မွေးမြူရေးအစာကုန်ကြမ်းတွေ ပြည်ပက ဘာကြောင့်တင်သွင်းနေရတာလဲ..?
မွေးမြူရေးလုပ်ငန်းမှာ အစာဖိုးကုန်ကျစရိတ်ဟာ ထုတ်လုပ်မှု စုစုပေါင်းရဲ့ ၇၀% ရှိပါတယ်။ ဒီလို အစာဈေးနှုန်းမြင့်မားလာခြင်းကြောင့် မွေးမြူရေးထုတ်ကုန် အသား၊ နို့၊ ဥ တွေရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်ကို မြင့်တက်စေပါတယ်။
မွေးမြူရေးအစာဈေးနှုန်းတွေ မြင့်တက်လာရတဲ့အကြောင်းအရင်းတွေထဲက တစ်ခုကတော့ အစာကုန်ကြမ်းအမယ် တချို့ကို ပြည်ပကနေ တင်သွင်းရတာဆိုတော့ ငွေလဲနှုန်းမြင့်တက်ချိန်မှာ အဲဒီကုန်ကြမ်းတွေရဲ့ ဈေးနှုန်းကပါ ငွေလဲနှုန်းနဲ့အတူ ခေါက်ချိုးညီ လိုက်ပါ မြင့်တက်လာခြင်းပါပဲ။
ဒီပြဿနာကို ဖြေရှင်းဖို့ စဉ်းစားတဲ့အခါ ပြည်ပက အစာကုန်ကြမ်းတွေမတင်သွင်းဘဲ ပြည်တွင်းက ထွက်ရှိတဲ့ အစာကုန်ကြမ်းတွေကိုပဲ သုံးလို့မရဘူးလား ဆိုတဲ့ မေးခွန်းထွက်လာပါတယ်။ အဲဒီ မေးခွန်းအတွက် အဖြေရှာဖို့ အချက်အလက်တချို့ကို တင်ပြလိုပါတယ်။
(၁) မွေးမြူရေးအစာ ပိုမိုလိုအပ်လာခြင်း
ပထမဆုံး သိထားရမယ့်အချက်က လွန်ခဲ့တဲ့အနှစ် ၃၀ အတွင်း မြန်မာ့မွေးမြူရေးကဏ္ဍဟာ အရှိန်အဟုန်ပြင်းစွာနဲ့ ဖွံ့ဖြိုးတိုးတက်လာခဲ့တာကြောင့် ပြည်တွင်းမှာထွက်ရှိတဲ့ အစာကုန်ကြမ်းတွေဟာ မွေးမြူရေးကဏ္ဍအတွက် လုံလောက်မှု မရှိနိုင်ဘူး ဆိုတဲ့အချက်ပါ။
၁၉၉၀ ဝန်းကျင်က မြန်မာ့လူဦးရေဟာ သန်း ၄၀ ခန့်ပဲ ရှိပါတယ်။ အဲဒီကာလက အခြေခံလူတန်းစားတွေအတွက် အကောင်းဆုံး၊ ဈေးအကြီးဆုံး ဟင်းလျာက ကြက်သားဟင်း ဖြစ်ပါတယ်။ ကလေးငယ်တွေ ကျောင်းကို ထမင်းချိုင့်ယူလာတဲ့အခါ ကြက်သားဟင်း ပါလာတဲ့သူဟာ သိပ်မျက်နှာပန်းလှပါတယ်။ အဲဒီကာလက ရုံးဝန်ထမ်းတွေလည်း ရက်အတော်များများ ကြက်သားဟင်းနဲ့ ထမင်းချိုင့် ထည့်လာနိုင်ရင် အတော်အဆင်ပြေတဲ့သူအဖြစ် သတ်မှတ်နိုင်ကြပါတယ်။ အကြောင်းကတော့ အသားဓာတ် ထုတ်လုပ်မှုကနည်းပြီး ဈေးက ကြီးနေလို့ပါ။
