အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ

အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ

အောက်တိုဘာ ၁၂ ရက် - နေ့လည် ၁၂ နာရီ Meteoblue (ICON Model) ၏ နေ့စဉ်မိုးရေချိန်ပြမြေပုံများ၊ အောက်တိုဘာ ၁၇ ရက်နေ့ လေစီးကြောင်းပြမြေပုံ၊ ထိုင်းမိုးလေဝသဌာန၏ Surface Weather Chart (၁၂ အောက်တိုဘာ) နှင့် Weather Advisory No. 11 (257/2026) တို့အရ အောက်တိုဘာ ၁၂ ရက်မှ ၁၈ ရက်အထိ (၇ ရက်အတွင်း) ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသအခြေအနေ၊ ဘင်္ဂလားပင်လယ်အော် လေဝဲစနစ်အခြေအနေနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ခန့်မှန်းသုံးသပ်ချက်များဖြစ်သည်။

၁။ လေထုအခြေအနေ၊ ဘင်္ဂလားပင်လယ်အော် လေဝဲစနစ်နှင့် မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်မှု

ဘင်္ဂလားပင်လယ်အော် လေဝဲစနစ် အားကောင်းလာမည့် အခြေအနေ

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့မှ စတင်ဖြစ်ပေါ်လာသည့် လေဝဲစနစ်/လေထုအထက်ပိုင်းမှ လေဝဲစနစ် (Cyclonic Circulation) သည် အောက်တိုဘာ ၁၃ မှ ၁၄ ရက်အတွင်း လေဖိအားနည်းရပ်ဝန်း (Low-Pressure Area) အဖြစ်သို့ ပြောင်းလဲလာမည်ဖြစ်ပြီး အနောက်-အနောက်မြောက်ဘက်သို့ ဦးတည်ရွေ့လျားရင်း ပိုမိုအားကောင်းလာကာ အောက်တိုဘာ ၁၅ မှ ၁၇ ရက်အတွင်း ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်း (အိန္ဒိယအရှေ့ဘက်ကမ်းလွန်နှင့် ဘင်္ဂလားဒေ့ရှ် ကမ်းလွန် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း) တွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ပါသည်။

အောက်တိုဘာ ၁၇ ရက် အမြင့်ပေ ၅၀၀၀ ခန့်မှ လေစီးကြောင်းပုံအရ ယင်းမုန်တိုင်း/လေဝဲစနစ်၏ ဗဟိုချက်သည် အိန္ဒိယကမ်းလွန်တွင် ရှိနေမည်ဖြစ်သော်လည်း စိုထိုင်းဆများသော အရှေ့တောင်လေနှင့် အနောက်တောင်လေများကို ဆွဲတင်ပေးခြင်းကြောင့် မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းဒေသများသို့ ရေငွေ့ကြွယ်ဝသော လေပွေလှိုင်းများ အဆက်မပြတ် တိုးဝင်လာမည်ဖြစ်ပါသည်။

 တရုတ်ပြည်မှ လေဖိအားမြင့်စနစ်နှင့် မုတ်သုံမြောင်တန်း (Monsoon Trough)

ထိုင်းမိုးလေဝသဌာန၏ ယနေ့ထုတ်မိုးလေဝသမြေပုံအရ တရုတ်ပြည်မကြီးအထက်မှ လေဖိအားမြင့်စနစ် (1018–1032 hPa)သည် တောင်ဘက်သို့ စတင်သက်ရောက်လာနေပြီး မုတ်သုံမြောင်တန်းကို အရှေ့တောင်အာရှနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းသို့ တွန်းပို့ထားပါသည်။  တရုတ်ပြည်မှ တိုးဝင်လာသော လေအေးများနှင့် ဘင်္ဂလားပင်လယ်အော်မှ ရေခိုးရေငွေ့ကြွယ်ဝသော လေစီးကြောင်းများ ထိတွေ့ဆုံစည်းမှုကြောင့် မြန်မာနိုင်ငံအရှေ့ပိုင်း၊ အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် မိုးတိမ်တောင်များ အားကောင်းစွာ ဖြစ်ထွန်းကာ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများနှင့်အတူ နေရာကွက်ကျား မိုးကြီးနိုင်ပါသည်။

နေ့စဉ် မိုးအား ပြောင်းလဲနိုင်မည့် အခြေအနေ (အောက်တိုဘာ ၁၂ - ၁၈)

အောက်တိုဘာ ၁၂ - ၁၃ ရက် (မိုးပြန်လည် အရှိန်ယူစအချိန်)အတွင်း မြန်မာနိုင်ငံတောင်ပိုင်း (တနင်္သာရီ၊ မွန်၊ ကရင်) နှင့် မြောက်ပိုင်းဒေသအချို့တွင် မိုးအသင့်အတင့် ရွာသွန်းမည်ဖြစ်ပြီး အလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် မိုးတိမ်တောင်များမှ စတင်ရွာသွန်းလာမည်။

