွေးမွေးသော ဇီဝအညစ်အကြေးများသည် ၄င်းတို့နှင့်သင့်လျော်သည့် အနေအထားရှိရန် လိုအပ်သည်။
BSF နည်းပညာအသုံးပြုရာတွင် သင့်လျော်သော အညစ်အကြေးအမျိုးအစားများ
လေ့လာတွေ့ရှိချက်များအရ အောက်ပါဇီဝအညစ်အကြေးများမှာ သားလောင်းများ ထုတ်လုပ်ရာတွင် အသင့်လျော်ဆုံး ဖြစ်သည် -
(၁) စည်ပင်သာယာထွက် အညစ်အကြေးများ
- စည်ပင်သာယာလုပ်ငန်းများမှ ထွက်ရှိလာသော သြဂဲနစ်အညစ်အကြေးများ
- အစားအသောက်များနှင့် စားသောက်ဆိုင်ထွက် စွန့်ပစ်အညစ်အကြေးများ
- စျေးများမှ ထွက်ရှိလာသည့် စွန့်ပစ်အညစ်အကြေးများ
(၂) စိုက်ပျိုးရေးလုပ်ငန်းထွက် အညစ်အကြေးများ
- စားသောက်ကုန်လုပ်ငန်းထွက် အညစ်အကြေးများ
- အရက်ချက်လုပ်လုပ်ငန်းများမှ ထွက်ရှိလာသော ကောက်ပဲသီးနှံ ဘေးထွက်ပစ္စည်းများ
- သားသတ်ရုံများမှ ထွက်ရှိသည့် အညစ်အကြေးများ
(၃) လူနှင့် တိရစ္ဆာန်မစင်များ
- ကြက်မစင်
- ဝက်မစင်
- လူမစင်
- မိလ္လာအနည်အနှစ်များ
စွန့်ပစ်ပစ္စည်းများ၏ အရည်အသွေး
BSF သားလောင်းများက စွန့်ပစ်ဇီဝအညစ်အကြေးများကို ချေဖျက်နိုင်ခြင်းမှာ symbiotic microorganisms ခေါ် အဏုဇီဝပိုးမွှားများကြောင့် ဖြစ်ပါသည်။ ၄င်းပိုးမွှားများနှင့် BSF သားလောင်းများသည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အကျိုးပြုနေကြပါသည်။
အညစ်အကြေးများအတွင်းမှ သားလောင်းများချေဖျက်ရန် ခက်ခဲသော အစိတ်အပိုင်းများ၊ အာဟာရဓာတ်များကို အဏုဇီဝပိုးမွှားများက ရယူအသုံးပြုကြပါသည်။ ထိုသို့ အဏုဇီဝပိုးမွှားများက ရယူအသုံးပြုခြင်းဖြင့် ယင်းတို့ကို ဖြိုခွဲချေဖျက်ပေးသကဲ့သို့ ဖြစ်သွားစေပါသည်။
အဏုဇီဝပိုးမွှားများက ဖြိုခွဲချေဖျက်ပြီးသား အာဟာရဓာတ်များကို BSF သားလောင်းများက ရယူစားသုံးကြခြင်း ဖြစ်ပါသည်။
BSF သားလောင်းအတွက် အစာအဖြစ် အသုံးပြုမည့် စွန့်ပစ်အညစ်အကြေးများသည် အဓိက အချက် ၃ ချက်နှင့် ပြည့်စုံရန် လိုအပ်ပါသည် -
- စွန့်ပစ်အညစ်အကြေးများသည် သြဂဲနစ်ပစ္စည်းများဖြစ်ရန်လိုအပ်ပြီး ဇီဝနည်းဖြင့် ပြိုကွဲပျက်ဆီးနိုင်သည့် အရာများ ဖြစ်သင့်ပါသည်။
- သင့်လျော်သော အရွယ်အစားဖြစ်ရန် လိုအပ်ပါသည်။
- ရေဓာတ် (အစိုဓာတ်) ၆၀% မှ ၉၀% အထိ ပါဝင်ရပါမည်။
စွန့်ပစ်ပစ္စည်းများ၏ အရည်အသွေးကို ထိန်းချုပ်ခြင်း