အခုကာလမှာ နိုင်ငံလူဦးရေ ၅၅ သန်းရှိတယ်လို့ ခန့်မှန်းပါတယ်။ လူတစ်ယောက်ချင်း အသားစားနှုန်းက ၁၉၉၀ ဝန်းကျင်နဲ့ နှိုင်းယှဉ်ရင် အများကြီး ပိုမြင့်လာပါတယ်။ အရင်က ကြက်သားကို ဟင်းလျာအဖြစ်သာ ချက်ပြုတ်စားပေမယ့် အခုနောက်ပိုင်း ကြက်ကြော်၊ ကြက်ကင် စတာတွေကို သွားရည်စာလို ဝယ်စားလာကြပါပြီ။ ဒါဟာ မွေးမြူရေးကဏ္ဍက တိုးထုတ်ပေးလာလို့ ဖြစ်ပါတယ်။
၁၉၉၀ မတိုင်မီက မြန်မာနိုင်ငံမှာ အသားတိုးကြက်ရယ်လို့ မရှိပါဘူး။ အခုတော့ တစ်နှစ်ကို အသားတိုးကြက် အကောင်ရေ သန်း ၁၈၀ လောက် မွေးမြူရေးကဏ္ဍက ထုတ်လုပ်ပေးနေပါတယ်။ ရက်သတ္တပတ် တစ်ပတ်ကို အသားတိုးကြက်ကောင်ရေ ၃ သန်း ထုတ်လုပ်တဲ့သဘောပါ။ အသားတိုးကြက်တစ်ကောင်ကို တစ်ပိဿာ ငါးဆယ်ကျပ်သားနဲ့ တွက်ရင် တစ်နှစ်ကို ကြက်အရှင် ပိဿာချိန် သန်း ၂၇၀ မွေးမြူပေးရတဲ့ သဘော ဖြစ်ပါတယ်။ အဲဒီပမာဏ မွေးမြူဖို့ဆိုရင် အစာ ပိဿာချိန် သန်း ၄၅၀ ကျော် လိုအပ်ပါတယ်။ မက်ထရစ်တန်ချိန် ၇ - ၇.၅ သိန်း လောက် လိုအပ်တာပါ။ ဒါက အသားတိုးကြက် တစ်မျိုးတည်းအတွက် လိုအပ်ချက် ဖြစ်ပါတယ်။
ဥစားကြက်၊ ဝက်၊ နွား၊ သိုး၊ ဆိတ် စသည်ဖြင့် အခြားသော မွေးမြူရေးတွေအတွက်ပါ ထည့်သွင်းတွက်ချက်ရင် တစ်နှစ်ကို အစာတန်ချိန် ၃ သန်း ဝန်းကျင် ထုတ်လုပ်ဖို့ လိုအပ်ပါတယ်။
ဒီအတွက် ကုန်ကြမ်းတွေ ပိုမိုလိုအပ်လာတာဟာ အဆန်းတကြယ် ကိစ္စဟုတ်ပါဘူး။

(၂) အရည်အသွေးမြင့်တဲ့ အစာကုန်ကြမ်း လိုအပ်ခြင်း
ဒေသကြက်မျိုးတွေကိုမွေးမြူချိန်က မိသားစုတစ်စု စားလောက်တဲ့ အသား၊ ဥ တွေရဖို့ အချိန်အကြာကြီး မွေးမြူရပါတယ်။ "ကြက်မကိုးကောင်၊ ကိုးလ ရှောင်" ဖို့တောင် တိုက်တွန်းခဲ့ကြပါတယ်။ ဒီတော့ ဆန်ကွဲလေး၊ ဖွဲလေး ပက်ကျွေးပြီး မသေရုံတမည် လွှတ်ကျောင်းပြီး မွေးထားလို့ရပါတယ်။
ခေတ်သစ်မွေးမြူရေးမှာတော့ အသားတိုးကြက်တစ်ကောင်ဟာ အချိန် ၆ ပတ်မတိုင်မီမှာ ကြက်သား တစ်ပိဿာခွဲ ထုတ်လုပ်ပေးနိုင်ပါတယ်။ သူတို့ရဲ့မျိုးဗီဇကို အဆင့်မြှင့်တင်ထားလို့ပါ။ ဒါပေမယ့် မျိုးဗီဇမြင့်တိုင်း ကြက်က အလိုအလျောက် မကြီးပါဘူး။ ထုတ်လုပ်နိုင်စွမ်းနဲ့ ကိုက်ညီတဲ့ အစာအာဟာရ ကို အပြည့်အဝ ပေးရပါတယ်။ ဒါကြောင့်ဘအရည်အသွေးမြင့်တဲ့ အစာကုန်ကြမ်း လိုအပ်ပါတယ်။
