ဒေသကြက်ကို စီးပွားဖြစ်ပုံစံနဲ့ မွေးမြူလာတဲ့ အာရှဒေသ (အပိုင်း ၁)
ဒေသကြက်၊ တိုင်းရင်းကြက်စသည်ဖြင့် နာမည်အမျိုးမျိုးနဲ့ ခေါ်ဝေါ်ကြပေမယ့် သေချာတာကတော့ အဲဒီကြက်တွေကို ကျေးလက်ဒေသတွေမှာ အိမ်ထောင်တစ်စုချင်းစီက ဟင်းစားအတွက် မွေးမြူကြတာမျိုးကိုသာ အဓိကတွေ့ကြရပါတယ်။
မြန်မာပြည်မှာတော့ အဲဒီကြက်တွေကို "ဗမာကြက်" လို့လည်း ခြုံငုံခေါ်ဝေါ်တတ်ကြပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ဥစားကြက်၊ အသားတိုးကြက်စတဲ့ စီးပွားဖြစ် မွေးမြူရေးခြံကြီးတွေနဲ့ မွေးမြူရတဲ့ နိုင်ငံခြား ကြက်မျိုးတွေနဲ့ ခွဲခြားဖို့ပါ။ အဲဒီ ထုတ်လုပ်မှုမြင့်မားတဲ့ နိုင်ငံခြားကြက်မျိုးတွေကိုတော့ ခြုံပြီး ဘိလပ်ကြက်လို့ ခေါ်ဝေါ်ခဲ့ကြဖူးပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်၊ ဒေသကြက်တွေကို စီးပွားဖြစ်ပုံစံနဲ့ မွေးမယ်ဆိုရင် ဘိလပ်ကြက်တွေလောက် တွက်ချေကိုက်ဖို့ မလွယ်လှပါဘူး။ ဘာကြောင့်လဲဆိုရင် အဲဒီကြက်တွေဟာ ဘိလပ်ကြက်တွေလောက် အစာကနေ အသား၊ ဥ ကို ပြောင်းလဲနှုန်း မကောင်းတာကြောင့်ပါ။ ဒါကြောင့်လည်း ဒေသကြက်တွေကို မွေးမြူတဲ့သူတွေဟာ စီးပွားဖြစ် ဘိလပ်ကြက်တွေလို ခြံကောင်းကောင်း၊ အစာကောင်းကောင်းနဲ့ စနစ်တကျမွေးမြူထားတာမျိုးရှားပြီး၊ ကိုယ့်ရဲ့ ဝန်း ခြံထဲမှာ လွှတ်ကျောင်းထားလိုက်တာသာ များပါတယ်။ လိုအပ်ရင် ဆန်ကွဲ၊ ဖွဲနု စသည်ဖြင့် မိမိရဲ့ လယ်ယာလုပ်ငန်း ခွင်က ထွက်လာတဲ့ စွန့်ပစ်ပစ္စည်းအချို့ကို အစာအဖြစ်နဲ့ ကျွေးမွေးလေ့ ရှိပေမယ့် ဒေသကြက်တွေရဲ့ စားသောက် တဲ့ အစာရာခိုင်နှုန်းအများစုကို သူတို့ကိုယ်တိုင် မြေမှာယက်ပြီး ရှာစားကြရတာများပါတယ်။ ဒါမှလည်း ကုန်ကျစ ရိတ် သက်သာပြီး တွက်ချေကိုက်နိုင်မယ် မဟုတ်ပါလား။ တစ်ဖက်မှာလည်း အဲဒီလို မွေးမြူတာကြောင့် ကောင်ရေ များများ မွေးမြူတာမျိုး မလုပ်နိုင်ပြန်ပါဘူး။
ဒါပေမယ့် ထူးထူးခြားခြား အာရှဒေသမှာ ဒေသကြက်တွေကို စီးပွားဖြစ်ကြက်မွေးမြူရေးပုံစံ နဲ့ မွေးမြူလာကြတယ်လို့ Asia AgriBiz က ဖော်ပြပါတယ်။ စီးပွားဖြစ် အသားတိုးကြက် (broilers) မွေးမြူရေးက ခေတ်မီ နည်းစနစ်တွေကို ရယူပြီး ဒေသကြက်တွေကို တအုပ်တမ မွေးမြူလာကြတယ်လို့ ဆိုထားတာပါ။ အဲဒီလို ခေတ်မီနည်းစနစ်နဲ့ မွေးမြူဖို့ ပြောင်းလဲလာတဲ့ အရှိန်ဟာ နှေးကွေးနေသေးပေမယ့် သေချာပေါက်တော့ အဲဒီလမ်းကြောင်းကို ဦးတည်လာနေတယ်လို့ ဆိုပါတယ်။
