မြန်မာဆိတ်မျိုးများနှင့် သိကောင်းစရာ
ထိန်စမ်းမျိုး
မန္တလေးတိုင်းဒေသကြီး ပုပ္ပါးနယ်တစ်ဝိုက်၊ မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်၊ နတ်မောက်မြို့နယ်များတွင် မွေးမြူလေ့ရှိသည်။
- အလုံးအရပ် ထွားကျိုင်းသည်။
- ကိုယ်လုံးဖြူ၍ ဦးခေါင်းမည်းသည်။
- နှာခေါင်းပိုင်းအမွှေးဖြူတတ်သည်။
- မုတ်ဆိတ်ဖားပြီး နားရွက်ရှည်၍ တွဲလောင်းကျသည်။
- ဦးချို နောက်ဖက်လန်သည်။
- ပျှမ်းမျှကိုယ်အလေးချိန်
အထီး - ၅၀ ကီလို (၃၇ ပိဿာ)
အမ – ၂၉ ကီလို (၂၀ ပိဿာ)
ဂျိတ်နီမျိုး
မန္တလေးတိုင်းဒေသကြီး တံတားဦး၊ စဉ့်ကိုင်၊ ကျောက်ဆည်နယ်တွင် မွေးမြူလေ့ရှိသည်။
- အရွယ်အစားကြီးမားသည်။
- နီညိုရောင်၊ အုန်းခွံရောင်၊ မန်ကျီးစေ့ရောင်ရှိသည်။
- ကိုယ်အလေးချိန်
အထီး - ၅၀ ကီလို (၃၇ ပိဿာ)
အမ – ၄၂ ကီလို (၂၉ ပိဿာ)
ဝေသာလီမျိုး
မကွေးတိုင်းဒေသကြီး ပခုက္ကူ၊ ရေစကြို၊ ပေါက်၊ မြိုင်တစ်ဝိုက်တွင် မွေးမြူလေ့ရှိသည်။
- အလုံးထည်သွယ်ပြီး အမွှေးအရောင်မှာ အညိုရောင် အနက်ဆက်နွယ်သည်။
- ကိုယ်အလေးချိန်
အထီး - ၃၈ ကီလို (၂၄ ပိဿာ)
အမ – ၃၁ ကီလို (၁၉ ပိဿာ)
ဆိတ်အကြောင်း သိကောင်းစရာများ
- ဆိတ်မွေးမြူလျှင် ကုန်းမြင့်သော ဆိတ်ခြံ (သို့) စင်တင်မွေးရမည်။
- ဆိတ်သည် ရေစိုခြင်းကိုကြောက်၍ ခြေအေးမခံနိုင်သော သတ္တဝါဖြစ်သောကြောင့် မိုးရွာလျှင် ခြံသို့ ပြန်ပြေးလေ့ရှိသည်။
- ဆိတ်ကို လွှတ်ကျောင်းမွေးမြူခြင်းဖြင့် ဆီးပင်၊ ခံပင်၊ ဘောစကိုင်း၊ ပါရာမြက်၊ မြေစာမြက်များကိုစား၍ ကိုယ်လက်လှုပ်ရှားမှု ရရှိပါသည်။
- အစာနု၊ ပဲဖတ်၊ ဝါစေ့ဖတ်၊ နှမ်းဖတ်၊ ဆန်ကွဲ၊ ဖွဲနုနှင့် ဖြည့်စွက်စာကျွေးလျှင် ပိုမိုဖြစ်ထွန်းသည်။
မွန်မွန်
လွန်ခဲ့သော ၁ နှစ် ကဆိတ်ကာကွယ်ဆေးစနစ်တကြထိုးနည်းလေးပြောပြပါအုံးဆရာ
အလင်းသစ်
လွန်ခဲ့သော ၆ နှစ် ကနောက်ထပ်တင်းပေးပါဆရာတို့
နည်းပညာမိတ်ဖက်အဖွဲ့
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
၁၉၇၂ ခုနှစ် မတ်လ (၁၅) ရက်မှစ၍ တိရစ္ဆာန်ဆေးကုသရေးဌာနခွဲနှင့် မြေယာ ကျေးလက်ကြီးပွား တိုးတက်ရေးကော်ပိုရေးရှင်း လက်အောက်ရှိ မွေးမြူရေးဌာနခွဲတို့ ပူးပေါင်း၍ တိရစ္ဆာန်ဆေးကုသရေးနှင့် မွေးမြူရေးဦးစီးဌာနအဖြစ် ဖွဲ့စည်းဆောင်ရွက်သည်။ ဖွဲ့စည်းပုံအရ စုစုပေါင်းဝန်ထမ်း (၁၈၅၀) နေရာဖြစ်သည်။ မွေးမြူရေး လုပ်ငန်းကို စီးပွားရေးဆန်ဆန်ဆောင်ရွက်နိုင်ရန်အတွက် ၁၉၇၆ ခုနှစ်၊ ဧပြီလတွင် တိရစ္ဆာန် ဆေးကုသရေးနှင့် မွေးမြူရေး ဦးစီးဌာနမှခွဲထွက် ၍ မွေးမြူရေးလုပ်ငန်း ကော်ပိုရေးရှင်း (မွေးမြူရေး၊ အစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်း) ကို သီးခြားဖွဲ့စည်းခဲ့သည်။ (၁၅-၃-၁၉၈၃) ရက်တွင် လယ်ယာနှင့်သစ်တောဝန်ကြီးဌာနမှခွဲထွက်၍ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနအဖြစ် သီးခြားဖွဲ့စည်းခဲ့သည့်ရက်မှ စတင်ပြီး ဤဦးစီးဌာနကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဟု အမည်ပြင်ဆင်သတ်မှတ်ခဲ့ပါ သည်။ (၂၈-၆-၂၀၀၇)ရက်တွင် ကျင်းပသောနိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၉/၂၀၀၇) မှ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်အောက်တွင် ပျားလုပ်ငန်းဌာနကို သွတ်သွင်း ဖွဲ့စည်းရန် သဘောတူ ခွင့်ပြုချက်အရ ပျားလုပ်ငန်းဌာနမှ အရာထမ်း (၈၂) ဦး၊ အမှုထမ်း (၃၄၁) ဦး စုစုပေါင်း (၄၂၃) ဦးနေရာသွတ်သွင်း၍ ဦးစီးဌာနအား အရာထမ်း (၄၉၀) ဦး၊ အမှုထမ်း (၃၂၂၅) ဦး စုစုပေါင်း (၃၇၁၅) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
ဥစားကြက်စတင်မွေးမြူချင်တာဘယ်ကစရမလဲမသိလို့အကြံလေးပေးပါဦး ခြံငှားမယ်ဆိုလည်းဘေးပတ်ဝန်ကျင်ရဲ့အဆင်ပြေတာဘယ်လိုရှာရမလဲအကြံလေးပေးပါခဗျာ
ဟံ • ဖြေကြားချက် 1 ခု
နွား၀အောင် ဘယ်လို ကျွေးမွေးရပါသလည်းခင်ဗျ
နံပတ်2 • ဖြေကြားချက် 6 ခု
နွားဝယ်လာတာနွားကအစားကောင်းမစားအနည်းငယ်သာစားအစားကောင်းလာအောင်ဝလာအောင်ဘယ်လိုလုပ်ရမလဲဖြေပေးကျပါဗျအစားစားလာအောင်အဓိကရှင်းပြပေးပါဆေးနည်းပြောပေးပါ
zin Phyo naung • ဖြေကြားချက် 3 ခု
ဝက်ဝယ်သူတွေမရှိတာဆိုးတယ်နော် ရှိတော့လည်း စျေးနှိမ်ကျတယ် တကယ်အစစ်အမှန်ကုန်သည်နဲ့တွေကျတယ် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် တိုက်စွန်းအောက်အင်းကျေးရွာ အောက်အင်းကျေးရွာကပါ ကူညီကြပါအုန်း အဆက်အသွယ်ကောင်းတွေနဲ့
Han Min Htut • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
အားလုံး
ခိုင်းနွားမွေးမြူရေး
23/09/2020
ကြက်ငှက်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်
13/07/2020
တိုင်းရင်းကြက်မွေးမြူရေးရုံ ပြင်ဆင်ခြင်း
05/06/2020
သားစပ်ရန်အကောင်းဆုံးအချိန်ကို သားစပ်ချိန်ပြပေတံအသုံးပြု၍ တွက်ချက််ခြင်း
05/06/2020
တိရစ္ဆာန်၊ တိရစ္ဆန်ထွက်ပစ္စည်းများကို တင်သွင်းရာ၌ ပြုလုပ်ရမည့်လုပ်ငန်းစဉ်များ
19/05/2020