အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Covid-19 Economic Relief Plan အရ ရန်ကုန်တိုင်းအတွက် ငါးသားပေါက် ၁၃၄၆.၅၆ သိန်း နိုင်ငံတော်မှပံ့ပိုးမည်

Covid-19 Economic Relief Plan အရ ရန်ကုန်တိုင်းအတွက် ငါးသားပေါက် ၁၃၄၆.၅၆ သိန်း နိုင်ငံတော်မှပံ့ပိုးမည်

    စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၏ Covid-19 Economic Relief Plan (CERP) အရ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငါးမွေးကန်ဧက ၆၇၃၂၈.၈၉ အား ငါးသားပေါက်ကောင်ရေ သိန်းပေါင်း ၁၃၄၆.၅၆ သိန်းကို နိုင်ငံတော်မှ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ 

အခုလို ထောက်ပံ့ပေးရတာက ကိုဗစ်ကာလမှာ ငါးလုပ်ငန်းတွေ ထိခိုက်နစ်နာမှုတွေကို အထိုက်အလျောက် ဖြေလျော့ပေးနိုင်ဖို့ရယ်၊ ငါးမွေးမြူရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက်ရယ်ပါ။ ၂၀၁၈-၂၀၁၉ မှာ အတည်ပြုထားတဲ့ ငါးမွေးမြူရေးလိုင်စင် ကိုင်ဆောင်ထားတဲ့ ငါးကန်တွေကို တစ်ဧကကို ကောင်ရေ ၂,၀၀၀ နှုန်းနဲ့ ငါးမြစ်ချင်း သားပေါက်တွေ အခမဲ့ထည့်ပေးမှာပါ။ Covid-19 Economic Relief Plan အရ Plan တွေ အများကြီး ရှိတဲ့အနက် ဒါက Plan တစ်ခုပါ။

ဟု ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၏ တိုင်းဦးစီးမှူး ဒေါက်တာ ဒေါ်ယဉ်ယဉ်မိုးက ပြောသည်။

    အဆိုပါ Covid-19 Economic Relief Plan (CERP) အရ ငါးမွေးမြူသူတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို လှော်ကားငါးလုပ်ငန်းစခန်း၌ ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ (၉) ရက်က ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းအတွင်း ငါးမွေးတောင်သူ (၁၀) ဦးထံသို့ ငါးသားပေါက်ကောင်ရေ (၅၀၀,၀၀၀) ကို စတင် လွှဲပြောင်းပေးအပ်ခဲ့သည်။ 

၁ ဒဿမ ၅ လက်မနဲ့အထက် အရွယ်အစားရှိတဲ့ ငါးမြစ်ချင်းသားပေါက်တွေကို ဌာနပိုင် လှော်ကား၊ လေးထောင့်ကန်၊ တွံတေး စခန်းသုံးခုကနေ ကောင်ရေ သိန်းပေါင်း ၃၁၀ ကို အရင်ဖြန့်မယ်။ ကျန်တဲ့ ငါးသားပေါက်ကောင်ရေတွေကိုတော့ တင်ဒါစနစ်နဲ့ခေါ်ယူပြီး ဖြန့်မယ်။ ငါးမြစ်ချင်းက မွေးမြူရလွယ်ကူပြီး ဈေးကွက်လည်းရှိတာကြောင့် အားလုံးကို တညီတညွှတ်တည်း ဖြန့်ဝေပေးရတာပါ။

ဟု ဒေါက်တာ ဒေါ်ယဉ်ယဉ်မိုးက ဆက်လက်ပြောသည်။ 

    ရန်ကုန်တိုင်းအတွင်း ကျန်ရှိနေသေးသည့် ငါးမွေးကန်ဧကများအတွက်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် တင်ဒါခေါ်ယူ၍ ဆက်လက်ထောက်ပံ့ပေးအပ်သွားမည် ဖြစ်သည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)

You

ဆက်စပ်မေးခွန်းများ

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 0 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 1 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း

နံပတ်2 • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။