အသားစားနွားများ ကြီးထွားမှုနှေးကွေးရခြင်း အကြောင်းရင်း
အသားစားနွားများ ကြီးထွားမှုနှေးကွေးခြင်းများ ဖြစ်လာပါက အောက်ပါအကြောင်းအရင်းများကို သတိပြုပါ။
အမဲသားစျေးကွက်အလားအလာ ပိုမိုကောင်းမွန်လာသည်နှင့်အမျှ ပိုမိုများပြားသော မွေးမြူရေးလုပ်ငန်းရှင်များက အသားစားနွားများ မွေးမြူလိုလာကြသည်။ သို့သော် အချို့မွေးမြူသူများက မိမိမွေးမြူသော နွားမှာ ကြီးထွားမှု နှောင့်နှေးနေသည်ဟု ထင်မြင်ကြသည်။
ဤသည်မှာ အဘယ်ကြောင့်နည်း?
၁။ ကျွေးစာ အများအပြားကျွေးမိခြင်း
နွားစျေးကောင်းမွန်ပြီး ကောင်းမွန်သော စျေးကွက်အခြေအနေကို အမီမလိုက်နိုင်မည်ကို စိုးရိမ်သည့်အပြင် မိမိ၏ နွားများ ကျွေးစာများများ စားသုံးပြီး အသားများများထွက်ရန် မျှော်လင့်သောကြောင့် အရည်အသွေးမြင့်ကျွေးစာများကို ပိုမိုထည့်ကျွေးလေ့ရှိပါသည်။ အကယ်၍ နွားကို ရုတ်တရက် ကျွေးစာပမာဏ တိုးမြှင့်လိုက်ပါက အသားစားနွားများ အရည်အသွေးမြင့် ကျွေးစာ အများအပြားစားသုံးခြင်းကြောင့် အစာအိမ်လေထိုးခြင်း၊ အက်ဆစ်အဆိပ်တက်ခြင်းစသည့် အစာချေစနစ်ရောဂါများ ဖြစ်ပွားတတ်ပါသည်။ ဤသည်မှာ အသားစားနွား၏ကြီးထွားမှုအပေါ် အဟန့်အတားဖြစ်စေပါသည်။
၂။ နွားအမျိုးအစားကြောင့် ဖြစ်ခြင်း
မတူညီသော နွားအမျိုးအစားများ၏ အလေးချိန်တိုးနှုန်း၊ အရွယ်အစား၊ အသားထွက်နှုန်း၊ ကျွေးစာပြောင်းလဲနှုန်းနှင့် ကျွေးမွေးကာလစသည့် အခြေအနေများ မတူညီကြသောကြောင့်ဖြစ်သည်။
၃။ ပိုးသတ်ခြင်း
ကပ်ပါးကောင်များသည် အသားစားနွားကြီးထွားမှုကို နှောင့်နှေးစေပြီး အခြားရောဂါများလည်း ရရှိစေတတ်သည်။ ထို့ကြောင့် အသားစားနွားအား လျင်မြန်စွာကြီးစေလိုလျှင် သန်ချဆေးကို သင့်လျှော်စွာအသုံးပြုရမည်။ နွားမွေးမြူရေး ခြံများတွင် နည်းစနစ်ကျစွာ သန်ချလုပ်ငန်းငန်းစဉ်သည် မရှိမဖြစ် လိုအပ်လှသည်။
၄။ ရောဂါဖြစ်ပွားမှုများခြင်း
အသားစားနွား ဝဖြိုးစေချိန်ကာလတွင် ရောဂါဖြစ်ပွားမှုများသော နွားမွေးမြူရေးခြံတွင် နွား၏ပျှမ်းမျှအလေးချိန် တိုးမြှင့်နှုန်းမှာ မလျင်မြန်ပါ။ အဘယ်ကြောင့်ဆိုသော် ရောဂါဖြစ်ပွားချိန်တွင် နွားသည် အလေးချိန်တိုးမြင့်မည် မဟုတ်သည့်အပြင် အလေးချိန်ပင် လျော့ကျသွားနိုင်ကြောင်း သိရပါသည်။
Ref: www.cnhnb.com မှကောက်နှုတ် ဖော်ပြပါသည်။
လင်းနိုင်
လွန်ခဲ့သော ၃ နှစ် ကနွားမွေးမြူရေးကို ဘယ်လိုပုံစံနဲ့ စမွေးသင့်ပါသလဲခင်ဗျ
ဝေယံထွန်
လွန်ခဲ့သော ၄ နှစ် ကပုဇွန်အရှင်လိုချင်တယ်ဝယ်မယ်
ဝေယံထွန်
လွန်ခဲ့သော ၄ နှစ် ကhi
ဝေယံထွန်
လွန်ခဲ့သော ၄ နှစ် ကhu
ဆက်စပ်မေးခွန်းများ
cpကြက်မွေးချင်ပါတယ်ဗျဘယ်လိုစရမလဲအကြံပေးပါအုံးဗျာ ဘယ်လိုစလုပရင်အဆင်ပြေနိုင်မလဲဗျcpကြက်ကိုလေ
Naing zaw • ဖြေကြားချက် 3 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
ဥစားကြက်စတင်မွေးမြူချင်တာဘယ်ကစရမလဲမသိလို့အကြံလေးပေးပါဦး ခြံငှားမယ်ဆိုလည်းဘေးပတ်ဝန်ကျင်ရဲ့အဆင်ပြေတာဘယ်လိုရှာရမလဲအကြံလေးပေးပါခဗျာ
ဟံ • ဖြေကြားချက် 1 ခု
နွား၀အောင် ဘယ်လို ကျွေးမွေးရပါသလည်းခင်ဗျ
နံပတ်2 • ဖြေကြားချက် 6 ခု
နွားဝယ်လာတာနွားကအစားကောင်းမစားအနည်းငယ်သာစားအစားကောင်းလာအောင်ဝလာအောင်ဘယ်လိုလုပ်ရမလဲဖြေပေးကျပါဗျအစားစားလာအောင်အဓိကရှင်းပြပေးပါဆေးနည်းပြောပေးပါ
zin Phyo naung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
More from ဦးဇော်(dof)
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....