အဲဒီလို ပြောင်းလဲလာရခြင်း အကြောင်းအရင်းကတော့ ဈေးကွက်ရှိလာလို့လို့ပဲ ဆိုရမှာပါ။ ဖြည်းဖြည်းခြင်း ကြီးထွားတဲ့ ကြက်ရဲ့ အသားကို ရက်အနည်းငယ်အတွင်း အသားတွေအများကြီးထုတ်လုပ်ပေးတဲ့ အသားတိုးကြက်တွေရဲ့ အသားထက် ပိုပြီး ကြိုက်နှစ်သက်ကြတာကြောင့် ဈေးကြီးပေး ဝယ်စားလာကြခြင်းက အဲဒီလမ်းကြောင်းကို ဦးတည်လာတာ ဖြစ်တယ်လို့ Asia AgriBiz က သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ဒေသကြက်တွေကို မျိုးမြှင့်တင်သားဖောက်ခြင်း၊ ကြက်ခြံစနစ်တကျတည် ဆောက်မွေးမြူခြင်း၊ အာဟာရတွက်ချက်ကျွေးမွေးခြင်းနဲ့၊ မွေးမြူရေးစီမံခန့်ခွဲမှု စနစ်တကျ ဖြည့်ဆည်းပေးခြင်းနဲ့ ကြက်သားတွေကို စက်ရုံမှာ စနစ်တကျ ထုတ်လုပ်ပြီး ဈေးကွက်တင်ရောင်းချခြင်းတွေ တိုးတက်ပြောင်းလဲလာတာ ကို အင်ဒိုနီးရှားနိုင်ငံမှာ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဒေသကြက်မွေးမြူသူများအသင်း ရဲ့ ဥက္ကဌ Ade Zulkarnain (Indonesia’s native poultry farmers association) ရဲ့ အဆိုအရ၊ သူတို့အနေနဲ့ ၂၀၁၂ ခုနှစ်ကတည်းက စတင်ပြီး အဲဒီလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အိမ်နောက်ဖေး ဈေးဆိုင်တည်ဆိုတဲ့အဆင့်ကနေ စီးပွားရေးကဏ္ဍတစ်ရပ်အနေနဲ့ ပေါ်ထွက်လာအောင် သူတို့က ဆောင်ရွက်ခဲ့ပါတယ်။
ဒေသကြက်မွေးမြူရေးကို စီးပွားရေးကဏ္ဍတစ်ရပ်အသွင် ဖွံ့ဖြိုးလာစေဖို့ အဓိကသော့ချက်တွေက ဘာတွေများပါလဲ။ အာရှနိုင်ငံအချို့ရဲ့ အတွေ့အကြုံတွေကနေ လေ့လာကြည့်ရအောင်ပါ။
မျိုးကောင်းမျိုးသန့်
အင်ဒိုနီးရှားမှာ Sentul ၊ Kedu နဲ့ Pelung တို့အပါအဝင် ဒေသကြက်မျိုးတွေ အများအပြား ရှိနေတာက အဲဒီနိုင်ငံမှာ ဒေသကြက်မွေးမြူရေးကဏ္ဍ သီးသန့် ဖွံ့ဖြိုးလာစေဖို့ သော့ချက်ကျတဲ့ အရင်းအမြစ် ဖြစ်ပါတယ်။
