နို့စားနွား မျိုးကောင်းမျိုးသန့် ရွေးချယ်နည်း
နို့စားနွားမွေးမြူသူများအနေဖြင့် နို့စားနွားမွေးမြူရာတွင် နွားမျိုးကောင်းမျိုးသန့် ရရှိဖို့လည်း အရေးကြီးလှသဖြင့် ရွေးချယ်နည်းကို ဖော်ပြပေးလိုက်ပါသည်။
မြန်မာနိုင်ငံတွင် မွေးမြူလျက်ရှိသော နို့စားနွားမျိုး များမှာ -
၁။ ဖရီရှန်
၂။ ဂျာစီ
၃။ အေရှိုင်းယားတို့ ဖြစ်ကြသည်။
နို့စားနွားမကောင်းများ၏ ပုံသဏ္ဍာန်လက္ခဏာများမှာ-
- နွားမ၏ ခန္ဓာကိုယ်သည် သပ်ပုံသဏ္ဍန်ရှိရပါမည်။
- မျက်လုံးကြည်လင်တောက်ပ၍ ကျန်းမာခြင်းလက္ခဏာဖြစ်သည့် အရည်ရွှန်းလဲ့နေရပါမည်။
- ဦးခေါင်းကျော့ရှင်း၍ ကျယ်သောနှာခေါင်းပေါက် ရှိရပါ မည်။
- ရင်အုပ်ကျယ်၍ နံရိုးများဘေးသို့ ပြန့်ကားနေရပါမည်။
- ကိုယ်ခန္ဓာအလျားနှင့် အမြင့်အနေအထား ကောင်းရပါမည်။
- လည်တံရှည်၍ သွယ်တန်းနေရပါမည်။
- အစားကောင်း၍ အကြမ်းခံနိုင်ပြီး ကိုယ်ခန္ဓာတောင့်တင်းခိုင်မာရပါမည်။
- တစ်နှစ်တစ်သား ပေါက်ရပါမည်။
- နို့အုံကြီးမား၍ နို့သီးများနေရာအမှန်ရှိပြီး နို့အုံသွေးပြန်ကြောတို့ ကြီးရပါမည်။
- နို့ထွက်နေစဥ်ကာလအတွင်း အသားတက်ခြင်း၊ ဝခြင်း မရှိစေရပါ။
- ပျော့ပျောင်းသော အရေပြားရှိရပါမည်။
နို့စားနွားကို မျိုးမြင့်သားစပ်ခြင်း
- မျိုးမြင့်သားစပ်ခြင်းဆိုသည်မှာ နို့ထွက်နှုန်းအသင့်အတင့် ကောင်းမွန်သော ဒေသနွားမများကို နိုင်ငံခြားမျိုးစပ်/မျိုးစစ် နွားသိုးနှင့် သားစပ်ခြင်းကို ဆိုလိုပါသည်။
- ၄င်းဒေသနွားမများကို အရည်အသွေးမြင့်မားသော နိုင်ငံခြားနွားမျိုးချောင်းများ ၁၀၀% (သို့) ၇၅% နှင့် မေထုန်မဲ့သားစပ်ခြင်းများ ဆောင်ရွက်နိုင်ပြီး ပေါက်ပွားလာသော မျိုးစပ်နွားမ များသည် မိခင်ထက်နို့ထွက်နှုန်း ပိုမိုမြင့်မားကြသည်။
- မျိုးရိုးနှင့် ကျွေးမွေးစောင့်ရှောက်မှုပေါ်မူတည်၍ ၅၀% ဖရီရှန်စပ် နွားမဒါန်းသည် နို့ ၅ ပိဿာမှ ၆ ပိဿာအထိ ထုတ်လုပ်နိုင်ပါသည်။
သားစပ်ခြင်း နည်းလမ်းများမှာ -
၁။ မျိုးတူသားစပ်ခြင်း(Pure breeding)
၂။ မျိုးကွဲသားစပ်ခြင်း(Cross breeding)
၃။ မျိုးနည်းသားစပ်ခြင်း(Inbreeding) ဟူ၍ (၃)မျိုး ရှိကြပါသည်။
(အထက်ပါသားစပ်ခြင်းများအား သဘာဝသားစပ်နည်းဖြင့်လည်းကောင်း၊ မေထုန်မဲ့သားစပ်နည်းဖြင့်လည်းကောင်း သားစပ်နိုင်ပါသည်။)
- နွားမဒါန်းတွင် သားစပ်ရန်အကောင်းဆုံးအသက်အရွယ်မှာ ၁၅ လမှ ၁၈ လကြားဖြစ်သည်။
- နွားမတစ်ကောင်၏ မြိုင်ပေါ်ကာလမှာ ၃ ရက်ခန့်ဖြစ်ပြီး မြိုင်ကြားကာလမှာ ၂၁ ရက် ဖြစ်ပါသည်။
- နွားမတစ်ကောင်၏ ဇီးကာလမှာ ၂၈၀ ရက်မှ ၂၈၅ ရက် ဖြစ်ပါသည်။
- နွားကလေးမွေးပြီး ၂ လမှ ၃ လအတွင်း နွားမကြီးအား နောက်တစ်သား စပ်နိုင်ရပါမည်။
- နွားငယ်လေးများကို အသက် ၆ လမှ ၈ လအတွင်း သားခွဲပေးရပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Ko Naing
လွန်ခဲ့သော ၂ နှစ် ကမေထုန် နို့မန်းချနည်း ပြောပြပေးပါ ဆရာ
စောထွန်းစိန်
လွန်ခဲ့သော ၃ နှစ် ကအသားတိုးနွားမွေးမြူရေးအတွက်အခြေခံလိုအပ်ချက်လေးရေးပေးပါခင်ဗျာ
အိုင်ဆူး
လွန်ခဲ့သော ၃ နှစ် ကနို့စားနွားမဘယ်မာရနိူင်လဲဗျ
နေထက်
လွန်ခဲ့သော ၄ နှစ် ကနို့စားနွားဘယ်လိုရောင်းလဲ
သူရိန်
လွန်ခဲ့သော ၄ နှစ် ကဝက်အကြောင်းလေးတင်ထားပါတယ် ရှင်းပြပေးပါဆရာ
ဆက်စပ်မေးခွန်းများ
cpကြက်မွေးချင်ပါတယ်ဗျဘယ်လိုစရမလဲအကြံပေးပါအုံးဗျာ ဘယ်လိုစလုပရင်အဆင်ပြေနိုင်မလဲဗျcpကြက်ကိုလေ
Naing zaw • ဖြေကြားချက် 3 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
ဥစားကြက်စတင်မွေးမြူချင်တာဘယ်ကစရမလဲမသိလို့အကြံလေးပေးပါဦး ခြံငှားမယ်ဆိုလည်းဘေးပတ်ဝန်ကျင်ရဲ့အဆင်ပြေတာဘယ်လိုရှာရမလဲအကြံလေးပေးပါခဗျာ
ဟံ • ဖြေကြားချက် 1 ခု
နွား၀အောင် ဘယ်လို ကျွေးမွေးရပါသလည်းခင်ဗျ
နံပတ်2 • ဖြေကြားချက် 6 ခု
နွားဝယ်လာတာနွားကအစားကောင်းမစားအနည်းငယ်သာစားအစားကောင်းလာအောင်ဝလာအောင်ဘယ်လိုလုပ်ရမလဲဖြေပေးကျပါဗျအစားစားလာအောင်အဓိကရှင်းပြပေးပါဆေးနည်းပြောပေးပါ
zin Phyo naung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
More from ဦးဇော်(dof)
အားလုံး