အထင်ရှားဆုံး သာဓက က ပဲပုပ်ဖတ်ပါ။
အရင်က မွေးမြူရေးကဏ္ဍ အခုလောက် မဖွံ့ဖြိုးသေးချိန်၊ တိရစ္ဆာန်အစာစပ်တဲ့အခါ အသားဓာတ် အရင်းအမြစ်အဖြစ် ပြည်တွင်းကထွက်တဲ့ ပဲဖတ်၊ နှမ်းဖတ် တွေကို သုံးခဲ့ပါတယ်။ အခုတော့ သိပ်မသုံးဘဲ ပြည်ပက တင်သွင်းတဲ့ ပဲပုပ်ဖတ် ကို အဓိကထား သုံးပါတယ်။
တင်သွင်းဖို့ ဖြစ်လာရတဲ့ ပထမတစ်ချက်က ပဲဖတ်၊ နှမ်းဖတ် ထွက်ရှိမှုက မွေးမြူရေးအစာမှာ လိုအပ်တဲ့ ပမာဏရဲ့ ၁၀% လောက်ပဲ ရှိပါတယ်။ ဒါကြောင့် မလောက်ပါဘူး။ ပြည်ပက တင်သွင်းရပါတယ်။
အဲဒီမှာ ပဲပုပ်ကို တွေ့တာပါပဲ။
ပဲပုပ်ဖတ်က ပဲဖတ်၊ နှမ်းဖတ်ထက် အသားဓာတ် ပါဝင်မှု ပိုများပါတယ်။
အသားဓာတ်ကို ခြေဖျက်လိုက်ရင် အမိုင်နိုအက်ဆစ်တွေ ရလာပါတယ်။ အဲဒီ အမိုင်နိုအက်ဆစ်ကို တိရစ္ဆာန်တွေက အသုံးပြုရတာပါ။
ပဲပုပ်ဖတ်မှာပါတဲ့ အမိုင်နိုအက်ဆစ်က ပဲဖတ်၊ နှမ်းဖတ်မှာပါတဲ့ အမိုင်နိုအက်ဆစ်ထက် အမျိုးအစား ပိုစုံပါတယ်။ တိရစ္ဆာန်တွေရဲ့ ထုတ်လုပ်မှုကောင်းမွန်ရေးအတွက် အဓိကကျတဲ့ အမိုင်နိုအက်ဆစ်အမျိုးအစားတွေရဲ့ ပမာဏလည်း ပိုများများ ပါဝင်ပါတယ်။
ပဲပုပ်ဖတ်က ဈေးအနည်းငယ် ပိုကြီးသည့်တိုင်အောင် ပဲဖတ်၊ နှမ်းဖတ်တွေလို အမိုင်နိုအက်ဆစ် ဖြည့်စွက်ဆေးတွေ ထပ်ဖြည့်ရတာမျိုး နည်းတာမို့ အဲဒီကုန်ကျစရိတ်ကို ပြန်ပြီး လျှော့ချနိုင်ပါတယ်။
ဒါကြောင့် ပဲပုပ်ဖတ်ကို တင်သွင်း နေရတာပါ။
(ဆက်လက်ဖော်ပြပါမည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဒေါ်သိန်းကြယ်
လွန်ခဲ့သော ၃ နှစ် ကပဲပုပ်စိတ်တောင်သူတွေကဆေးကောင်ရနိုင်မလာ
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from သက်ခိုင်
အားလုံး
စပါးစိုက်တောင်သူတွေကို ဒုက္ခပေးနေတဲ့ ရွှေခရုကို ဘဲစာအဖြစ် ပြောင်းလဲကြမလား?
16/06/2026
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025