BSF စခန်းသို့ ရောက်ရှိလာသည့် အညစ်အကြေးများ၏ အရည်အသွေးကို ထိန်းချုပ်ရာတွင် ပထမအဆင့်အနေဖြင့် သေချာရမည့် အချက်မှာ အညစ်အကြေးများအတွင်း အန္တရာယ်ဖြစ်နိုင်သော အရာများ (hazardous materials) နှင့် အင်သြဂဲနစ်ဓာတုပစ္စည်းများ (Inorganic substances) မပါဝင်ရန် ဖြစ်ပါသည်။
ပလပ်စတစ်အိတ် အနည်းငယ် ပါဝင်ခြင်းမှာ ကြီးမားသော ပြဿနာမရှိဘဲ ယင်းတို့ကို ဖယ်ရှားပစ်နိုင်ပါသည်။
သို့ရာတွင် hazardous materials များမှာမူ သက်ရှိများဖြစ်သည့် သားလောင်းများ၊ ဗက်တီးယားများနှင့် BSF စခန်း တွင် အလုပ်လုပ်ကိုင်ကြသော ဝန်ထမ်းများကို အန္တရာယ်ဖြစ်စေနိုင်ပါသည်။ အက်ဆစ်များ၊ ဓာတုပျော်ရည်များ၊ ပိုးသတ်ဆေးများ၊ အစွန်းချွတ်ဆေးများ၊ heavy metals များသည် hazardous materials များတွင် စာရင်းဝင်ပါသည်။
အထူးသဖြင့် ယင်းတို့သည် အရည်ပုံသဏ္ဍန်ဖြင့် ရှိနေပါက ပို၍ အန္တရာယ်ကြီးပြီး ထုတ်လုပ်မှုဖြစ်စဉ် တလျှောက်လုံးအပေါ် သက်ရောက်မှု ဖြစ်ပေါ်စေပါသည်။ အကယ်၍ ယင်းကဲ့သို့သောပစ္စည်းများ ပါဝင်သည်ဟု သံသယဖြစ်ပါက ရောက်ရှိလာသည့် အညစ်အကြေးများကို အသုံးမပြုဘဲ ဖယ်ရှားပစ်ရပါမည်။
အညစ်အကြေးများ၏ အရည်အသွေးနှင့် ပတ်သက်၍ ဒုတိယအဆင့်အနေဖြင့် ဆောင်ရွက်ရန်မှာ အညစ်အကြေး အစိုင်အခဲများ၏ အရွယ်အစားကို သေးငယ်အောင် ပြုလုပ်ပေးရန် ဖြစ်သည်။ ထိုသို့ပြုလုပ်ရာတွင် စက္ကူဖြတ်စက်ကဲ့သို့ နုတ်နုတ်စင်းနိုင်သည့်စက် (shredder) သို့မဟုတ် ကြိတ်ခွဲစက် (hammer mill) ကို အသုံးပြုနိုင်သည်။
မည်သည့်စက်ကို သုံးသည်ဖြစ်စေ၊ လိုရင်းမှာ အညစ်အကြေးများကို အချင်း ၁-၂ စင်တီမီတာ အရွယ် အစားသို့ ရောက်ရှိအောင် သေးငယ်သွားစေရန်ပင် ဖြစ်သည်။ ထိုသို့ အညစ်အကြေးအစိုင်အခဲများအား သေးငယ်အောင် ပြုလုပ်ပေးခြင်းဖြင့် ဗက်တီးရီးယားများတွယ်ကပ်ရန် မျက်နှာပြင်ကို ပိုမိုကျယ်ပြန့်စေသည်။ အစိုင်အခဲအကြီးများကို ကိုက်ဖျက်စားသောက်ရန် ပါးစပ်အစိတ်အပိုင်းများ မပါဝင်သည့် သားလောင်းများအတွက် အစာစားရန် ပိုမိုလွယ်ကူသွားစေသည်။

အညစ်အကြေးများအား သားလောင်းများဖြင့် ပြုပြင်ထုတ်လုပ်ခြင်း မပြုလုပ်မီ ကြိုတင်ပြင်ဆင်မှုအဖြစ် ကြိတ်ခွဲစက်(hammer mill) ဖြင့် ကြိတ်ခွဲနေပုံ
ကြိတ်ခွဲထားသော အညစ်အကြေးများတွင် ရေဓာတ် ၈၀% အထက် ပါဝင်နေပါက အညစ်အကြေးများသည် မီးဖိုချောင်ရှိ ကြိတ်စက်ဖြင့် ကြိတ်ထားသော သစ်သီးဖျော်ရည်ကဲ့သို့ ဖြစ်နေပါလိမ့်မည်။ ထိုသို့ ဖြစ်နေပါက အညစ်အကြေးများထဲရှိ ရေဓာတ်ကို လျှော့ချရပါမည်။ ပိုမိုခြောက်သွေ့သော အညစ်အကြေးများဖြင့် ရောစပ်ပေးကာ ရေဓာတ် ၈၀% အောက်သို့ရောက်အောင် ဆောင်ရွက်ပေးရပါမည်။
