ယင်ကောင်နက်(BSF) အတွက်အရေးအကြီးဆုံး မွေးမြူရေးယူနစ်ဖန်တီးခြင်း
BSF မွေးမြူရေး - ၈
BSF သားဖောက်စခန်းတစ်ခုတွင် လုပ်ငန်းယူနစ် ၅ ခု ဖွဲ့စည်းကာ စီမံခန့်ခွဲရန် အကြံပြုထားရာ အရေးအကြီးဆုံးယူနစ်မှာ BSF မွေးမြူရေးယူနစ် (BSF rearing unit) ဖြစ်ပါသည်။ ယင်းယူနစ်တွင် BSF ယင်ကောင်များ၏ ဘဝစက်ဝန်းကို လိုအပ်သလို ထိန်းချုပ်ကာ BSF သားလောင်းများနှင့်၊ သက်ကြီးယင်ကောင်များကို လိုအပ်သလောက် ထုတ်လုပ်ရမည် ဖြစ်သည်။
ဆောင်ရွက်ရမည့် လုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်သည် -
- သက်ကြီးယင်ကောင်များ မိတ်လိုက်နိုင်အောင် လိုအပ်သည့်ပတ်ဝန်းကျင်အခြေအနေများကို ဖန်တီးပေးရမည်။
- ယင်မများ ဥ အုချနိုင်အောင် စီမံဆောင်ရွက်ပေးရမည်။
- ယင်ဥများကို သားလောင်းအဆင့်သို့ ရောက်ရှိအောင် ပြုစုပျိုးထောင်ရမည်။
- သားလောင်းများကို အသုံးပြုကာ စွန့်ပစ်ပစ္စည်းအညစ်အကြေးများကို လျှော့ချမည်။
- သားလောင်းများကို တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်ရေးအတွက် လိုအပ်သည့် ပြုပြင်မှုများဆောင်ရွက်ရန် နောက်ထပ်ယူနစ်များသို့ ပို့ဆောင်ရမည် ဖြစ်သည်။
အထက်ပါလုပ်ငန်းများကို ဟန်ချက်ညီညီ နေ့စဉ်ဆောင်ရွက်နိုင်ရန်အတွက် သက်ကြီးယင်ကောင်မည်မျှဖြင့် သားလောင်းကောင်ရေ မည်မျှထုတ်လုပ်မည်ကို ကြိုတင်စီမံထားရန် လိုအပ်သည်။
နေ့စဉ်သားလောင်းထုတ်လုပ်မှုကို “၅ ရက်သား သားလောင်း (five day old larvae သို့မဟုတ် 5-DOL)” ဖြင့် တိုင်းတာလေ့ရှိသည်။
BSF rearing unit ၏ အဓိကတာဝန်မှာ BSF ယင်ကောင်များ၏ ဘဝစက်ဝန်းရှိ အဆင့်တစ်ဆင့်ချင်းစီကို လူကထိန်းချုပ်ကာ လိုအပ်သလို ထုတ်လုပ်ခြင်းဖြစ်ရာ၊ 5-DOL ထွက်ရှိနှုန်းသည် ယင်းအဆင့်တစ်ဆင့်ချင်းစီရှိ ရှင်သန်နှုန်း (survival rate) များပေါ်တွင် မူတည်သည်။
ဆိုလိုသည်မှာ ယင်မတစ်ကောင်မှ အုချလိုက်သော ဥများအားလုံးမှာ သားလောင်းအဆင့်သို့ ရောက်ရှိနိုင်မည်မဟုတ်ပါ။ အချို့မှာ ပျက်စီးသွားမည် ဖြစ်ပါသည်။ မပျက်စီးဘဲ ကျန်ရှိနေသည့် ယင်ဥများကသာ သားလောင်းအဆင့်သို့ ရောက်ရှိလာမည် ဖြစ်ပါသည်။ သားလောင်းဖြစ်ပြီးနောက် အချို့မှာ သေကြေပျက်စီးသွားမည်ဖြစ်ပါသည်။ ကျန်ရှိသည့် သားလောင်းများကသာ ပိုးရုပ်ဖုံးလောင်းဘဝသို့ ရောက်ရှိနိုင်မည် ဖြစ်ပါသည်။ ပိုးရုပ်ဖုံးလောင်းအချို့သည်လည်း ပျက်စီးသွားမည်ဖြစ်ပြီး ကျန်ရှိ သည့် ပိုးရုပ်ဖုံးများကသာ သက်ကြီးယင်ကောင်ဘဝသို့ ရောက်ရှိလာနိုင်မည် ဖြစ်ပါသည်။
BSF ယင်ကောင်သားလောင်းများဖြင့် ဇီဝအညစ်အကြေးများ ပြုပြင်ထုတ်လုပ်အသုံးချခြင်း - လက်တွေ့ဆောင်ရွက်ပုံအဆင့်ဆင့် (Black Soldier Fly Biowaste Processing: Step-by-Step Guide)” စာအုပ်တွင် ရှင်သန်နှုန်းနှင့် ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံတွင် ဆောင်ရွက်ထားသည့် သုတေသနလုပ်ငန်းမှ ရလဒ်များကို ဖော်ပြထားပါသည်။
