COVID-19 ဖြစ်စဉ်ပေါ်ပေါက်လာပြီးနောက် ငါးသားပေါက်ဈေးနှုန်းများ သိသိသာသာကျဆင်း
COVID-19 ဖြစ်စဉ် ပေါ်ပေါက်လာပြီးသည့်နောက်ပိုင်း၊ ငါးသားပေါက်အရောင်းအဝယ်မပျက်သော်လည်း ဈေးကွက်အတွင်းရှိ ငါးသားပေါက်ဈေးနှုန်းများမှာမူ သိသိသာသာကျဆင်းမှုရှိကြောင်း ငါးသားပေါက်ရောင်းဝယ်သူများထံမှ သိရသည်။
ငါးသားပေါက်က ဝယ်ယူတဲ့သူကတော့ မပြတ်ပါဘူး။ သို့သော် အရင်နှစ်တွေတုန်းကတော့ ဒီထက်ဈေးပိုပြီးရခဲ့တယ်။ မြန်မာနိုင်ငံမှာ COVID-19 နဲ့ကြုံတွေ့လာကြပြီးတဲ့နောက် ငါးသားပေါက်စျေးနှုန်းတွေလည်း ကျဆင်းမှု ရှိလာတာပါ။
ဟု ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ရှိ Ko Nyan ငါးသားပေါက်မျိုးစုံဖြန့်ချိရေးမှ စီမံအုပ်ချုပ်သူ ကိုဉာဏ်လင်းဦး က ပြောသည်။
အိုးမကွာအိမ်မကွာ တစ်နိုင်တပိုင်လုပ်ကိုင်နိုင်သည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် ငါးမွေးမြူရေးလုပ်ငန်းကို မြန်မာနိုင်ငံဒေသအနှံ့အပြားမှ စိတ်ပါဝင်စားလာကြပြီး၊ ငါးသားပေါက်များ မှာယူလာကြသော်လည်း ရန်ကုန်မြို့ရှိ နေရာတော်တော်များများ၊ လမ်းတော်တော်များများတွင် Lock Down ချထားခြင်းကြောင့် ငါးသားပေါက် တင်ပို့မှုအပေါ် သက်ရောက်မှုများ ကြုံတွေ့နေသည်။
အချိန်ကြာကြာ ဆက်လက်မွေးမြူမထားလိုသည့် ငါးသားပေါက်မွေးမြူရောင်းချသူများ (ငါးသားပေါက် ဒိုင်များ) အနေဖြင့် သားပေါက်အရွယ်အစား မကြီးထွားခင်ကာလမှာပင် ရောင်းထုတ်လိုခြင်းကြောင့် ဈေးနှုန်းအနည်းငယ် ကျဆင်းရခြင်းလည်း ဖြစ်သည်။
အခုက ခရမ်းက ရွာတချို့မှာ အပြင်လူ အဝင်လက်မခံဘူး။ အတွင်းလူလည်း အပြင်မထွက်ရဘူး ဆိုတော့ ငါးတောင် မှောင်ခိုသဘောမျိုး ဖြစ်နေပါတယ်။ အဲ့ဒီတော့ အောက်မှာ(ရန်ကုန်တိုင်းရှိ ငါးသားပေါက်ဒိုင်များမှာ) ငါးနည်းနည်းအိုင်နေတယ်။ ဒီအတိုင်း ထပ်မထားချင်သူတွေက ထုတ်ရောင်းကြတာပါပဲ။ ဒါ့ကြောင့် ဈေးက နည်းနည်းကျသွားတာပေါ့။
ဟု ကိုဉာဏ်လင်းဦး က ဆက်လက်ပြောသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ငါးသားပေါက်ဈေးကွက်တွင်း ငါးပြေမ တစ်လက်မခွဲ/(၂) လက်မအရွယ် တစ်ကောင်လျှင် အထိုင်ဈေး (၂၀) ကျပ်၊ ငါးခူ (၂) လက်မ တစ်ကောင်လျှင် အထိုင်ဈေး (၂၅) ကျပ် ဈေးများဖြင့် လက်ကားရောင်းဝယ်ဖောက်ကားနေကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 0 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022