အင်ဒိုနီးရှား ပြည်တွင်းမွေးမြူရေးကုမ္ပဏီတွေဟာ နိုင်ငံအတွင်းမှာ ရှိနှင့်ပြီးသား ဒေသကြက်မျိုးတွေကို ထုတ်လုပ်မှုကောင်းလာအောင် စီစစ်ရွေးချယ်ပြီး မျိုးသန့် ထုတ်လုပ်နိုင်ဖို့ ဆောင်ရွက်နေကြပါတယ်။ Putra Perkasa Genetika နဲ့ Intama Taat Anugerah ဆိုတဲ့ ကုမ္ပဏီနှစ်ခုဟာဆိုရင် ဒေသကြက်တွေကို စီးပွားဖြစ် ဥစား ကြက်၊ အသားစားကြက်တွေ မျိုးစပ်သလို၊ ဘိုးဘွားမျိုးရိုး (Grandparent stock – GP)၊ မိဘမျိုးရိုးကြက် (Parent stock – CS) နဲ့ အသားအတွက်ထုတ်လုပ်မယ့်ကြက် (Commercial stock – CS) တွေအဖြစ် အဆင့်ဆင့် ထုတ်လုပ် လာနေပြီ ဖြစ်ပါတယ်။
အင်ဒိုနီးရှား၊ မလေးရှား စတဲ့နိုင်ငံတွေမှာ Kampung ဆိုတဲ့ ဒေသမျိုးရင်းကြက်တွေကို လူကြီုက်များပါ တယ်။ ဒါကြောင့် မျိုးထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ အဲဒီ ကြက်မျိုးရဲ့ ထုတ်လုပ်မှုနဲ့ အရည်အသွေးမြင့်မားလာဖို့အ တွက် ရွေးချယ်သားစပ်တဲ့ လုပ်ငန်းတွေကို အကြီးအကျယ် လုပ်ကိုင်လာကြပါတယ်။ အဲဒီကုမ္ပဏီတွေက မျိုးဗီဇ ပညာရပ်ကို ကျွမ်းကျင်တဲ့ ပညာရှင်တွေကို လခကောင်းကောင်းပေးငှားရမ်းပြီး ဆောင်ရွက်နေတာပါ။
အနှစ်ချုပ်ပြီးပြောရရှင်တော့ ဒေသကြက် မွေးမြူရေးကို စီးပွားရေးကဏ္ဍတစ်ရပ်အဖြစ် ထွန်းကားလာဖို့ဆို ရင် ရှိနေတဲ့ ဒေသကြက်ကို တစ်အိမ်ထောင် ဘယ်နှစ်ကောင်မွေးဆိုပြီး မွေးခိုင်းနေရုံနဲ့ မရပါဘူး။ စီးပွားဖြစ်လောက် အောင် ကောင်းတဲ့ ကြက်မျိုးတွေ ထွက်ပေါလာအောင် ဆောင်ရွက်ဖို့ လိုပါတယ်။ ဒါမှသာ ထုတ်လုပ်မှုကောင်းပြီး စီးပွားရေးအရ တွက်ချေကိုက်နိုင်ပါလိမ့်မယ်။

အသားတိုးကြက်မွေးမြူရေးပုံစံကို အသုံးချခြင်း
မျိုးဘယ်လောက် ကောင်းလာ ကောင်းလာမွေးမြူတဲ့ပုံစံကို စနစ်တကျဖြစ်အောင် မပြောင်းလဲရင် အဆင်မပြေနိုင်ပါဘူး။ ဒေသကြက်ကို စီမံခန့်ခွဲမှုမပါသလောက်နဲ့ လွှတ်ကျောင်းပြီး ရသလောက်ပဲ ယူမယ်ဆိုတဲ့ အဆင့်က နေ စီးပွားဖြစ်ပုံစံ အသားတိုးကြက်မွေးမြူသလို သိပ္ပံနည်းကျ ပြုစုစောင့်ရှောက်ဖို့ အင်မတန် အရေးကြီးပါတယ်။ ဒါမှသာ မျိုးဗီဇက ခွင့်ပြုသလောက် ကြက်တွေက ကြီးထွားနိုင်မှာ ဖြစ်ပါတယ်။ အလွယ်ကူဆုံးနည်းလမ်းကတော့ အသားတိုးကြက် (မြန်မာပြည်မှာ စီပီကြက်လို့ အခေါ်များကြတယ်။) မွေးမြူနည်းစနစ်တွေကို ကိုးကားပြီး အသုံးချဖို့ပဲ ဖြစ်ပါတယ်။ ကိုးကားပြီး အသုံးချတယ်ဆိုတာ၊ ပုံတူကူးယူတာကို ဆိုလိုတာ မဟုတ်ပါဘူး။ အသားတိုးကြက် မွေးမြူနည်းစနစ်တွေကို အခြေခံပြီး ဒေသကြက်တွေနဲ့ ကိုက်ညီတဲ့ ပုံစံရအောင် လိုအပ်သလို ပြုပြင်ဖို့ ဖြစ်ပါတယ်။