ယင်းစာအုပ်၏ အဆိုအရ
- ယင်မတစ်ကောင်သည် ဥ အလုံးရေ ၃၅၀ ခန့် ဥချနိုင်ပါသည်။
- ယင်းတို့အနက် ဥ ၇၀ ရာခိုင်နှုန်း (၂၄၅ ဥ) ကသာ သားလောင်းဘဝသို့ ရောက်ရှိလာမည် ဖြစ်ပါသည်။
- သားလောင်း ၇၀ ရာခိုင်နှုန်း (၁၇၂) ကောင်သာ ဆက်လက်ရှင်သန်ပြီး ပိုးရုပ်ဖုံးဘဝသို့ ရောက်ရရှိနိုင်ပါသည်။
- ပိုးရုပ်ဖိုးများအနက် ၈၀ ရာခိုင်နှုန်း (၁၃၇) ကောင်ခန့်သာ သက်ကြီးယင်ကောင်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။

ပုံ - အင်ဒိုနီးရှား BSF မွေးမြူရေးယူနစ်၏ ထုတ်လုပ်မှုအညွှန်းကိန်း (performance indicator) များ(Source: Black Soldier Fly Biowaste Processing: Step-by-Step Guide)
အဆိုပါ ရှင်သန်နှုန်းရာခိုင်နှုန်းများကို အသုံးပြုကာ 5-DOL ထုတ်လုပ်မှုကို စီမံခန့်ခွဲနိုင်မည် ဖြစ်ပါသည်။ သို့သော် အထက်ဖော်ပြပါရှင်သန်နှုန်းများမှာ အင်ဒိုနီးရှားနိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် သားဖောက်စခန်းမှ ရလဒ်များသာဖြစ်ပြီး သားဖောက်စခန်းတစ်ခုနှင့်တစ်ခုတော့ ကွာခြားချက်များ ရှိနိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ သားဖောက်စခန်း စတင်တည်ထောင်လိုသူများအနေဖြင့် ယင်းကိန်းဂဏန်းများကို ယေဘုယျသဘောအဖြစ် စတင်အသုံးပြုကာ ဆောင်ရွက်နိုင်ပါသည်။
BSF rearing unit တွင် ဆောင်ရွက်ရမည့် လက်တွေ့လုပ်ငန်းများကို အောက်ပါအတိုင်း အစီအစဉ် ချမှတ်နိုင်မည် ဖြစ်ပါသည် -
- ယင်မများက ဥများကို သတ်မှတ်နေရာတစ်ခုတည်းတွင် စုပုံဥချရန် အလွန်အရေးကြီးသည်။ သို့မှသာ ဥများကို ရယူရန် လွယ်ကူစေမည် ဖြစ်သည်။ ထို့ကြောင့် ယင်မများ ဥချရန်အတွက် Eggies ဟု ခေါ်သော ဥကျင်း (medium) ကို ဖန်တီးပေးရမည်။
- ယင်မများ ဥ အုချထားသော Eggie များကို သိမ်းယူပြီးနောက် သားလောင်းခံဗန်း (hatching container) ပေါ်တွင် ထားရှိပေးကာ ဥ မှ သားလောင်းပေါက်လာအောင် ဆောင်ရွက်ရပါမည်။
- သားလောင်းခံဗန်းထဲမှ ရရှိသော 5-DOL သားလောင်းအနည်းငယ် (၂-၅%) ကို BSF မွေးမြူရေးယူနစ်တွင် မျိုးအတွက် ချန်ထားရပါမည်။
- မျိုးအတွက် ချန်ပြီးနောက် ကျန်ရှိနေသည့် 5-DOL များကို သားလောင်းခံဗန်းထဲမှ ဖမ်းယူကာ ရေတွက်ပေးရမည်။ ရရှိသော အရေအတွက်ပေါ်မူတည်၍ သတ်မှတ်ထားသော ပမာဏရှိသည့် အညစ်အကြေးများ (၄င်းတို့အတွက်အစာများ)ထဲသို့ ထည့်ပေးကာ အညစ်အကြေးများအား ပြုပြင်ထုတ်လုပ်သည့်လုပ်ငန်းကို ဆက်လက်လုပ်ဆောင်နိုင်အောင် “BSF အညစ်အကြေးပြုပြင်ထုတ်လုပ်မှု ယူနစ် (BSF waste treatment unit)” သို့ ပို့ဆောင်ရမည် ဖြစ်သည်။
- မျိုးအတွက် ချန်ထားသည့် 5-DOL များကို ပိုးရုပ်ဖုံးနှင့် သက်ကြီးယင်ကောင်များအဖြစ်သို့ ရောက်အောင် ဆက်လက်မွေးမြူရမည်။