အောက်တိုဘာ ၁၄ - ၁၆ ရက် (မိုးအား ပြန်လည်မြင့်တက်နိုင်/ မိုးများနိုင်သည့်ကာလ)အတွင်း ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းစနစ် ပိုမိုအားကောင်းလာမှုနှင့်အတူ စိုစွတ်သော လေပွေလှိုင်းများ တိုးဝင်လာခြင်းကြောင့် တနင်္သာရီ၊ မွန်၊ ကရင်၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ ရှမ်း (တောင်/အရှေ့/မြောက်)၊ မကွေး၊ မန္တလေး၊ စစ်ကိုင်းအထက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေ့စဉ်မိုးရေချိန် အားကောင်းစွာ ပိုမိုမြင့်တက်လာမည်။

အောက်တိုဘာ ၁၇ - ၁၈ ရက် (အနောက်မြောက်ပိုင်း/ကမ်းလွန် မိုးကျန်၊ တောင်ပိုင်း မိုးပြန်ပါးသွားမည့် ကာလ)အတွင်း  လေဖိအားနည်းစနစ် အနောက်မြောက်ဘက်သို့ တဖြည်းဖြည်း ရွေ့လျားသွားသဖြင့် စစ်ကိုင်းတိုင်း၊ ကချင်၊ ချင်း၊ ရခိုင်နှင့် မကွေးတိုင်းတို့တွင် မိုးဆက်လက်အားကောင်းနေမည်ဖြစ်ပြီး တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် မိုးပြန်လည် ပါးသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ - ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် (၇ ရက်အတွင်း) နေ့စဉ် မိုးရေချိန် ခန့်မှန်းချက် ဇယား (mm) (၇ ရက်စာ မိုးရေချိန် စုစုပေါင်း ပမာဏ အနည်း/အများ sorting ပြုလုပ်ထားပါသည်)

မိုးရေချိန် ဆန်းစစ်ချက်၊ မိုးလေဝသနှင့် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်

မိုးအများဆုံး ရရှိနိုင်သည့် ဒေသများ (တနင်္သာရီ၊ ရခိုင်၊ ဧရာဝတီ၊ ကရင်၊ မွန်၊ စစ်ကိုင်းအထက်ပိုင်း၊ ပဲခူးအရှေ့/တောင်၊ ရန်ကုန်) တို့တွင် - ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းစနစ် ပိုမိုအားကောင်းလာမှု မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိနိုင်ခြင်းနှင့် လေစိုဆွဲတင်မှုကြောင့် အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ပါသည်။

သဘာဝဘေးအန္တရာယ် သတိပေးချက်: တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်နှင့် ကရင်/မွန် တောင်ကမ်းပါးယံဒေသများတွင် တောင်ပြိုခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်း အန္တရာယ် မြင့်မားပါသည်။ ဧရာဝတီ၊ ပဲခူးနှင့် ရန်ကုန်တိုင်းဒေသကြီး အနိမ့်ပိုင်းရပ်ကွက်များတွင် မြစ်ရေ/ချောင်းရေ လျှံတက်ခြင်းနှင့် မြေနိမ့်ပိုင်းရေဝပ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မိုးလေဝသ

မိုးလေဝသ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာ ညနေဆေးဖျန်းချင်လို့ ရောဂါကင်းလားကြည့်ပေးပါအူး ညနေ အမိုင်နိုနဲ့မင်းသားဖျန်းချင်တယ်ဆရာ ရှယ်ပီကေပါထည့်ချင်လို့ထည့်လို့ရလားဆရာ အခုဆေးတွေဖျန်းလို့ရလားဆရာ အဲ့ပထမပုံကအသီးတွေက ရှုံ့တွန့်ပီးမှည့်ကုန်လို့ဆရာ အရင် ရှေ့ 10 ရက်လောက် ဂရမ်းဖျန်းထားတယ်ဆရာ

U Yan • ဖြေကြားချက် 2 ခု

ဝါပင် အပေါက်မလှလို့ ဘာဆေး ကောင်းလဲဗျ

ကိုကျော်လေး • ဖြေကြားချက် 3 ခု

တိုင်းရင်းငါး monosex ငါးပြေမနဲ့ ငါးရံ့သားပေါက်များကို ရရှိနိုင်တဲ့ ဈေးနှုန်းနဲ့ မအူပင်အနီးကန်နေရာများနှင့် အခြားမြို့များမှ စိတ်ချရသော အရောင်းအဝယ်လုပ်သူများနှင့် အဆက်အသွယ်ရှိကြလားဗျာ့...တာပေါ်လင်ကန်နဲ့မွေးမြူရန် အားနည်းချက်အားသာချက်များကို ဖြေကြားပေးကြပါဗျာ့

YS • ဖြေကြားချက် 2 ခု

၁၀.လပိုင်းမှာအန်နီညိုရာသီဉတုဆိုတော့သခွားစိုက်လို့ရပါတော့မလားစိုက်ပျိုးရေးပညာရှင်တို့ရေအကြံပေးပါအုံးခုသီးနေတဲ့သခွားပင်တွေလဲနွမ်းနေလို့ပါ

,ရဲ‌ေကျာ် • ဖြေကြားချက် 1 ခု

မင်္ဂလာပါ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Clethodim Ai ကို တင်သွင်းတဲ့ ကုမ္ပဏီ ရှိလား သိပါရစေခင်ဗျာ တကယ်လို့ရှိရင် ဈေးကွက်နာမည်နဲ့ဝယ်ယူနိုင်တဲ့လိပ်စာ သိပါရစေ

ဦးဇော်မျိုးထက် • ဖြေကြားချက် 5 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။