အကယ်၍ အညစ်အကြေးများတွင် ရေပါဝင်မှုမှာ ၇၀% အောက် ရောက်ရှိနေပါက ရေ ထပ်ထည့်ပေးရပါမည်။
သြဂဲနစ်အညစ်အကြေးများ၏ အရည်အသွေးကို BSF စခန်းက လက်ခံပြီးနောက်တွင် ယင်းတို့၏ အလေးချိန်ကို တိုင်းတာသင့်ပါသည်။ ထိုသို့ တိုင်းတာမှသာ BSF စခန်း၏ နေ့စဉ်အညစ်အကြေးသုံးစွဲမှုကို သိရှိနိုင်မည် ဖြစ်ပါသည်။
BSF စခန်းသို့ ရောက်ရှိလာသည့် အညစ်အကြေးများ၏ အလေးချိန်ကို တိုင်းတာရန် အကောင်းဆုံးအချိန်မှာ စက်ဖြင့်ကြိတ်ခွဲပြီး ယာယီသိုလှောင်ထားချိန် ဖြစ်သည်။ အကယ်၍ ရေဓာတ်များလွန်းပြီး ရေဓာတ်လျှော့ရန် လိုအပ်ပါက ရေဓာတ် မလျှော့ချမီနှင့် လျှော့ချပြီးချိန်တွင် အလေးချိန်တိုင်းတာရန် လိုအပ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U Aung Kyaw Moe
လွန်ခဲ့သော ၁ နှစ် ကthanks
ဆက်စပ်မေးခွန်းများ
ဥစားကြက်ကို၁ရက်သားကနေ မီးသွေးနှင့်မီးကိုင်နည်း ဘယ်အချိန် လိုက်ကာအတင်အချက် ဘယ်နှစ်နာရီ မီးကိုင်သင့်လဲ၊ကာကွယ်ဆေးကဘယ်ဆေးသုံးရမလဲ ဘယ်လိုထိုးရမလဲ ပြောပြပေးပါ။
Khin Zar Hlaing • ဖြေကြားချက် 1 ခု
ဥစားကြက်အကောင်ရေ၁၀၀ဆိုရင်ခြံအကျယ်ဝန်ဘယ်လောက်ဆောက်ရလဲ
ကိုသီဟ • ဖြေကြားချက် 1 ခု
မွေးမြူရေးနှင့်ပတ်သက်သောဆေးဝါးများရောင်းချင်လို့ပါရန်ကုန်ကပါ နယ်ဆိုလဲအရောက်ပို့ပေးနိုင်ပါတယ် အဓိကသုံးနိုင်တဲ့တိရစ္ဆာန်တွေကတော့ ဆိတ် နွား မြင်း ဝက် ခွေးဈေးနှုန်းတွေသက်သာပါမယ်ရရှိနိုင်သောဆေးစာရင်းများပို့ပေးပါမယ်ရှင့်ဆက်သွယ်ပေးပါ။09975695505
Myint Myat Tharaphyi Aung • ဖြေကြားချက် 1 ခု
အသားတိုးကကြက်၁၀၀၀အတွက်အစာခွက်ဘယ်လောက်ရေဘူးဘယ်လောက်အသုံးပြုရပါသလဲ
Nyein Nyein chan • ဖြေကြားချက် 1 ခု
ဒေသကြက် အခုမှစမွေးပါမည် ၁၂ပေ×၂၀ပေ အကျယ်ခြံကို အဖတစ်ကောင်နှင့် အမဘယ်နှစ်ကောင်ထည့်ရမလဲခဗျား(လွှတ်မွေးရင် ရောဂါဖြစ်မှာရယ်၊ပြောက်မှာဆိုးလို့ပါ)
Ko Kyi • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)
10/11/2026
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
More from သက်ခိုင်
အားလုံး
စပါးစိုက်တောင်သူတွေကို ဒုက္ခပေးနေတဲ့ ရွှေခရုကို ဘဲစာအဖြစ် ပြောင်းလဲကြမလား?
16/06/2026
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025