- သက်ကြီးယင်ကောင်များကို ဆက်လက်ထိန်းသိမ်းထားပြီး၊ သားလောင်းလိုအပ်ချက်ပေါ်မူတည်၍ မိတ်လိုက်စေခြင်း၊ ဥ အုချစေခြင်းများ ပြုလုပ်စေမည် ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U Aung Kyaw Moe
လွန်ခဲ့သော ၁ လ ကမိမိကိုယ်တိုင် ထောင်ဖမ်းလို့ရယူနိုင်ပါတယ် စာအုပ်ကိုသေချာဒေါင်းလော့လုပ်ပြီး နားလည်သည်အထိ အကြိမ်ကြိမ်ဖတ်ကြည့်စေချင်
လူမုန်း
လွန်ခဲ့သော ၇ လ ကယင်မဲသားလောင်း ဘယ်မှာဝယ်ယူနိုင်တယ်ဆိုတာ ပြောမထားတော့ ကျုပ်တို့က ဘာလုပ်လို့ရမယ်။ဖတ်ရတာမျက်စိညောင်းရုံနဲ့ဘေကုန်ရုံပဲရှိတော့တာပေါ့
U Aung Kyaw Moe
လွန်ခဲ့သော ၁ နှစ် ကတကယ်လုပ်သင့်တဲ့ မွေးမြူရေးစနစ်တခုပါ ပတ်ဝန်းကျင်သန့်ရှင်းရေးအပြင် စွန့်ပစ်ပစည်းတွေမှတဆင့် စိုက်ပျိုးရေးကဏ္ဍမှာ အကျိုးရှိမဲ့ တန်ဘိုးနဲမြေဩဇာ ထုတ်ကုန်ရရှိစေမဲ့အပြင် ငါးမွေးမြူရေးကဏ္ဍအတွက်လည်း အစာကုန်ကျစရိတ်ကို လျှော့ချစေမှာ ဖြစ်တဲ့အပြင် aquaponic စနစ်လေးနဲ့ပါ တွဲပြီးလုပ်မယ်ဆိုရင်တော့ဖြင့် စိုက်/မွေး ကဏ္ဍအပြင် မြေဩဇာထုတ်ကုန်တွေပါ ရရှိစေမှာမို့ အင်မတန်အကျိုးများစေမယ်လို့ ယုံကြည်မိပါတယ်
Pont
လွန်ခဲ့သော ၂ နှစ် ကရန်ကုန်ကပါ ဘယ်မှာဝယ်ရလည်းသိချင်ပါတယ်ရှင့်
mg loon
လွန်ခဲ့သော ၃ နှစ် ကယင်နက် စျေးကွက်လေးရှင်းပြပါ
ဆက်စပ်မေးခွန်းများ
ဥစားကြက်ကို၁ရက်သားကနေ မီးသွေးနှင့်မီးကိုင်နည်း ဘယ်အချိန် လိုက်ကာအတင်အချက် ဘယ်နှစ်နာရီ မီးကိုင်သင့်လဲ၊ကာကွယ်ဆေးကဘယ်ဆေးသုံးရမလဲ ဘယ်လိုထိုးရမလဲ ပြောပြပေးပါ။
Khin Zar Hlaing • ဖြေကြားချက် 1 ခု
ဥစားကြက်အကောင်ရေ၁၀၀ဆိုရင်ခြံအကျယ်ဝန်ဘယ်လောက်ဆောက်ရလဲ
ကိုသီဟ • ဖြေကြားချက် 1 ခု
မွေးမြူရေးနှင့်ပတ်သက်သောဆေးဝါးများရောင်းချင်လို့ပါရန်ကုန်ကပါ နယ်ဆိုလဲအရောက်ပို့ပေးနိုင်ပါတယ် အဓိကသုံးနိုင်တဲ့တိရစ္ဆာန်တွေကတော့ ဆိတ် နွား မြင်း ဝက် ခွေးဈေးနှုန်းတွေသက်သာပါမယ်ရရှိနိုင်သောဆေးစာရင်းများပို့ပေးပါမယ်ရှင့်ဆက်သွယ်ပေးပါ။09975695505
Myint Myat Tharaphyi Aung • ဖြေကြားချက် 1 ခု
အသားတိုးကကြက်၁၀၀၀အတွက်အစာခွက်ဘယ်လောက်ရေဘူးဘယ်လောက်အသုံးပြုရပါသလဲ
Nyein Nyein chan • ဖြေကြားချက် 1 ခု
ဒေသကြက် အခုမှစမွေးပါမည် ၁၂ပေ×၂၀ပေ အကျယ်ခြံကို အဖတစ်ကောင်နှင့် အမဘယ်နှစ်ကောင်ထည့်ရမလဲခဗျား(လွှတ်မွေးရင် ရောဂါဖြစ်မှာရယ်၊ပြောက်မှာဆိုးလို့ပါ)
Ko Kyi • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)
10/11/2026
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
More from သက်ခိုင်
အားလုံး
စပါးစိုက်တောင်သူတွေကို ဒုက္ခပေးနေတဲ့ ရွှေခရုကို ဘဲစာအဖြစ် ပြောင်းလဲကြမလား?
16/06/2026
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025