အစာ
ဒေသကြက်မွေးမြူရေးကို စီးပွားရေးကဏ္ဍတစ်ရပ်အသွင် ဖွံ့ဖြိုးလာဖို့ အသားတိုးကြက်မွေးမြူရေးရဲ့ မွေးမြူနည်းစနစ်တွေကို မွေးစားယူရမယ် ဆိုပေမယ့် အစာကျွေးတဲ့နေရာမှာတော့ အသားတိုးအစာဝယ်ကျွေးပြီး ဒေသကြက်မွေးမြူတာမျိုး မဖြစ်ဖို့ သတိပြုရပါမယ်။ အသားတိုးကြက်စာဆိုတာ ရက် ၄၀ ဝန်းကျင်မှာ ကြက်သား တစ်ပိဿာခွဲ လောက်ရောက်လာအောင် ကြီးထွားနိုင်တဲ့ အသားတိုးကြက်ရဲ့ မျိုးဗီဇနဲ့ ကိုက်ပြီး ထုတ်လုပ်ထားတာ ဖြစ် ပါတယ်။ ဒေသကြက်တွေဟာ အသားတိုးကြက်တွေလောက် အကြီးမမြန်တာမို့၊ အသားတိုးကြက်စာကျွေးပြီး မွေး လည်း အသားတိုးကြက်တွေလောက် မြန်မြန်ကြီးမှာ မဟုတ်ပါဘူး။ ဒါကြောင့် အသားတိုးကြက်စာ ကျွေးပြီးမွေးရင် ရှုံးဖို့ များပါတယ်။
မိမိမွေးမြူတဲ့ ကြက်နဲ့ ကိုက်ညီတဲ့ အစာအာဟာရ ကို ကျွေးမွေးဖို့ လိုအပ်ပါတယ်။ မိမိတို့ မွေးမြူမယ့် ကြက်မျိုးနဲ့ ကိုက်ညီတဲ့ အစာအာဟာရကို ဖော်ထုတ်ပေးဖို့ က သက်ဆိုင်ရာ အစိုးရဌာနတွေ၊ မျိုးရောင်းတဲ့ ကုမ္ပဏီ တွေရဲ့ တာဝန်ဖြစ်ပါတယ်။
ဆက်လက်တင်ပြပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ArKar Htet
လွန်ခဲ့သော ၂ နှစ် ကမြင်းမူမာ kampungဆိုတဲ့ ကြက်မျိုးဘယ်မာဝယ်ရမလဲ
ဆက်စပ်မေးခွန်းများ
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 1 ခု
ကွမ်းစိုက်ထားတာလသားအရွယ်မှာပဲသေနေတာ ၃လသားရှိပြီ ပင်ခြေနားကနေအဖြူလေးတွေအလုံးတွေကပ်နေပြီးအမြစ်ပုတ်သေနေတာ ဘာလုပ်ရမလဲဗျာ
JohnSaw • ဖြေကြားချက် 1 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ
Nga Chan • ဖြေကြားချက် 3 ခု
ထရိုင်ကိုဒါးမားကို မန္တလေး (သို့မဟုတ်) တံတားဦးအနီးတဝိုက် ဘယ်မှာဝယ်ယသလို့ရလဲသိချင်ပါတယ်ဗျ
Nyan Lwin Tun • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from သက်ခိုင်
အားလုံး
စပါးစိုက်တောင်သူတွေကို ဒုက္ခပေးနေတဲ့ ရွှေခရုကို ဘဲစာအဖြစ် ပြောင်းလဲကြမလား?
16/06/2026
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025